Home သတင်း NCA အားနည်းချက်အားလုံးကို အမြန်ပြင်ဆင်ရန် ‌ကေအဲန်ယူ ဥက္ကဌ ‌စောမူတူး‌စေးဖိုး တိုက်တွန်း

NCA အားနည်းချက်အားလုံးကို အမြန်ပြင်ဆင်ရန် ‌ကေအဲန်ယူ ဥက္ကဌ ‌စောမူတူး‌စေးဖိုး တိုက်တွန်း

2502

‌အောက်တိုဘာ ၁၅၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

တနိုင်ငံလုံး အပစ်ရပ် စာချုပ် (NCA) အ‌ကောင်အထည်‌ဖော်ရာတွင် အားနည်းချက်များ အားလုံးကို အမြန်ပြင် ဆင်ရန် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ‌နေပြည်‌တော် MC-I ခန်းမ၌ ‌အောက်တိုဘာ ၁၅ ရက်(ယ‌နေ့) နံနက် ၁ဝ နာရီတွင်ပြုလုပ်သည့် NCA ၂ နှစ်‌မြောက်၊ နှစ်ပတ်လည် အခမ်းအနားတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုယ်စား မိန့်ခွန်း‌ပြောဆိုရာတွင် တိုက်တွန်း ‌ပြောကြား လိုက်သည်။

၎င်းက“ အဓိက အားနည်းချက်က JICM အစည်းအ‌ဝေးကို ပုံမှန်‌ခေါ်ယူကျင်းပနိုင်ခြင်းမရှိတဲ့ကိစ္စ ဖြစ်တယ်လို့ မြင်မိပါတယ်။ NCA စာချုပ်အရ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို အ‌ကောင်ထည်‌ဖော်ရာတွင် JICM သည် အမြင့်ဆုံး အစည်း အ‌ဝေး ဖြစ်ပါတယ်။ JICM က JMC နဲ့ UPDJC တို့ကို ဖွဲ့စည်း တာဝန်‌ပေးအပ် ထားတာ ဖြစ်သလို JMC နဲ့ UPDJC တို့မှာ မ‌ဖြေရှင်းနိုင်တဲ့ အ‌ရေးကိစ္စများကို တာဝန်ယူ‌ဖြေရှင်း‌ပေးရမှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် JICM အစည်းအ‌ဝေးဆိုတာ ပြဿနာရှိမှ ကျင်းပတာမျိုး မဟုတ်ဘဲ ၎င်းရဲ့ TOR မှာ ‌ဖော်ပြထားတဲ့ အတိုင်း သုံးလ တကြိမ်ပုံမှန်ကျင်းပရန် လိုအပ်‌ကြောင်း အ‌လေးထားတင်ပြချင်ပါတယ်။ ဒီအားနည်းချက် အားလုံးကို အမြန်ဆုံး ပြင်ဆင်ရန် လိုအပ်တယ်” ဟု မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုသည်။

ထို့အပြင် NCA ထိုးပြီး နှစ်နှစ်အတွင်း အပစ်ရပ်ပူးတွဲ ‌စောင့်ကြည့်‌ရေး ‌ကော်မတီ (JMC) ကိုဖွဲ့စည်းပြီး ပစ်ခတ် တိုက်ခိုက်မှုများကို‌လျှော့ချ နိုင်ခဲ့သလို၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ပူးတွဲ‌ကော်မတီ (UPDJC) ကို ဖွဲ့စည်းပြီး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲအဆင့်ဆင့်ကျင်းပကာ ပြည်‌ထောင်စုသ‌ဘောတူစာချုပ် အစိတ်အပိုင်း ၁၊ သ‌ဘောတူညီချက် ၃၇ ချက်ကို လက်မှတ်ထိုးနိုင်ခဲ့၍ NCA ပါ နိုင်ငံ‌ရေးလမ်းပြ‌မြေပုံ အဆင့် ၅ ကို တက်လှမ်းနိုင်ခဲ့သည် ဟုဆိုနိုင်‌ကြောင်း ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ‌ပြောသည်။

သို့‌သော် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို ကြီးကြပ်လမ်းညွှန်‌ပေးသည့် UPDJC တွင် အားနည်းချက်ရှိ‌နေပြီး နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ မူ‌ဘောင်ကို အပြီးသတ်ပြင်ဆင်‌ရေးဆွဲနိုင်ခြင်းမရှိခြင်း၊ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်များ ပြုလုပ်မည့် ‌ဒေသအလိုက်၊ လူမျိုးအလိုက်၊ အ‌ကြောင်းအရာ အလိုက်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ မကျင်းပနိုင်ခြင်း၊ ပြည်နယ်အချို့တွင် အပစ်ရပ်ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-S ကို မဖွဲ့စည်းနိုင်ခြင်း စသည့် အားနည်း ချက်များရှိ‌နေ‌ကြောင်း ၎င်းက ‌ထောက်ပြ‌ပြောဆိုသည်။

NCA နှင့်ပတ်သက်၍ ‌ဝေဖန်မှုများရှိ‌နေ‌သော်လည်း သတိပြုသင့်သည့် တိုးတက်မှု များစွာရှိကာ NCA လက် မှတ် ထိုးထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများ၏ နယ်‌မြေ‌ဒေသ များတွင် ပဋိပက္ခ ‌လျှော့ချနိုင်ခဲ့ပြီး ‌ဒေသခံ လူထုများ လူမှုဘဝ‌တွေဟာ သိသိသာသာတိုးတက်‌ပြောင်းလဲ လာခဲ့သည်ဟု နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က အခမ်းအနားအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း‌ပြောဆိုသည်။

“ တကယ်‌တော့ NCA ဆိုတာ ကျမတို့ ပြည်‌ထောင်စုရဲ့ အမျိုးသားပြန်လည်သင့်မြတ်‌ရေးရဲ့ စတင်မှုတရပ်လို့ ဆိုနိုင်ပါတယ်။ NCA ဟာ လမ်းဆုံးခရီးမဟုတ်ပါဘူး။ NCA က‌နေနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ တက်လှမ်းမဲ့ ငြိမ်းချမ်း ‌ရေး ညီလာခံတံခါးကို ဖွင့်လှစ်‌ပေးလိုက်ခြင်းဖြစ်တယ်ဆိုတာကို ဒီက‌နေ့ထပ်‌လောင်း‌ပြောကြားလိုပါတယ်” ဟု အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်က ‌ပြောသည်။

ထို့အပြင် တပ်မ‌တော်ကာကွယ်‌ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က NCA ကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး‌ဘောင်ထဲ မကြည့်ဘဲ ပိုမိုကျယ်ပြန့်စွာ ကြည့်ပြီး အချိန်မဆိုင်းဘဲ အားလုံးပါဝင် ‌ဆောင်ရွက်သွားကြ ‌ပေးရန်၊ ဒီမိုက‌ရေစီ‌ဖော်‌ဆောင်‌ရေး ‌ဆောင်ရွက်မှု အားလုံးကို ဥပ‌ဒေနှင့် အညီ‌ဆောင်ရွက်ရန်ှနှင့် ဒီမိုက‌ရေ စီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးတွင် တရားမျှတမှု၊ လွတ်လပ်မှု၊ ညီမျှမှု‌တွေအ‌ပေါ် အ‌ခြေခံပြီး အမျိုးသား အကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အ‌ရေးသုံးပါးကို ‌ရှေ့ရှု‌ဆောင်ရွက်သွားရန် အခမ်းအနားမိန့်ခွန်းတွင် တိုက်တွန်း‌ပြောဆိုသည်။

ယ‌နေ ့ပြုလုပ်သည့် NCA နှစ်နှစ်‌မြောက်နှစ်ပတ်လည် အခမ်းအနားသို့ နိုင်ငံ‌တော်သမ္မတဦး‌ဆောင်သည့် အစိုးရ အဖွဲ့တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကို်င်အဖွဲ့ ‌ခေါင်း‌ဆောင်များနှင့် ကိုယ်စားလှယ်များ၊ တပ်မ‌တော် ကာကွယ်‌ရေး ဦးစီးချုပ်ဦး‌ဆောင်သည့် တပ်မ‌တော်အရာရှိကြီးများ၊ နိုင်ငံတကာ သံတမန်များ အသီးသီး တက် ‌ရောက်ခဲ့သည်။

NCA ကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာ ၁၅ ရက်‌နေ့တွင် လက်မှတ်ထိုးခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ‌အောက်တိုဘာ ၁၅ ရက်‌နေ့တွင် NCA တစ်နှစ်ပြည့် အခမ်းအနားကို ‌နေပြည်‌တော် MCC-I ခန်းမ၌ ကျင်းပခဲ့ဖူးသလို ထိုစဉ်က ‌ကေအဲန်ယူ ဥက္ကဌဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက NCA အ‌ကောင်အထည်‌ဖော်မှု အားနည်းချက်များရှိ‌ကြောင်း ‌ထောက်ပြ‌ပြောဆိုခဲ့ဖူးသည်။