Home သတင်း KPP နှင့် KNP တို့ ‌ပေါင်းစည်း‌ရေး မဖြစ်‌သေးခင်‌ရွေး‌ကောက်ပွဲ ‌နေရာမထပ်‌ရေး ညှိနှိုင်းလုပ်‌ဆောင်မည်

KPP နှင့် KNP တို့ ‌ပေါင်းစည်း‌ရေး မဖြစ်‌သေးခင်‌ရွေး‌ကောက်ပွဲ ‌နေရာမထပ်‌ရေး ညှိနှိုင်းလုပ်‌ဆောင်မည်

2269

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)နှင့် ကရင်အမျိုးသားပါတီ (KNP) တို့ တစ်ပါတီတည်း ‌ပေါင်းစည်း‌ရေး မလုပ်နိုင်‌သေးခင် တူညီသည့် အပိုင်းများ‌ပေါင်းလုပ်မည်ဖြစ်ကာ ‌ရွေး‌ကောက်ပွဲတွင် ‌နေရာမထပ်‌ရေး ညှိနှိုင်း လုပ်‌ဆောင် မည်ဟု နှစ်ဘက် ‌ပြော‌ရေးဆိုခွင့်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသား စည်းလုံး‌ရေးနှင့် ညီညွတ်‌ရေး‌ကော်မတီ (KUPC) က ဦး‌ဆောင်ကာ KPP နှင့် KNP ပါတီတို့ ‌ပေါင်းစည်း‌ရေး‌ဆွေး‌နွေးပွဲကို အင်းစိန်မြို့နယ်၊ ဘူတာရုံလမ်းရှိ်၊ ကွယ်က‌ဘော ‌ဆေးရုံ၊ အစည်းအ‌ဝေးခန်းမ၌ ‌အောက်တိုဘာ ၂၅ ရက် (ယ‌နေ့)တွင် ‌တွေ့ဆုံ‌ဆွေး‌နွေးခဲ့ပြီး ယခုလို သ‌ဘော တူညီခဲ့ခြင်း ဖြစ်သည်။

ယ‌နေ့ပြုလုပ်သည့် ပါတီ‌ပေါင်းစည်း‌ရေး ‌ဆွေး‌နွေးပွဲတွင် ပါတီ နှစ်ခုအ‌နေဖြင့် မ‌ပေါင်းစည်းနိုင်‌သေးမီ တူညီသည့် ကိစ္စရပ် များကို ညှိနှိုင်းလုပ်‌ဆောင်သွားရန်၊ ပါတီ‌ပေါင်းစည်း‌ရေးကိစ္စကို တဖြည်းဖြည်း ဆက်လက်‌ဆောင်ရွက် သွားရန်နှင့် နှစ်ဘက် ပါတီ ကိုယ်စားလှယ်များ နှစ်လတစ်ကြိမ် ပုံမှန်‌တွေ့ဆုံရန် စသည့် အချက် ၃ ချက်ကို အစည်းအ‌ဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ခဲ့‌ကြောင်း ပါတီ နှစ်ခုစလုံး၏ ‌ပြောခွင့်ရသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ ‌ရွေး‌ကောက် ပွဲမှာ ‌နေရာချင်း မထပ်‌အောင်‌ရှောင်ကြမယ်‌ပေါ့၊ အဲ့ဒါက‌တော့ ‌လော‌လောဆယ် တ‌ယောက်နဲ ့ တ‌ယောက် ‌ရှောင်ကြတာ‌ပေါ့၊ လက်‌တွေ့ကြ‌တော့ သူ့ဘက်ကလည်း အဲ့‌နေရာ ကိုအားထားတယ်။ ကိုယ့်ဘက် ကလည်း အဲ့‌နေရာကို အားထားတယ်။ အဲလိုဖြစ်လာခဲ့‌သော် အဲ့ကျမှ ညှိကြမယ်” ဟု ကရင်အမျိုးသားပါတီ ဒုဥက္ကဌ မန်းထိန်ဝင်းစိန်က ‌ကေအိုင်စီ သို့ ‌ပြောသည်။

အဆိုပါ ပါတီ နှစ်ခု ‌ပေါင်းစည်း‌ရေးအတွက် မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ နှစ်ဘက် တာဝန်ရှိသူများ အမြင်မ တူမှုများရှိ‌နေ‌သေးသည့်အတွက် တဖြည်းဖြည်း လုပ်‌ဆောင်သွားရမည့် ကိစ္စဖြစ်‌ကြောင်း နှစ်ဘက်‌သော ပါတီ တာဝန်ရှိသူများက ‌ပြောသည်။

ကရင်ပြည်သူ့ပါတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စော‌စေးဝါးက “ တို့ ကရင်ပြည်သူလူထုရဲ့ ဆန္ဒအတိုင်း ကရင်တစ်ပါတီထဲ ဖြစ်‌ရေးကို တို့လုပ်‌ပေး‌နေတယ်‌လေ။ ဒါ‌ပေမဲ့မူဝါဒ‌ရေးရာ ပိုင်းကျ‌တော့ခက်တယ်။ အမြင်ရယ်၊ ခံစားချက်ရယ်၊ အ‌တွေ့ အကြုံရယ်၊ ‌ခေါင်း‌ဆောင်မှုပိုင်းရယ် သွားဆက်စပ်‌နေတယ်။ တပါတီဖြစ်‌ရေး ကိစ္စက‌လေ ‌တော်‌တော်‌လေးညှိယူရမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KPP နှင့် KNP ပါတီတို့သည် ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ထိပ်တိုက် ဝင်‌ရောက်အ‌ရွေးခံမှုများရှိခဲ့ပြီး ကရင် ပြည် နယ် သံ‌တောင်ကြီးမြို့နယ် ပြည်သူ့လွှတ်‌တော် ကိုယ်စားလှယ်‌နေရာနှင့် ပြည်နယ်လွှတ်‌တော်ကိုယ် စားလှယ်‌နေရာများ ပါတီနှစ်ခု မဲကွဲပြီး NLD က အနိုင်ရရှိသွားခဲ့သည်။

ယ‌နေ ့နံနက် ၁ဝ နာရီမှ ‌နေ့လည် ၁ နာရီထိ ပြုလုပ်သည့် အဆိုပါ ပါတီ နှစ်ခု ‌ပေါင်းစည်း‌ရေး အစည်းအ‌ဝေးသို့ တစ်ပါတီ လျှင် ကိုယ်စားလှယ် ၆ ဦးစီ တက်‌ရောက်ခဲ့ပြီး KUPC ကိုယ်စားလှယ်များလည်း တက်‌ရောက်ခဲ့သလို ၂၀၁၅ ‌ရွေး‌ကောက်ပွဲပြီး‌နောက် ပါတီ ‌ပေါင်းစည်း‌ရေးအတွက် ၇ ကြိမ်ခန့် ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့ခြင်းဖြစ်‌ကြောင်း ပါတီ တာဝန်ရှိသူများထံမှ သိရသည်။