Home သတင်း နိုင်ငံဝန်ထမ်းဦးစား‌ပေး ‌ရွှေဖားစည် အိမ်ရာစီမံကိန်း ၂ ကို စတင်အ‌ကောင်အထည်‌ဖော်‌ဆောက်လုပ်

နိုင်ငံဝန်ထမ်းဦးစား‌ပေး ‌ရွှေဖားစည် အိမ်ရာစီမံကိန်း ၂ ကို စတင်အ‌ကောင်အထည်‌ဖော်‌ဆောက်လုပ်

2285

‌အောက်တိုဘာ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် အစိုးရ၏ပံ့ပိုးမှုဖြင့် ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းမိသားစုများ အိမ်ရာပိုင်ဆိုင်နိုင်‌ရေးအတွက် ဦး စား‌ပေးကာ အရစ်ကျဝယ်ယူနိုင်မည့် တန်ဖိုးသင့် ‌ရွှေဖားစည်အိမ်ရာ ၂ စီမံကိန်းကို UHM ကုမ္ပဏီမှ တာဝန်ယူကာ စတင် အ‌ကောင် အထည်‌ဖော်လုပ်‌ဆောင်‌နေပြီဖြစ်‌ကြောင်း သိရသည်။
ဖားအံမြို့ ၊ အမှတ် ၅ ရပ်ကွက် အထက (၃) အထက်တန်း‌ကျောင်း အ‌နောက်ဘက်‌မြေ‌နေရာတွင် တည်ရှိသည့် ‌ရွှေဖားစည် အိမ်ရာ စီမံကိန်း ၂ ‌ဆောက် လုပ်‌နေသည့် အ‌ခြေအ‌နေများ နှင့်ပတ်သက်ပြီး UHM ကုမ္ပဏီမှ မန်း‌နေဂျင်းဒါရိုက်တာ ဦးထွန်း‌အောင်‌ရွှေက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ဒီမနက် ပန္နက်ရိုက်ပြီးပြီဖြစ်လို့ အခုစတင်လုပ်‌ဆောင်‌နေပါပြီ။ ကွန်ကရစ်‌တွေလည်း ‌လောင်း‌နေပါပြီ။ အခု ဆက်တိုက် ‌ဆောက်သွားပြီး‌တော့ ၂၀၁၈ ဒီဇင်ဘာမှာ အပြီး‌ဆောက်လုပ်သွားမှာဖြစ်ပါတယ်။ စီမံကိန်း ဧရိယာစုစု‌ပေါင်း ၁၅ ဧက ‌ကျော်ရှိပါတယ်။ ဝန်ထမ်းဦးစား‌ပေးအတွက် ၆ ဧက သုံးပါမယ်။ ကျန်တဲ့‌မြေ ဧရိယာကို‌တော့ အပြင်အရပ်သား‌တွေအတွက် ‌ဆောက်ပြီး‌ရောင်း‌ပေးဖို့ အစီအစဉ်ရှိပါတယ်။” ဟု ၎င်းက ‌ပြောသည်။

အရစ်ကျဝယ်ယူနိုင်သည့် တန်ဖိုးသင့် ‌ရွှေဖားစည် အိမ်ရာစီမံကိန်းအတွက် အခန်းတစ်ခန်းလျှင် အနိမ့်ဆုံးကျပ် ၁၃၅ သိန်းမှ အမြင့်ဆုံးကျပ် ၁၇၅ သိန်းအထိရှိပြီး ပထမအရစ် ၃ဝ ရာခိုင်နှုန်း‌ပေး‌ဆောင်ထားပြီးပါက ကျန်ရှိသည့် ‌ငွေပမာဏများကို ၁ နှစ်မှ ၅ နှစ်အတွင်း လစဉ် ၁ သိန်း ၇ ‌သောင်း‌ပေးသွင်းရုံဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်ဟု သိရသည်။

ယခု စတင်‌ဆောက်လုပ်‌နေသည့် ‌ရွှေဖားစည်အိမ်ရာ စီမံကိန်း ၂ ကို ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ဖြင့် UHM ကုမ္ပဏီမှ လက်ရှိ ‌မြေတန်ဖိုး‌ပေါက်‌ဈေးအတိုင်း သက်ဆိုင်ရာ ‌မြေပိုင်ရှင်များထံမှ ဝယ်ယူကာ ‌ဆောက်လုပ်မည်ဖြစ်ပြီး အငြိမ်းစား နိုင်ငံဝန်ထမ်းများအတွက် ဦးစား‌ပေးကာ မဲနှိုက်‌ရောင်း ချထားခြင်းဖြစ်‌ကြောင်း သိရသည်။

“ကျ‌နော်တို့ အ‌နေနဲ့ ဒီစီမံကိန်း ၂ အတွက် ပြည်နယ်အစိုးရဆီမှာ အဆိုပြုတယ်။ အစိုးရအဖွဲ့ကလည်း လုပ်သက် ရင့်ဝန် ထမ်း‌တွေ၊ အသက်ရွယ်ကြီးတဲ့နိုင်ငံ့ဝန်ထမ်း‌တွေကို အိုးပိုင်အိမ်ပိုင်ရှိ‌အောင်လုပ်‌ဆောင်‌ပေးဖို့ ညွှန်ထားတဲ့အတွက် အစိုးရ အဖွဲ့‌စေတနာကို တစ်ဖက်တစ်လမ်းက အားဖြည့်‌ပေးတာပါ။ ကျ‌နော်တို့ ဘက်ကလည်း နိုင်ငံဝန်ထမ်း‌တွေကို ဦးစား‌ပေးပြီး အခန်းများများ‌ရောင်း‌ပေးပါ့မယ်ဆိုပြီး တင်ပြတဲ့အ‌ပေါ်မှာ အစိုးရအဖွဲ့ကခွင့်ပြုတဲ့အတွက် စီမံကိန်းဖြစ်‌ပေါ်လာ တာဖြစ်ပါ တယ်”ဟု UHM ကုမ္ပဏီမှ မန်း‌နေဂျင်းဒါရိုက်တာ ဦးထွန်း‌အောင်‌ရွှေက ‌ပြောသည်။

အဆိုပါ ‌ရွှေဖားစည်အိမ်ရာ ၂ စီမံကိန်းတွင် နိုင်ငံဝန်ထမ်းများအတွက် ၄ ခန်းတွဲ ၅ ထပ်အ‌ဆောက်အဦး စုစု‌ပေါင်း ၁၄ လုံး ‌ဆောက်လုပ်သွားမည်ဖြစ်ပြီး အခန်း‌ပေါင်း ၂၈ဝ ပါရှိသည့်အတွက် ပျမ်းမျှ ဝန်ထမ်းမိသားစု ဦး‌ရေ ၁၄၀ဝ ခန့် ‌နေထိုင်နိုင် မည်ဖြစ်‌ကြောင်း သိရသည်။

အလားတူ စီမံကိန်းဖြစ်သည့် ‌ရွှေဖားစည်အိမ်ရာ ၁ စီမံကိန်း‌ဆောက်လုပ်ထားပြီဖြစ်ပြီး အဆိုပါ စီမံကိန်းမှ အခန်း‌ပေါင်း ၆၄ ခန်းအနက် နိုင်ငံဝန်ထမ်းမိသားစုများအတွက် အိမ်ခန်း ၃၂ ခန်း‌ရောင်းချနိုင်ခဲ့‌ကြောင်းနှင့် ယခုအိမ်ရာ စီမံကိန်းမှာUHM ကုမ္ပဏီ၏ ဒုတိယ‌မြောက် စီမံကိန်းဖြစ်‌ကြောင်း သိရသည်။