Home သတင်း ငြိမ်းချမ်း‌ရေးအတွက် အမျိုးသမီးများရဲ့အသံ ပန်းချီပြပွဲ ပြုလုပ်

ငြိမ်းချမ်း‌ရေးအတွက် အမျိုးသမီးများရဲ့အသံ ပန်းချီပြပွဲ ပြုလုပ်

2796

‌အောက်တိုဘာ ၂၂ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ပြည်တွင်းငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှု မြင့်မားလာ‌ရေးရည်ရွယ်ကာ “ Voices of 21 Women for Peace” ဟု အမည်‌ပေးထားသည့် ပန်းချီပြပွဲကို The Crown အမျိုးသမီး‌ခေါင်း‌ဆောင်မှု သင်တန်း‌ကျောင်းက ဦး‌ဆောင်ကာ ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ‌ယောမင်းကြီးလမ်းရှိ Gallery 65 ပန်းချီ ပြခန်း၌ ‌အောက်တိုဘာ ၂၁ ရက်မှ ၂၃ ရက်‌နေ့ထိ ပြုလုပ် သွားမည်ဖြစ်သည်။

အဆိုပါ ပန်းချီပြပွဲကို ပြည်တွင်းငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးများ၏ ငြိမ်းချမ်း‌ရေး လိုလားချက်များကို ပန်းချီ အနုပညာ နိုင်ငံ‌ရေးအ‌တွေးအ‌ခေါ်ဖြင့် ‌ဖော်ထုတ်ခြင်း၊ စစ်မှန်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တိုင်းတွင် အမျိုး သမီးများ ပါဝင်ရမည်ဆိုသည်ကို လူထုကြားစိတ်ဝင်စားမှု၊ ကိုယ်စားပြု ‌ထောက်ခံမှု မြင့်မားလာ‌စေရန် ရည်ရွယ် ကျင်းပခြင်းဖြစ်သည်ဟု The Crown တည်‌ထောင်သူ မထားထားသက်က ‌ပြောသည်။

ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားကို Gallery 65 ပြခန်း၌ ‌အောက်တိုဘာ ၂၁ ရက်‌နေ့ နံနက် ၁ဝ နာရီတွင်ပြုလုပ်ခဲ့ ပြီး အခမ်းအနားသို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌လွေးပိုးငယ်၊ ပန်းချီပြပွဲ ဖြစ်‌မြောက် ‌ရေးအတွက် ပါဝင်ကူညီခဲ့သည့် Internews မြန်မာမှ ဒါရိုက်တာကိုမိုက်ကယ်၊ ပန်းချီဆရာမများ ဧည့် သည်များ အပါအဝင်စုစု‌ပေါင်း ၇ဝ ဦးခန့်တက်‌ရောက်ခဲ့သည်။

အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌လွေးပိုးငယ်က “ အခု ငြိမ်းချမ်း‌ရေးဖြစ်စဉ်မှာ အမျိုးသမီး‌တွေ ထိထိ‌ရောက်‌ရောက်ပါဝင်ခွင့်ရ‌အောင် တိုက်တွန်း‌နေပါတယ်။ အမျိုးသမီး‌တွေပါဝင်ဖို့လိုတယ် ဆိုတာ ဘာ‌ကြောင့်လဲဆိုရင် ဘယ်‌ဒေသမှာ ကြည့်ကြည့်၊ မြန်မာနိုင်ငံလူဦး‌ရေ ထက်ဝက်သည် အမျိုးသမီး၊ အဲ့ဒါ‌ကြောင့်မို့လို့ အမျိုးသမီး‌တွေဟာ သူတို့ရဲ့ ကိုယ်စားပြုမှုမရှိဘူးဆိုလို့ယှဉ်ရင် ကျမတို့သွား‌နေတဲ့ ငြိမ်းချမ်း‌ရေးသည် ‌ရေရှည် တည်တံ့ခိုင်မြဲတဲ့ ငြိ်မ်းချမ်း‌ရေးဖြစ်မလာဘူး ဆိုတာ‌ပြောလိုတယ်” ဟု အခမ်းအနား ဖွင့်ပွဲတွင် ‌ပြောသည်။

သုံးရက်ကြာ ကျင်းပမည့် ပန်းချီးပြပွဲတွင် ပြည်တွင်း အမျိုးသမီး ပန်းချီ ဆရာမ ၂၁ ဦးတို့မှ ‌ရေးဆွဲထားသည့် ‌ရေ‌ဆေး၊ ဆီ‌ဆေး ပန်းချီ ၂၁ ကားကို ပြသထားမည်ဖြစ်ကာ နံနက် ၁ဝ နာရီမှ ည‌နေ ၅ နာရီထိ လာ‌ရောက် ကြည့်ရှု အား‌ပေးနိုင်‌ကြောင်း စီစဉ်သူများက ‌ပြောသည်။