Home သတင်း ၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲအတွက် ဒုံးအဖွဲ့ ၁၅ ဖွဲ့စာရင်း‌ပေးသွင်းထား

၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲအတွက် ဒုံးအဖွဲ့ ၁၅ ဖွဲ့စာရင်း‌ပေးသွင်းထား

3008

‌အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် ဖားအံမြို့တွင် ယခုနှစ်နိုဝင်ဘာလ ၇ ရက်‌နေ့တွင် ကျ‌ရောက်မည့် ၆၂ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အ ထိမ်းအမှတ်အတွက် ပြည်နယ်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ဒုံးအကအဖွဲ့ ၁၅ ဖွဲ့ဝင်‌ရောက်ယှဉ်ပြိုင်ရန် စာရင်း‌ပေးသွင်း ထား‌ကြောင်း သိရသည်။

ပြည်နယ် ယဉ်‌ကျေးမှုဗိမာန်ဦးစီးဌာန လက်‌ထောက် ညွှန်ကြား‌ရေးမှူး ‌စော‌အောင်သိန်းက “ကျ‌နော်တို့‌တော့ စာရင်း မပိတ်‌သေးဘူး၊ ‌လော‌လောဆယ်‌တော့ ပြိုင်ပွဲဝင်ဒုံးအဖွဲ့ ၁၅ ဖွဲ့စာရင်း‌ပေးထားတာရှိပါတယ်။ ‌နောက်ပြီး ရန်ကုန်နဲ့ မြစ်ဝကျွန်း‌ပေါ်က ဒုံးအဖွဲ့‌တွေကို ဖိတ်ထားတာလည်း ရှိ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြိုင်ပွဲဝင်ရန်အတွက် ဖားအံ၊ ‌ကော့ကရိတ်၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီး စသည့်မြို့နယ် ၄ မြို့နယ်မှ ဒုံးအကအဖွဲ့ ၁၅ ဖွဲ့ လတ်တ‌လောတွင် စာရင်း‌ပေးသွင်းထားပြီး ရန်ကုန်၊ ပန်းတ‌နော်၊ အိမ်မဲဒုံးအကအဖွဲ့များကိုလည်း ပြည်နယ်‌နေ့တွင် လာ‌ရောက်ကပြ‌ဖျော်‌ဖြေရန် ဖိတ်ကြားထားခြင်းဖြစ်သည်။

ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ်အတွက်ယှဉ်ပြိုင်ကပြမှုများကို နိုဝင်ဘာ ၇ ရက်‌နေ့မှ စတင်ကာ ၉ ရက်‌နေ့ အထိ ယှဉ်ပြိုင်‌စေမည်ဖြစ်ပြီး ၁ဝ ရက်‌နေ့တွင် ဆန်ကာတင် ၁၂ ဖွဲ့ကို‌ရွေးချယ်ကာ ၁၁ ရက်‌နေ့တွင် ဆုများကို အသီးသီး ‌ရွေးချယ်‌ပေးသွားမည်ဖြစ်သည်။

ထိုသို့‌ရွေးချယ်ရာတွင် အဖွဲ့လိုက် အ‌ကောင်းဆုံးဆု ပ၊ ဒု၊ တ အပြင် စတုတ္တနှင့် ပဉ်စမဆုအထိချီးမြှင့် သွား မည်ဖြစ်ပြီး တစ်ဦးချင်း ဆု‌တောင်း‌တေး သီချင်းသီဆိုမှု ပ၊ ဒု၊ တ၊ အ‌ကောင်းဆုံး ဒုံးသီချင်း ပ၊ ဒု၊ တ နှင့်အတိုး တက်ဆုံး အက အဖွဲ့ဆု တစ်ဆုပါဝင်မည့်အပြင် နှစ်သိမ့်ဆုများလည်း ပါဝင်မည်ဖြစ်သည်။

ယခင်နှစ် အဖွဲ့လိုက်အ‌ကောင်းဆုံးဆုကို ပထမဆု ကျပ် ၁ဝ သိန်း၊ ဒုတိယ ၇ သိန်း၊ တတိယ ၆ သိန်း ၊စတုတ္တ ၄ သိန်း၊ ပဉ်စမ ၃ သိန်းနှင့်နှစ်သိမ့်ဆုများအတွက် ၂သိန်းစီ ‌ပေးအပ်ချီးမြှင့်ခဲ့ပြီး ယခုနှစ် ဆု‌ကြေး‌ငွေသတ် မှတ်မှုနှင့် ပတ်သက်ပြီး ဆက်လက်‌ဆွေး‌နွေးသွားရမည်ဖြစ်‌ကြောင်း ‌စော‌အောင်သိန်းက ‌ပြောသည်။

ဒုံးအကပြိုင်ပွဲများတွင် အမှတ်‌ပေးစည်းမျဉ်း အချက်များဖြစ်သည့် အရပ်အ‌မောင်းနှင့် ဝတ်စားဆင်ယင်မှု ညီ ညာလိုက်ဖက်ခြင်း၊ တီးမှုတ်တူရိယာ ၇ မျိုးပြည့်စုံပြီး အတီးအမှုတ်နှင့် ‌နောက်ခံသီချင်း သီဆိုမှုညီမျှခြင်း၊ ဝင် ‌ရောက်ယှဉ်ပြိုင်ရာတွင် အဝင်အထွက်ရို‌သေ‌လေးစားမှုရှိခြင်း စသည့်အချက်များနှင့် ကိုက်ညီကာ ဆု‌ရွေး ချယ်ဆုံးဖြတ်ကြခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ၆၁ နှစ်‌မြောက် ကရင်ပြည်နယ်‌နေ့ အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲဝင် ဒုံးအဖွဲ့ ၁၅ ဖွဲ့နှင့် ‌ဖျော်‌ဖြေ‌ရေးဒုံးအဖွဲ့ ၈ ဖွဲ့ စုစု‌ပေါင်း ၂၃ ဖွဲ့ပါဝင်ခဲ့ကြပြီး ပထမဆုကို တက္ကသိုလ်များ စု‌ပေါင်း ယဉ်‌ကျေး မှုဒုံးအဖွဲ့၊ ဒုတိယဆုကို မြဝတီမြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့၊ တတိယဆုကို ကြာအင်း ဆိပ်ကြီး မြို့နယ် ကိုယ်စားပြု ဘုရားသုံးဆူမြို့ယဉ်‌ကျေးမှုဒုံးအဖွဲ့၊ စတုတ္ထဆုကို ဖားအံမြို့နယ် ကိုယ်စားပြု ခ‌လောက်နို့ ဒုံးအဖွဲ့နှင့် ပဉ်စမဆုကို ‌ကော့ကရိတ်မြို့နယ် ကိုယ်စားပြုဒုံးအဖွဲ့များမှ အသီးသီး ရရှိခဲ့ကြသည်။