Home သတင်း မြန်မာအလုပ်အမားများက ထိုင်းနိုင်ငံသားတစ်ဦးကို လူကုန်ကူးမှုဖြင့် တရားစွဲဆို

မြန်မာအလုပ်အမားများက ထိုင်းနိုင်ငံသားတစ်ဦးကို လူကုန်ကူးမှုဖြင့် တရားစွဲဆို

2206

‌အောက်တိုဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

အလုပ်သမားအခွင့်အ‌ရေး ချိုး‌ဖောက်ခံရသည်ဟုဆိုကာ ထိုင်း-မြန်မာနှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ (MoU) စနစ် ဖြင့် တရားဝင် အလုပ်လုပ်ကိုင်‌နေ‌သော မြန်မာအလုပ်အမား ၁ဝဝ‌ကျော်က ထိုင်းနိုင်ငံသား တစ်ဦးကို ‌အောက်တိုဘာ လ ၁၂ ရက်‌နေ့တွင် လူကုန်ကူးမှုဖြင့် တရားစွဲဆိုလိုက်‌ကြောင်း သိရသည်။

အသက် ၅ဝ အရွယ် နိုင်ဖာခင် အမည်ရှိ ယင်းထိုင်းနုိုင်ငံသားတစ်ဦးသည် လူရာချီ ‌ခေါ်ပြီးအလုပ်မ‌ပေးနိုင်‌သော ‌ကြောင့် ယခုလို မြဝတီမြို့‌ကျောက်လုံးကြီးရဲစခန်းတွင် အလုပ်သမား ၁၅ဝ ‌ကျော်က လာ‌ရောက် အမှုဖွင့်ရခြင်းဖြစ် ‌ကြောင်း အလုပ်အမားများအ‌ရေးကူညီ‌ဆောင်ရွက်‌နေ‌သော (AAC) အဖွဲ့မှ အမှု ‌ဆောင် ဒါရိုက်တာ ဦးခိုင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“သူက သတ်မှတ်ထားတဲ့ ‌နေရာမှာ မခိုင်း၊ တစ်‌နေရာထဲမှာလည်း အတိကျမခိုင်းဘဲနဲ့ ခိုင်းချင်တဲ့‌နေရာ ‌တွေခို်င်း တာ၊ လုပ်အားခ မ‌ပေးဘဲထားတာ၊ အလုပ်‌တွေဖြုတ်၊ ဟိုစက်ရုံပို့၊ ဒီစက်ရုံ ပို့ပြီး ဝန်‌ဆောင်ခ‌တွေ‌တောင်း၊ မြန်မာ ပြည်ဖက် ခိုးပြီးပြန်ပို့၊ က‌လေး‌တွေကို လုပ်အားခ‌တွေ မ‌ပေးတဲ့အပြင် မာဖီးယားမြန်မာပွဲစား‌တွေကို ရိုက်ခိုင်းတယ်။ ထိုးခိုင်းတယ်။ ၇ လ၊ ၈လ ‌လောက်လုပ်အားခမရ‌တော့ အလုပ်သမား‌တွေက ကျ‌နော်တို့ကို အကူအညီ‌တောင်း‌တော့တာ‌ပေါ့˝ဟု ‌ပြော သည်။

အဆိုပါကိစ္စအား ထိုင်းဖက်ခြမ်းတွင် အလုပ်သမားသံအရာရှိ၊ ‌အေဂျင်စီများကို တင်ပြ‌သော်လည်း အ‌ကြောင်း မထူးသည့် အပြင် အဆိုပါ ထိုင်းနိုင်ငံသားသည် ဖားအံတွင် ‌နောက်ထပ်လူ ၂၀ဝ ‌ကျော်ကို စာချုပ်လာချုပ်ဆို‌နေ စဉ် ‌ကော့ကရိတ်မြို့နယ်၊ လှိုင်ဝရဲစခန်းတွင် တရားမဝင်နယ်‌မြေ ဖြတ်‌ကျော်မှုဖြင့် ဖမ်းဆီးထား‌ကြောင်း ဦးခိုင်က ဆက်‌ပြောသည်။

ရန်‌အေး ‌အေဂျင်စီနှင့် ‌ရွှေစင်ကိုးပွင့် ‌အေဂျင်စီတို့မှ မြန်မာအလုပ်သမား စုစု‌ပေါင်း ၈ဝဝခန့်အား နိုင်ဖာခင် ပိုင်‌သော ထိုင်းစ မိုင်းဖုကုမ္ပဏီထံ MOU စနစ်ဖြင့် ပို့‌ဆောင်‌ပေးခဲ့သည့်အထဲတွင် အဆင်မ‌ပြေမှုများ‌ကြောင့် မြန်မာပြည်ဘက်ကို ပြန်ခိုးပို့ခံ လိုက်ရ‌သော အလုပ်သမား ၆ဝ ဦး‌ကျော်နှင့် ထိုင်းမှ ပြန်ဆင်းလာသည့် ၁၀၀‌ကျော်တို့က ၎င်းထိုင်းနိုင်ငံသား နိုင်ဖာခင်ကို လူကုန်ကူးမှုနှင့် လိမ်လည်မှုတို့ဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်ဟု ဆိုသည်။

တရားစွဲဆိုမှုတွင်ပါဝင်‌သော အလုပ်သမားတစ်ဦးက “ကျ‌နော်တို့ လူအ‌ယောက် ရာ‌ကျော်ကို လိမ်လည်တယ်။ လုပ်အားခ ‌ခေါင်းပုံဖြတ်တယ်။ နှစ်နိုင်ငံ ချစ်ကြည်‌ရေးလုပ်ထားတဲ့ စာချုပ်ကို‌တောင် သူတို့ချိုး‌ဖောက်တယ်။ အဲလိုလုပ်တဲ့ နိုင်ဖာခင် ပွဲစားကိုအ‌ရေးယူ မ‌ပေးနိုင်ဘူးလား။ လိမ်လည်မှုနဲ့ တရားစွဲလို့ မရရင် ကျ‌နော်တို့ အလုပ်သမား တစ်ရာ‌ကျော် ရဲစခန်း‌ရှေ့မှာ ဆန္ဒပြမယ်”ဟု ‌ပြောသည်။

၎င်းတရားစွဲဆိုမှုအ‌ပေါ် အလုပ်သမား‌ရေးကူညီ‌ဆောင်ရွက်‌နေသူ ကိုသားကြီးက “ကိုယ်တို့နိုင်ငံထဲက အလုပ်သမား‌တွေကို သွင်း‌ပေးတယ် ဆိုပြီး‌တော့မှ စွပ်စွဲပြီးတင်ထားတာ။ ထိုင်းနိုင်ငံထဲမှာ အလုပ်သွင်းတယ်ဆိုရင် ထိုင်းနိုင်ငံရဲ့ ဥပ‌ဒေအတိုင်း အ‌ရေးယူ ရမှာ‌လေ။ ထိုင်းပွဲစားလို့ ‌ခေါ်‌နေကြတဲ့လူကို လဝက အက် ဥပ‌ဒေနဲ့ပဲ စွဲထားတာပဲ။ ပွဲစားအမှုနဲ့ တရားစွဲထား တာ မရှိဘူး။ နှစ်နိုင်ငံတရားလိုရဲ့မှတ်ချက်‌တွေ‌ပေးဖို့၊ ပညာရှင်‌တွေရဲ့ မှတ်ချက်‌တွေ‌ပေးဖို့လိုတယ်‌လေ။ အတိအကျဖြစ်ဖို့ ဆိုတာ သူတို့စိစစ်‌နေဆဲပဲ။ ရဲရဲ့ စစ်‌ဆေးချက်အရ အပြစ်ရှိတယ်ဆိုရင် အပြစ်ခံရမှာပဲ။˝ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အလုပ်သမားများဘက်မှ နစ်နာသွား‌သော နစ်နာ‌ကြေးများကို ‌အောက်တိုဘာလ ၁၄ ရက်‌နေ့က ‌ရွှေစင်ကိုးပွင့် ‌အေဂျင်စီမှ ‌လျော်‌ကြေးအဖြစ် တစ်ဦးလျှင် ကျပ်‌ငွေ ၃၃ဝ,ဝဝဝ ပြန်လည်‌ပေးအပ်ခဲ့ပြီးဖြစ်‌သော်လည်း ထိုင်းနိုင်ငံသား နို်င်ဖာခင်ဘက်မှ အ‌ကြောင်းမပြန်‌သေး‌ကြောင်း ‌နောက်ဆုံး ရရှိထား‌သော သတင်းများအရ သိရသည်