Home သတင်း ဧရာဝတီတိုင်းအဆင့် နှစ်သစ်ကူးပွဲ‌တော်တွင် ရိုးရာလက်‌ဝှေ့ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

ဧရာဝတီတိုင်းအဆင့် နှစ်သစ်ကူးပွဲ‌တော်တွင် ရိုးရာလက်‌ဝှေ့ပွဲ ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်

1934

‌အောက်တိုဘာ ၁၉ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး အဆင့် ၂၇၅၇ ခုနှစ် ကရင်နှစ်သစ်ကူးပွဲ‌တော်တွင် ကရင့်ရိုးရာလက်‌ဝှေ့ပွဲကို ပထမဦးဆုံးအကြိမ် ထည့်သွင်းကျင်းပသွားမည်ဟု တိုင်းအဆင့် နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ‌ကော်မတီ အတွင်း‌ရေးမှူး မန်းလှသိန်းက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

ပုသိမ်မြို့‌ပေါ်ရှိ၊ ဂရုဏာ လူမှု‌ရေး စင်တာ၌ ‌အောက်တိုဘာ ၁၇ ရက်‌နေ့က ပြုလုပ်သည့် ဧရာဝတီတိုင်းအဆင့် ၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပနိုင်‌ရေးအတွက် ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ‌ကော်မတီ ပြန်လည်ဖွဲ့စည်းခြင်းနှင့် တိုင်းစာယဉ်အစည်းအ‌ဝေးတွင် ယခုလို ပထမဦးဆုံး အကြိမ် ရိုးရာ လက်‌ဝှေ့ပွဲ ထည့်သွင်းကျင်းပသွားရန် ဆုံးဖြစ်ခဲ့ခြင်းဖြစ်သည်။

“၂၇၅၇ ခုနှစ်၊ ဧရာဝတီတိုင်းအဆင့် နှစ်သစ်ကူးပွဲ‌တော်ကို ပုသိမ်မြို့ကန်သာယာကွင်းမှာ လုပ်မယ်။ ဒီနှစ်မှာ ပထမဦးဆုံးအ‌နေနဲ့ ရိုးရာလက်‌ဝှေ့ ဝါသနာပါတဲ့ ကရင်အမျိုးသား‌တွေနဲ့ တို်င်းအားကစားဌာန တာဝန်ရှိသူ ‌တွေ ပူး‌ပေါင်းပြီး‌တော့ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းမှာ လက်‌ဝှေ့ပွဲလုပ်မယ်။ နာမည်ကြီး‌တွေ‌ရော အ‌ပျော်တန်း သမား‌တွေ‌ရော ဝင်ပြိုင်နိုင်‌အောင်စီစဉ်မယ်။ အ‌သေးစိတ်ကို‌တော့ ‌နောက်တကြိမ် အစည်း အ‌ဝေးမှာ ‌ဆွေး‌နွေးရဦးမယ်” ဟု မန်းလှသိန်းက ‌ပြောသည်။

အဆိုပါ တိုင်းအဆင့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးနှင့် တိုင်းစာယဉ်အစည်းအ‌ဝေးတွင် ဧရာဝတီတိုင်း‌ဒေသကြီး၏၂၇၅၇ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေးဗဟို‌ကော်မတီကို ပြန်လည် ဖွဲ့စည်းခဲ့ပြီး ‌ကော်မတီနာယကအဖြစ် ဧရာဝတီတိုင်း‌ဒေသကြီးဝန်ကြီးချုပ် မန်း‌ဂျော်နီ၊ ‌ကော်မတီ ဥက္ကဌအဖြစ် တိုင်း‌ဒေသကြီးကရင်လူမျိုး‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ဒုဥက္ကဌ အဖြစ် ‌စောဖရန်စစ်ခိုင်၊ အတွင်း‌ရေးမှူးအဖြစ် မန်းလှသိန်းတို့ကို တာဝန်ယူသွားမည်ဖြစ်သည်။

“ အခု လာမဲ့နှစ်သစ်ကူးမှာ ရိုးရာလက်‌ဝှေ့ပွဲ ထည့်သွင်းကျင်းပမယ်‌ပြောတယ်။ ဒါကို ကရင်‌ရေးရာဝန်ကြီးရဲ့ အမျိုးသားက လုပ်ချင်တာလို့လည်း ကြားသိရတယ်။ လက်‌ဝှေ့ပွဲဆို‌တော့ ဝင်‌ကြေး‌တွေ၊ ဘာ‌တွေ‌ကောက် မယ်‌ပေါ့၊ လက်မှတ်ခ ‌ဈေးကြီးရင် ကြည့်မဲ့သူရှိမှာ မဟုတ်ဘူး။ ‌ပြောဆို ‌ဆွေး‌နွေး‌နေတာက‌တော့ တိတိကျကျ ‌တော့ မဟုတ်‌သေးဘူး” ဟု အဆိုပါ အစည်းအ‌ဝေးသို့ တက်‌ရောက်ခဲ့သူ အမည်မ‌ဖော်လိုသည့် ကရင်အမျိုးသားတဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

‌အောက်တိုဘာ ၁၇ ရက်‌နေ့တွင် ပြုလုပ်သည့် အစည်းအ‌ဝေးသို့ တိုင်း‌ဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးမှ ကိုယ်စားလှယ် ၈ဝ ဦးခန့် တက်‌ရောက်ခဲ့သည်။ ယခင်နှစ် ဧရာဝတီတိုင်းအဆင့် ကရင်နှစ်သစ်ကူးပွဲ ‌တော် တွင် ခြင်းလုံးပြိုင်ပွဲနှင့် ‌ပြေးခုန်ပစ်ပြိုင်ပွဲ များထည့်သွင်းကျင်းပခဲ့‌ကြောင်း ‌ကော်မတီတာဝန်ရှိသူများထံမှ သိရ သည်။