Home သတင်း အီတူးထာ့ပြည်တွင်း ဒုက္ခသည်များအတွက် ရံပုံ‌ငွေရှာ ‌ဈေး‌ရောင်းပွဲ ဩစ‌တြေးလျားနိုင်ငံတွင် ပြုလုပ်ခဲ့

အီတူးထာ့ပြည်တွင်း ဒုက္ခသည်များအတွက် ရံပုံ‌ငွေရှာ ‌ဈေး‌ရောင်းပွဲ ဩစ‌တြေးလျားနိုင်ငံတွင် ပြုလုပ်ခဲ့

2126

‌အောက်တိုဘာ ၄ရက်၊ ၂ဝ၁၇ခုနှစ်။ ‌စော‌ကျော်ခွီး

စက်တင်ဘာလကုန်တွင် ‌ထောက်ပံ့မှု အကူအညီများ ပြတ်‌တောက်သွားပြီဖြစ်သည့် ထိုင်း-မြန်မာနယ်စပ်ရှိ အီတူးထာ့ ဒုက္ခသည် များအတွက် ရံပုံ‌ငွေရှာ‌ဈေး‌ရောင်းပွဲ‌တော် အစီအစဉ်တစ်ခုကို စက်တင်ဘာလ ၃ဝရက်‌နေ့ ညက ဩစ‌တြေးလျားနိုင်ငံ နယူး ‌ဆော့သ်‌ဝေးပြည်နယ်၊ ဆစ်ဒနီမြို့ Chester Hill ရပ်ကွက်၊ Youth Center တွင် ကျင်းပပြုလုပ်ခဲ့သည်။

‌ပြောင်းလဲ‌နေသည့် မြန်မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေနှင့် လက်ရှိ ရိက္ခာဖြတ်‌တောက်ခံလိုက်ရ‌သော အီတူးထာ့ဒုက္ခသည်များ၏ အခက်အခဲ အ‌ခြေအ‌နေများကို ပြည်ပ‌ရောက် ကရင်လူမျိုးများ၊ နိုင်ငံတကာ ကယ်ဆယ်‌ရေး အသင်းအဖွဲ့များသိ‌စေရန် ရံပုံ‌ငွေရှာ ‌ဈေး‌ရောင်းပွဲ‌တော်ကို ပြုလုပ်ကျင်းပရခြင်းဖြစ်သည်ဟု ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့ နယူး‌ဆော့သ်‌ဝေးဌာနခွဲ ဥက္ကဌ‌စော တာမလာ‌ဂေါ်က အဖွင့်မိန့်ခွန်းတွင် ‌ပြောကြားခဲ့သည်။

၎င်းအပြင် နိုင်ငံတကာ‌ရောက် ကရင်များကလည်း နယ်စပ်ဒုက္ခသည်များကို ရိက္ခာအကူအညီများ ပြန်လည်‌ပေးအပ်ရန် မိမိနိုင်ငံ ဆိုင်ရာ အစိုးရ၊ အလှူရှင် အသင်းအဖွဲ့များသို့ တိုက်တွန်း အကြံဉာဏ်‌ပေးကြရန်နှင့် စိတ်ချလုံခြုံ‌သော အ‌ခြေအ‌နေ‌ရောက်၍ ဒုက္ခ သည်များ ‌နေရပ်ပြန်နိုင်သည့် အချိန်‌ရောက်သည်အထိ စားနပ်ရိက္ခာအကူအညီများ ‌ထောက်ပံ့‌ပေးရန် ‌စောတာမလာ‌ဂေါ်က အခမ်းအနားတွင် တိုက်တွန်း‌ပြောဆိုခဲ့သည်။

ယူ‌ကေနိုင်ငံဆိုင်ရာ နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKO ကိုယ်စားလှယ် ‌နော်ထူးခူက “မည်သူ တစ်ဦးတစ်‌ယောက်ကမှ သူတစ် ပါး ‌ထောက်ပံ့တာနဲ့ ‌ကျေနပ်ပြီး ဒုက္ခသည်‌တွေအဖြစ် မ‌နေချင်ကြပါဘူး။ စိတ်ချလုံခြုံ အာမခံချက်သာ‌ပေးနိုင်ရင် ကိုယ့်အိမ်ကိုယ် ပြန်မဲ့သူချည်းပါပဲ။”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

ထို‌နေ့ အခမ်းအနားသို့ ဖိတ်ကြားထား‌သော နိုင်ငံခြားသားဧည့်သည်များ၊ ဩစ‌တြေးလျားဆိုင်ရာ ဒုက္ခသည်‌ကောင်စီ ကိုယ်စား လှယ်၊ ဒီမိုက‌ရေစီမဟာမိတ်များ၊ ‌ရွှေ့‌ပြောင်းကရင်လူမျိုးများ၊ ယူ‌ကေနှင့် နယ်စပ်မှ ‌ကေအဲန်ယူ ကိုယ်စားလှယ်များ စုစု‌ပေါင်း (၁၂၀)‌ကျော် တက်‌ရောက်ခဲ့ပြီး ဒုက္ခသည်များ၏ ပညာ‌ရေးနှင့် ဒုက္ခသည် ကူညီ‌ထောက်ပံ့‌ရေးနှင့်ဆိုင်‌သော အ‌ကြောင်းအရာများ ကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ‌ပြောကြားခြင်းအပြင် မုန့်ဟင်းခါး၊ ဆိုက်‌ကော်(အသားအူ‌ချောင်း)၊ မိမိခြံထွက် ဟင်းသီးဟင်း ရွက်များ၊ ‌ခေါပြင်၊ မုန့်လက်‌စောင်း၊ ‌ရွှေရင်‌အေးနှင့် ကြက်သားဆီ ထမင်းတို့ကို ဒုက္ခသည်ရံပုံ‌ငွေအဖြစ် ‌ရောင်းချခဲ့ကြသည်။

ရံပုံ‌ငွေ ရှာ‌ဖွေပွဲ အခမ်းအနားသို့ တက်‌ရောက်လာအား‌ပေးသူ ‌စောအဲလ်ဘတ်က “ကိုယ်လည်း သူတို့လိုပဲ တချိန်က ဒုက္ခသည် ဖြစ်ခဲ့ဖူးတဲ့အတွက် စာနာမိပါတယ်။ ဒီလို ရိက္ခာဖြတ်‌တောက်လိုက်တာဟာ အ‌ခြေအ‌နေ‌တွေကို ပိုဆိုးရွားသွား‌စေနိုင်တယ်။”ဟု ‌ပြောသည်။

ဩစ‌တြေးလျား ကရင်အမျိုးသားအဖွဲ့အ‌နေဖြင့် နှစ်စဉ် ကမ္ဘာဒုက္ခသည်များ‌နေ့တွင် နယ်စပ်ကရင်ဒုက္ခသည်များအတွက် ရံပုံ‌ငွေ ရှာ ‌ဈေး‌ရောင်းပွဲ‌တော်များ ပြုလုပ်ခဲ့‌သော်လည်း ယခုနှစ်တွင်မှ အီတူးထာ့ဒုက္ခသည်များအတွက် ပထမဆုံးအကြိမ် သီးသန့် ရံပုံ ‌ငွေရှာ ‌ဈေး‌ရောင်းခဲ့ခြင်းဖြစ်သည်။

ထို‌နေ့ ရံပုံ‌ငွေရှာပွဲမှ ရရှိလာ‌သော ပျမ်းမျှ ဩစ‌တြေးလျား‌ဒေါ်လာ ၂၉၀ဝကို ရိက္ခာဖြတ်‌တောက်ခံထားရ‌သော အီတူးထာ့ဒုက္ခ သည်စခန်းသို့ စားနပ်ရိက္ခာ အ‌ထောက်အပံ့ဖြစ်ရန် ပို့‌ဆောင်‌ပေးသွားမည် ဖြစ်သည်။