Home ထိပ်တန်းသတင်း အသိ‌ပေးခြင်းမရှိဘဲ ထိန်းချုပ်နယ်‌မြေအတွင်း အစိုးရတပ်ဖွဲ့ဝင်အချို့ ဝင်ထွက်သွားလာမှုအ‌ပေါ် စိုးရိမ် စရာဖြစ်‌စေဟု ‌ကေအဲန်ယူ‌ပြော

အသိ‌ပေးခြင်းမရှိဘဲ ထိန်းချုပ်နယ်‌မြေအတွင်း အစိုးရတပ်ဖွဲ့ဝင်အချို့ ဝင်ထွက်သွားလာမှုအ‌ပေါ် စိုးရိမ် စရာဖြစ်‌စေဟု ‌ကေအဲန်ယူ‌ပြော

3369

‌အောက်တိုဘာ ၂၃ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်‌မြေ ရွာတန်း ရှည်‌ကျေးရွာအုပ်စုအတွင်း၌ အစိုးရ တပ်ဖွဲ့ဝင်အချို့သည် ‌အောက်တိုဘာ ၁၉ မှ ၂၁ရက်‌နေ့က ကြိုတင်အ ‌ကြောင်းခြင်းမရှိဘဲ ဝင်ထွက်သွားလာ‌နေမှုအ‌ပေါ် စိုးရိမ်စရာ ဖြစ်‌စေသည်ဟု နယ်‌မြေခံ ‌ကေအဲန်ယူဘက်က ‌ပြောသည်။

၎င်း‌ဒေသရှိ စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်-စကခ(၁၂) လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း-ခလရ(၂၃၁)မှ တပ်ခွဲမှူးအဆင့်ရှိသူ ဗိုလ်ကြီး ရဲ‌ဇော်‌အောင်နှင့်အဖွဲ့သည် နယ်‌မြေခံ ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များကို အ‌ကြောင်းကြားခြင်းမရှိဘဲ ရွာတန်းရှည်‌ကျေးရွာသို့ သွား‌ရောက်ခဲ့သည်ဟု ‌ကေအဲန်ယူ လက်‌အောက်ခံ KNLA တပ်ရင်း(၁၈)၊ တပ်ခွဲ(၃)မှ ဗိုလ်ကြီး ‌စောဆန်းတင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“လက်ရှိအ‌နေအထားအရ တဘက်နဲ့တဘက် ‌လေးစား‌သောအားဖြင့် ကြိုတင်အသိ‌ပေးပြီးမှ သွားလာတာ ပို‌ကောင်းပါတယ်။ အ‌ကြောင်းကြားခြင်းမရှိဘဲ သွားလာ‌တော့ မ‌တော်တဆ ကျ‌နော်တို့နဲ့ ‌တွေ့ရင် မလိုလား အပ်တဲ့ အရာ‌တွေ ဖြစ်‌ပေါ်လာနိုင်ပါတယ်။ ‌နောက်ပြီး ဒီလို သွားလာတာဟာ ‌ဒေသခံ‌တွေ အတွက် လည်း စိုးရိမ်စရာ‌တွေ ဖြစ်‌ပေါ်‌စေပါတယ်။ ဒီကိစ္စကို‌တော့ ကျ‌နော်တို့ သက်ဆိုင်ရာလူကြီး‌တွေကို တင်ပြ‌ပြောဆိုသွားပါ့မယ်”ဟု ၎င်းက ‌ပြောသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA)၏ နှစ်ဖက်‌လေးစားလိုက်နာရမည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ အခန်း(၃) ၏ ထိပ်တိုက်ရင်ဆိုင်မှုကို ‌ရှောင်ရှားနိုင်ရန် လက်နက်ကိုင်အဖွဲ့များ ‌နေရာချထားခြင်း ‌ခေါင်းစဉ်‌အောက် (က) အရ နှစ်ဖက်တိုက်ရိုက်ထိ‌တွေ့ရင်ဆိုင်မှုရှိ‌သော ‌နေရာများတွင် ထိ‌တွေ့ပစ်ခတ်မှု မရှိ‌စေ‌ရေးအတွက် စက် ဆက်သွယ်မှု၊ ‌မြေပြင်ဆက်သွယ်မှုနှင့် အခြားဆက်သွယ်မှုနည်းလမ်းများ ရယူလျက် ချက်ချင်း‌ဆောင်ရွက် ရန်ဟူ၍ ‌ဖော်ပြထားသည်။

ရွာတန်းရှည်အုပ်စုအတွင်း သွားလာသည့် အစိုးရ တပ်ဖွဲ့ဝင်များသည် အရပ်ဝတ်အပြင် စစ်ယူနီ‌ဖောင်းများ ဝတ်ဆင်ခြင်း၊ လက်နက်ကိုင်‌ဆောင်ခြင်းများလည်း ရှိသည်ဟု မြင်‌တွေ့ခဲ့သည့် ရွာတန်းရှည်‌ကျေးရွာ ‌ဒေသခံများက ဆိုသည်။

ယခုကိစ္စအ‌ပေါ် ရွာတန်းရှည် ‌ဒေသခံ(‌ဟော်သ‌ရော‌ကျေးရွာအုပ်စု ဥက္ကဌ)ဖြစ်သူ မန်းမြ‌အေးက “အစိုးရ တပ်က အဖွဲ့ဝင်နှစ်ဦးဟာ ဒီလ ၂ဝ ရက်‌နေ့ညက ကျ‌နော့်ဆီလာပြီး ရွာသား‌တွေကို ‌ဆေးကုချင်တယ်ဆိုပြီး သက်ကြီးရွယ်အို ဆယ်ဦးနဲ့ လူငယ် ‌လေးဆယ်‌လောက် စု‌ပေးဖို့ ‌ပြောတယ်။ ကျ‌နော်ကလည်း အခုလာတာ နယ်‌မြေခံ ‌ကေအဲန်ယူ‌တွေကို အသိ‌ပေးပြီးလာတာလားလို့ ‌မေး‌တော့ အသိ‌ပေးခြင်း မရှိ‌ကြောင်း သိရတယ်။”ဟု ‌ပြောသည်။

ထိုသို့ ‌တွေ့ဆုံမှုအပြီး ‌နောက်‌နေ့နံနက်၌ ရွာတန်းရှည်စာသင်‌ကျောင်းတွင် ဗိုလ်ကြီး ရဲ‌ဇော်‌အောင်နှင့် အဖွဲ့သည် စစ်ယူနီ‌ဖောင်း အပြည့်အစုံနှင့် လက်နက်များ ကိုင်‌ဆောင်ပြီး ရွာသားများမှတဆင့် စု‌ပေးခဲ့သည့် ရွာသား ၂ဝ ‌ကျော်အား ‌တွေ့ဆုံ၍ ဓာတ်ပုံရိုက်မှတ်တမ်းတင်ကာ ကျန်းမာ‌ရေးစစ်‌ဆေးမှုများ ပြုလုပ်‌ပေးခြင်း၊ ‌ဆေးဝါးများ ‌ပေး‌ဝေခြင်းများ ပြုလုပ်ခဲ့သည်ဟု ‌ဒေသခံများက ဆိုသည်။

ယင်း‌တွေ့ဆုံမှုသို့ တက်‌ရောက်ခဲ့သည့် ရွာတန်းရှည် ‌စေတနာ့ဝန်ထမ်း အရံသားဖွား ဆရာမ နန်း‌ဌေးလီက “သူတို့လာရတဲ့အ‌ကြောင်း ကျမတို့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တကယ်‌တော့ ဒီရွာမှာ ကျမတို့ ကျန်း မာ‌ရေးလုပ်သား‌တွေ ရှိပြီးသား ဖြစ်ပါတယ်။ ရွာသား‌တွေအတွက် လိုအပ်တဲ့ ကုသမှု‌တွေလည်း ပုံမှန် လုပ်‌ပေး‌နေတာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုကိစ္စအ‌ပေါ် အမှန်တကယ် သိရှိရန် ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက် ‌သွေးလူထုအ‌ခြေပြု လူမှုဖွံ့ဖြိုး‌ရေး ကွန်ရက်(Thwee Community Development Network)မှ အဖွဲ့ဝင်တစ်ဦးက ခလရ(၂၃၁) တပ်ခွဲမှူး ဗိုလ်ကြီးရဲ‌ဇော်‌အောင်အား ‌အောက်တိုဘာ ၂၁ ရက်‌နေ့ နံနက်က ကိုယ်တိုင်သွား‌ရောက် ‌တွေ့ဆုံရန် လုပ်‌ဆောင်ခဲ့‌သော်လည်း အ‌တွေ့မခံခဲ့‌ကြောင်း ‌ကေအိုင်စီသို့ ပြန်လည်‌ပြောပြသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ‌ကေအိုင်စီအ‌နေဖြင့် အစိုးရ တပ်မ‌တော်ဘက်ကို ဆက်သွယ်‌မေးမြန်း၍ မရရှိခဲ့‌ပေ။