Home သတင်း အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားနှစ်ဦး နစ်နာ‌ကြေး အပြည့်အဝ ရရှိ

အလုပ်ထုတ်ခံရသည့် မြန်မာအလုပ်သမားနှစ်ဦး နစ်နာ‌ကြေး အပြည့်အဝ ရရှိ

1903

‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်းနို်င်ငံ၊ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့အ‌နောက်ဘက်၊ ‌သောင်ရင်းမြစ်ကမ်းနား‌ဒေသ ‌ဟွေ့မု‌ကျေးရွာရှိ ဂျဂွါစတီးစက်ရုံ( ကျားသစ်တံဆိပ်)တွင် ‌အောက်တိုဘာလ ၁ဝ ရက်‌နေ့က အလုပ်ထုတ်ခံရသည့် လုပ်သက်ရင့် အလုပ်သမား နှစ်ဦးသည် အလုပ်ရှင်ထံမှ နစ်နာ‌ကြေး အပြည့်အဝ ရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ အလုပ်ထုတ်ခံရသည့် အလုပ်သမားနှစ်ဦးမှာ လုပ်သက် (၁၃)နှစ်ရှိ ကိုတင်စိုးလွင်နှင့် လုပ်သက် (၈)နှစ်ရှိ မ‌ငွေတင်တို့ လင်မယားနှစ်ဦးဖြစ်ပြီ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကိုတင်စိုးလွင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အလုပ်သမား‌လျှော့ချချင်လို့ တန်ရာတန်‌ကြေး‌ပေးပြီး လူ‌လျှော့တယ်လို့ပဲ သူတို့(အလုပ်ရှင်) ‌ပြောတယ်။ ကျ‌နော်က လုပ်သက် (၁၃) နှစ်ရှိတဲ့ လုပ်သားတစ်‌ယောက်ဖြစ်လို့ ‌လျော်‌ကြေး‌ငွေ တစ်သိန်းနဲ့တစ်ရာတစ်ဆယ့်ခုနှစ်ဘတ် (၁ဝဝ,၁၁၇) ရတယ်။ ကျ‌နော့်ရဲ့အမျိုးသမီး မ‌ငွေတင်က လုပ်သက် (၈)နှစ်ရှိလို့ ရှစ်‌သောင်းနှစ်‌ထောင်သုံးဆယ်ကိုးဘတ် ( ၈၂,၂၃၉ )ရလိုက်တယ်။ ”ဟု ‌ပြောသည်။

ယခုကဲ့သို့ ကြိုတင်အ‌ကြောင်းကြားခြင်းမရှိဘဲ ရုတ်တရက် အလုပ်ထုတ်လိုက်သည့်အ‌ပေါ် မိမိတို့အ‌နေဖြင့် ကြိုတင်ပြင်ဆင်မှု တစုံတရာ မရှိ‌သော‌ကြောင့် နစ်နာမှုရှိခဲ့‌ကြောင်း၊ ‌ရှေ့ဆက်ပြီး စက်ရုံ၊ အလုပ်ရုံ၌ ဆက်လုပ်မည်မဟုတ်ဘဲ အပြင်အလုပ်သာ လုပ်သွားမည်ဟု ကိုတင်စိုးလွင်က ဖြည့်စွက်‌ပြောသည်။

၎င်းကိစ္စကို မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA အဖွဲ ့ဥက္ကဌဖြစ်သူ ဦးမိုးကြိုးကမူ ထိုင်းအလုပ်သမားဥပ‌ဒေအတိုင်း ထိုင်းအလုပ်သမား ကာကွယ်‌ရေးရုံး တာဝန်ရှိသူများ၏ ‌ရှေ့‌မှောက်တွင် ‌ပေးအပ် ‌သော‌ကြောင့် နှစ်ဦးနှစ်ဖက်သ‌ဘောတူ ‌ကျေနပ်ခဲ့ကြ‌ကြောင်း ‌အောက်တိုဘာ ၁၁ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက“လုပ်အားခ ‌လေး၊ ငါး‌ထောင် ရစရာရှိတာ‌တောင် ပြဲ‌နေ‌အောင် မနည်းကြီး‌တောင်းရတဲ့ ကာလ၊ အချိန်ပို‌ခေါ်ခိုင်းပြီး အချိန်ပို‌ကြေးမ‌ပေးတဲ့ ပြဿနာ‌တွေရှိ‌နေတဲ့အ‌ပေါ်မှာ ခုလို သိန်းချီ‌လျော်‌ကြေး ‌ပေးပြီး အလုပ်ထုတ်တာ ဒါ ပထမဦးအကြိမ်ပဲ” ဟု ‌ပြောသည်။

မဲ‌ဆောက်မြို့တွင် တရားဝင် စက်ရုံ၊ အလုပ်ရုံများ နှစ်ရာ‌ကျော်နှင့် တရားမဝင် ၁ ‌ထောင်‌ကျော်ရှိသည့်အနက် တစ်ရက် လုပ်အားခ ၃၀၅ ဘတ်ရ‌သော အလုပ်ရုံမှာ ၅ ရုံသာရှိသည့်အထဲတွင် ဂျဂွါစတီးစက်ရုံ(ချိုင့်၊ ဇွန်း၊ ပန်းကန် ထုတ်လုပ်သည်) လည်း အပါအဝင်ဖြစ်ကာ ထိုစက်ရုံတွင် အလုပ်သမား ၇ဝ ‌ကျော်ရှိသည်ဟု အလုပ်သမားများက ‌ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း မဲ‌ဆောက်မြို့၊ VJ အလုပ်ရုံရှိ အလုပ်သမ ၄ ဦးအား အလားတူ နစ်နာ‌ကြေး‌ပေးပြီး အလုပ်မှ ထုတ်ခဲ့‌သေးသလို မဲ‌ဆောက်‌ဒေသရှိ အချို့‌သော စက်ရုံ၊ အလုပ်ရုံအချို့တွင် ပုံမှန် လုပ်အားခနှင့် အချိန်ပို‌ကြေးမ‌ပေးဘဲထားရှိသည့် ပြဿနာများ ဆက်လက်ဖြစ်‌ပေါ်‌နေဆဲဖြစ်သည်ဟု အလုပ်သမားအ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။

ထိုင်းနိုင်ငံတစ်နိုင်ငံလုံးတွင် တရားဝင်နှင့် တရားမဝင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၃သန်း‌ကျော် အလုပ်လုပ်ကိုင်လျှက်ရှိပြီး တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်အပါအဝင် မြို့နယ် ၉ မြို့နယ်ထဲတွင် တရားဝင်၊ တရားမဝင် အလုပ်သမားစုစု‌ပေါင်း ၃ သိန်းနှင့် ၄သိန်းကြားတွင် ရှိသည်ဟု ခန့်မှန်း‌ပြောဆိုကြသည်။