Home သတင်း အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စု တိုင်းရင်းသားပညာ‌ရေးကဏ္ဍအတွက် ကရင် စာယဉ်အဖွဲ့များ တတိယအကြိမ် အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

အနာဂတ် ဖက်ဒရယ်ပြည်‌ထောင်စု တိုင်းရင်းသားပညာ‌ရေးကဏ္ဍအတွက် ကရင် စာယဉ်အဖွဲ့များ တတိယအကြိမ် အလုပ်ရုံ‌ဆွေး‌နွေးပွဲပြုလုပ်

2342

‌အောက်တိုဘာ ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

အနာဂတ်ဖက်ဒရယ်ပြည်‌ထောင်စုဖြစ်‌ပေါ်လာပါက အ‌ကောင်အထည်‌ဖော်ရမည့် တိုင်းရင်းသားဖက်ဒရယ်ပညာ‌ရေးစနစ်အ တွက် ရည်ရွယ်ပြီး တ်ိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများက ကရင်ပြည်နယ် ဖားအံမြို့ GABBAN ဟိုတယ်တွင် ‌အောက်တိုဘာ ၈ ရက်မှ ၁ဝရက်‌နေ့အထိ ‌ဆွေး‌နွေးမှုပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲကို ‌ကော်လား‌ဖောင်‌ဒေးရှင်း (Kaw Lah Foundation )မှ ဦး‌ဆောင်ပြုလုပ်‌ပေခဲ့ခြင်း ဖြစ်ပြီး ထိုသို့ပြုလုပ်ရသည့် ရည်ရွယ်ချက်များနှင့် ပတ်သက်၍ ‌ကော်လား‌ဖောင်‌ဒေးရှင်း (Kaw Lah Foundation)မှ Coordinator နန့်ခင်‌အေးဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“အဓိက ရည်ရွယ်ချက်က ဖက်ဒရယ် ဒီမိုက‌ရေစီပြည်‌ထောင်စု ဖြစ်လာတဲ့အခါကျရင် တိုင်းရင်းသားပညာ‌ရေးကို ဘယ်လို သွားကြမလဲဆိုတာ ကြိုပြီး‌ဆွေး‌နွေးထားတာ။ ဖက်ဒရယ်နိုင်ငံဆိုတာ ဘယ်မှာမှန်း သိ‌သေးတာ မဟုတ်ဘူး။ ဖြစ်တဲ့အခါ အ ဆင်သင့်ဖြစ်‌အောင် ကြိုတင်‌ဆွေး‌နွေးထားတာ၊ ‌နောက်တစ်ချက်က‌တော့ နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲမှာ ဖက်ဒရယ်ပညာ‌ရေး ‌ဆွေး‌နွေးရင် ကရင်မှာလည်း ဒါ‌တွေရှိထားတယ်ဆိုပြီး အဆင်သင့် ‌ဆွေး‌နွေးနိုင်‌အောင် ဖြစ်တယ်”ဟု ‌ပြောသည်။

အဆိုပါ ဖက်ဒရယ်စနစ်ဆိုင်ရာ ပညာ‌ရေး‌ဆွေး‌နွေးပွဲတွင် ရန်ကုန်တိုင်း‌ဒေသကြီး ၊ ပဲခူးတိုင်း‌ဒေသကြီး၊ တနသင်္ာရီတိုင်း ‌ဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ ကရင်စာ‌ပေယဉ်‌ကျေးမှု ‌ကော်မတီဝင်များနှင့် ကရင်နိုင်ငံ ‌ရေးပါတီများအပါ အဝင် မွန်၊ ပအိုဝ်းစသည့်စာ‌ပေယဉ်‌ကျေးမှုအဖွဲ့များမှ တက်‌ရောက်ပြီး စုစု‌ပေါင်း လူဦး‌ရေ ၄ဝ ခန့် တက်‌ရောက်‌ဆွေး‌နွေးကြသည်။

အလုပ်ရုံ‌ဆွေး‌နွေးပွဲတွင် လက်ရှိအစိုးရ စာသင်‌ကျောင်းရှိ တိုင်းရင်းသား စာ‌ပေသင်ကြားသည့် အ‌ခြေအ‌နေ၊ ‌ထောက်ပံ့မှုနှင့် စိန်‌ခေါ်မှုများကို သုံးသပ်‌ဆွေး‌နွေးပြီး အနာဂတ် တိုင်းရင်းသား ပညာ‌ရေးအတွက် မဟာဗျူဟာ စီမံကိန်းများကို ချပြ‌ဆွေး‌နွေးသွားသည့်အပြင် လက်ရှိ ဖြစ်‌ပေါ်‌နေသည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲများအ‌ပေါ် သုံးသပ်‌ဆွေး‌နွေးမှုများ ပြုလုပ်သွားသည်ဟု သိရသည်။

ထို့အပြင် တိုင်းရင်းသား စာ‌ပေသင်ကြား‌ရေးမြှင့်မားလာ‌ရေးအတွက် လက်ရှိအချိန်တွင် ကရင်ပြည်နယ် မွန်ပြည်နယ်အပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူတိုင်းနှင့် တနသင်္ာရီတိုင်း ‌ဒေသကြီးများရှိ အစိုးရ‌ကျောင်းများတွင် ‌ကျောင်းချိန်ပြင်ပ သင်ကြား‌ပေးမှုများ ရှိလာ‌သော်လည်း အခက်အခဲနှင့် စိန်‌ခေါ်မှုများစွာ ရှိ‌နေ‌သေးသည်ဟု ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီဝင်များက ‌ပြောဆိုသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီဝင် ‌စော‌မောင်တုတ်က “ကျ‌နော်တို့တိုင်းမှာက ‌ကျောင်းချိန်ပြင်ပမှာ တရားဝင်ကရင်စာသင်ခွင့်ရဖို့ ကရင်စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီက ‌တော်‌တော်‌လေးကို ချဉ်းကပ်ရတယ် ။ သင်တဲ့ဆရာမ‌တွေကို လစာ‌ပေးမယ်လို့‌ပြောတယ် ။ နှစ်ဝက်ရှိပြီး အခုထိ လစာမရ‌သေးဘူး၊ ‌နောက် တစ်ခုက တိုင်ရင်းသား စာ‌ပေသင်ကြား‌ပေးဖို့ ‌ကျောင်းသားမိဘ‌တွေက အား‌ပေးမှု၊ စိတ်ဝင်စားမှု အားနည်း‌နေ ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖက်ဒရယ်စနစ် တိုင်းရင်းသားစာ‌ပေ ပညာ‌ရေးအတွက် တိုင်းနှင့် ပြည်နယ် အသီးသီးရှိ ကရင်စာ‌ပေ ယဉ်‌ကျေးမှု အဖွဲ့ဝင်များ၊ ကရင်နိုင်ငံ‌ရေးပါတီများနှင့် ကရင်အရပ်ဖက်လူမှုအဖွဲ့အစည်းတို့မှ ရန်ကုန်တိုင်း‌ဒေသကြီးနှင့် ကရင်ပြည်နယ် ဖားအံမြို့များတွင် ယခုအလုပ်ရုံ‌ဆွေး‌နွေးပွဲ အပါအဝင် ၃ ကြိမ်တိုင် ကျင်းပ‌ဆွေး‌နွေးပြီး ဖြစ်ကာ လာမည့် နိုဝင်ဘာလတွင် ထပ်မံ‌ဆွေး‌နွေးသွားမည်ဟု သိရသည်။