Home သတင်း ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့ကို ‌ကေအဲန်ယူနှင့် ‌ဒေသခံတို့ စု‌ပေါင်းကျင်းပမည်

ဝင်း‌ရေးမြို့နယ်လုံးဆိုင်ရာ ကရင်နှစ်သစ်ကူး‌နေ့ကို ‌ကေအဲန်ယူနှင့် ‌ဒေသခံတို့ စု‌ပေါင်းကျင်းပမည်

2809

‌အောက်တိုဘာ ၂၅ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

၂၇၅၇ ခုနှစ် ပြာသိုလဆန်း ၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့အခမ်းအနားကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ‌ဒေသခံပြည်သူတို့ ပူး‌ပေါင်းကာ ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ် ဘုရားသုံးဆူမြို့တွင် စု‌ပေါင်းကျင်းပသွားမည်ဟု ‌ကေအဲန်ယူ ဒူးပလာယာခရိုင်၏ ဝင်း‌ရေးမြို့နယ် ဥက္ကဌ လည်းဖြစ်၊ နှစ်သစ်ကူးကျင်းပ‌ရေး‌ကော်မတီ ဥက္ကဌဖြစ်သူ ပဒို ‌စော‌မောင်‌ရွှေက ‌ပြောသည်။

“ ‌ရှေးလူကြီး‌တွေ ချန်ထားခဲ့တဲ့ သမိုင်း‌ကောင်း အ‌မွေအနှစ်‌တွေကို ‌နောင်လာမဲ့လူငယ်‌တွေ သိ‌အောင် သမိုင်း ထိန်း တာဝန်တစ်ရပ်အ‌နေနဲ့ ရည်ရွယ်ကျင်းပတာပါ။ ကရင်းတစ်မျိုးသားလုံးရဲ့ ‌နေ့ထူး‌နေ့မြတ်လည်း ဖြစ်တဲ့ အ‌ပေါ် မြို့နယ်တစ်ခုလုံး စည်းလုံးညီညွတ်မှုရှိလာ‌အောင်၊ ထိုင်းနိုင်ငံမှာ‌နေထိုင်တဲ့ကရင်‌တွေပါ ပူး‌ပေါင်း ပါဝင် လာနိုင်‌အောင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့မှာ ကျင်းပဖို့ ‌ရွှေးချယ်လိုက်ခြင်းဖြစ်တယ်” ဟု ပဒို‌စော‌မောင်‌ရွှေက ‌အောက်တိုဘာ ၂၅ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်သစ်ကူးသည် ကရင်တစ်မျိုးသားလုံး၏ အသက်‌သွေး‌ကြောဖြစ်ပြီး မျိုးဆက်သစ်လူငယ်များအ‌နေဖြင့် မိမိလူမျိုး သမိုင်း‌ကြောင်း သိရှိရန်လိုအပ်‌ကြောင်း၊ အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု၊ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ဖြစ်ပျက်သမျှ ပဋိပက္ခ ရန်ငြိုး ဆိုးကျိုးများကို နှစ်‌ဟောင်းမှာ သင်ပုန်း‌ခြေပြီး နှစ်သစ်မှာ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး စည်းလုံးမှုရှိ‌အောင် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

အဆိုပါ နှစ်သစ်ကူးပွဲ‌တော်ကို ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်း‌ရေးမြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု ၄၂ စု စု‌ပေါင်းကျင်းပသွားမည်ဖြစ်ပြီး ကရင်ရိုးရာယဉ်‌ကျေးမှုသမိုင်းပြခန်း၊ ရိုးရာဖီးဖူး‌ယော၊ ကရင်ဒုံးအကပြိုင်ပွဲ၊ ရိုးရာလက်‌ဝှေ့ပွဲများပါ ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။

‌ရေးမြို့နယ် ဘဲလမုရွာမှ ‌စောဖ‌လော်ဖိုးဝါးက “ တစ်ခါမှ စု‌ပေါင်းပြီး မကျင်းပဖူးဘူး‌ပေါ့‌နော်။ စု‌ပေါင်းလုပ်‌တော့ ရင်းနှီးမှုရလာမယ်။ ‌နောက်ဆို ဘာပဲလုပ်လုပ် ပူး‌ပေါင်းလုပ်‌ဆောင်တဲ့ အ‌လေ့အထဖြစ်လာမယ်။ ဒုံးအက ဆိုရင် လည်း အကဆရာ‌တွေ နယ်စုံသိခွင့်ရမယ်ဆိုရင် ‌ဒေသယဉ်‌ကျေးမှုအတွက် အများကြီးသင်ယူ‌လေ့လာခွင့် ရတာ ‌ပေါ့‌နော်။ ကိုယ်ရဲ့ ကရင်လူမျိုးသမိုင်း‌တွေ အချင်းချင်းယုံကြည်မှု‌တွေ မိတ်‌ဆွေအသစ်‌တွေ ပိုပြီးရလာမယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ၊ ဒူးပလာယာ ခရိုင်၊ ဝင်း‌ရေး‌ဒေသအတွင်း ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ယခင်က ‌ကျေးရွာ၊ ‌ကျေးရွာအုပ်စုလိုက် ကျင်းပ‌လေ့ရှိ‌သော်လည်း ယခုလို ‌ကေအဲန်ယူနှင့် ‌ဒေသခံတို့ စု‌ပေါင်းပြီး ဝင်း‌ရေးမြို့နယ် တခုလုံးအတိုင်းအတာ နှစ်သစ်ကူးပွဲကို ပထမဆုံးအကြိမ် ကျင်းပခြင်းဖြစ်‌ကြောင်း သိရသည်။