Home သတင်း ထိုင်းရှိ ကရင်‌ကျောင်းသားများအတွက် ပထမဦးဆုံးအကြိမ် အ‌ခြေခံ‌ခေတ်‌ပေါ် ဂီတသင်တန်း မဲ‌ဆောက်မြို့တွင် ဖွင့်လှစ်

ထိုင်းရှိ ကရင်‌ကျောင်းသားများအတွက် ပထမဦးဆုံးအကြိမ် အ‌ခြေခံ‌ခေတ်‌ပေါ် ဂီတသင်တန်း မဲ‌ဆောက်မြို့တွင် ဖွင့်လှစ်

2838

‌အောက်တိုဘာ ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံရှိ ကရင်‌ကျောင်းသား၊ ‌ကျောင်းသူများအတွက် ပထမဦးဆုံးအကြိမ် အ‌ခြေခံ ‌ခေတ်‌ပေါ် ဂီတ (Guitars-(ဂစ်တာများ)၊ Drum(ဗုံ)၊ Keyboard- (ကီးဘုတ်) သင်တန်းအစီအစဉ်တစ်ခုကို ‌အောက်တိုဘာ ၁၆ ရက်‌နေ့တွင် တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့၊ First Church (ကရင်ဘုရား‌ကျောင်း)၌ ဖွင့်လှစ်လိုက်သည်။

တာ့ခ်ခရိုင်ရှိ မဲ‌ဆောက်အပါအဝင် ထာ့‌ဆောင်ယန်းနှင့် မဲ့လမတ် မြို့နယ်များမှလာ‌ရောက်‌သော ခရစ်ယာန် အသင်း ‌တော် (၁၀) ဖွဲ့၏ ‌ကျောင်းသားလူငယ် (၆၀) ဦးတို့အား ‌ခေတ်‌ပေါ် ဂီတဆရာ (၇)ဦးတို့မှ ‌အောက်တိုဘာ ၁၆ ရက်မှ ၃ဝ ရက် ‌နေ့အထိ (နှစ်ပတ်ကြာ) အခမဲ့သင်ကြား‌ပေးသွားမည်ဖြစ်‌ကြောင်း သင်တန်းဖြစ်‌မြောက်‌ရေး တာဝန်ခံ ‌စောထီး‌ဖောက ‌ပြောသည်။

၎င်းက “ဒီသင်တန်းက‌နေ အရည်အချင်းရှိတဲ့ က‌လေး‌တွေ ထွက်လာမယ်။ သင်တန်းပြီးရင်လည်း အသင်း‌တော်အတွက် ဝိုင်းဝန်း၊ ပါဝင် အ‌ထောက်အကူပြုနိုင်‌အောင်၊ ဘုရားကို သိမြင်လာ‌အောင်၊ အသက်‌မွေးဝမ်း ‌ကျောင်းပညာအထိ ဖြစ်လာ‌အောင် ရည်ရွယ်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံတွင် ယခုအချိန်သည် ‌ကျောင်းပိတ်ရက်ရှည်ဖြစ်၍ ဂီတပညာကို သင်‌ပေးခြင်းအားဖြင့် ဂီတကို စိတ်ပါ ဝင်စားလာကာ မူးယစ်‌ဆေးဝါး သုံးစွဲမိမည် မဟုတ်နိုင်‌ကြောင်းနှင့် အမျိုးသား‌ရေး အတွက်လည်း တစ်‌ထောင့် တစ်‌နေရာမှ ပါဝင်ကူညီနိုင်‌စေရန်လည်း ရည်ရွယ်‌ကြောင်း သင်တန်းတာဝန်ရှိသူများက ‌ပြောသည်။

လူဦး‌ရေ ၇ဝ ‌ကျော် တက်‌ရောက်ခဲ့ကြသည့် ၎င်း‌ခေတ်‌ပေါ် ဂီတသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မိတ်ဆက်ခြင်း၊ သင်တန်း ဖြစ်‌မြောက်‌ရေးတာဝန်ရှိသူ များမှ မိန့်ခွန်း အား‌ပေးစကား‌ပြောကြားခြင်း၊ ‌တေးသီချင်းများဖြင့် တီးခတ် သီဆိုခြင်းများ ပြုလုပ်ခဲ့သည်။

မဲ‌ဆောက်မြို့နယ်၊ ခလီးသူးကလိုးရွာမှ Drum(ဗုံ) ပညာ လာ‌ရောက်သင်ယူသူ သင်တန်းသား ‌စောခူ့မူးက ̏ အရင်က သင်ချင် ‌ပေမယ့် ဒီလိုအခွင့်အ‌ရေးမျိုးမရခဲ့ဘူး။ ခု ရလာပြီ။ နာမည်ကြီး Drummer တစ်‌ယောက်ဖြစ်ချင်တယ်။ သင်တန်း ပြီးရင် ရွာမှာ ပြန်သင်ပြ‌ပေးမယ်။˝ ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်တွင် ပြုလုပ်သည့် ရက်တို ‌ခေတ်‌ပေါ် ဂီတသင်တန်းသည် ပထမဦးဆုံးအကြိမ် ဖြစ်‌သော်လည်း ‌နောင် တွင်လည်း က‌လေးများ အရည်အ‌သွေးမြင့်မားလာရန်ရည်ရွယ်၍ ဆက်လက်ဖွင့်လှစ်သွားဦးမည် ဖြစ် ‌ကြောင်း သင်တန်းစီစဉ်သူများက ‌ပြောသည်။