Home သတင်း တိုင်းရင်းစာ‌ပေသင် ဆရာ/ဆရာမများ ချီးမြှင်‌ငွေ အပြည့်မရဟု ပြည်နယ်စာယဉ်‌ပြော

တိုင်းရင်းစာ‌ပေသင် ဆရာ/ဆရာမများ ချီးမြှင်‌ငွေ အပြည့်မရဟု ပြည်နယ်စာယဉ်‌ပြော

2569

‌အောက်တိုဘာ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

တိုင်းရင်းသားဘာသာစာ‌ပေသင်ကြား‌ပေး‌နေသည့် ‌ကျောင်းဆရာ၊ ဆရာမများအတွက် အစိုးရမှ‌ပေးအပ်သည့် ချီးမြှင့်‌ငွေ များမှာ ပြည်နယ်အတွင်းရှိ အချို့မြို့နယ်များတွင် အပြည့်အဝမရရှိမှုများ ဖြစ်‌ပေါ်‌နေ‌ကြောင်း ကရင်ပြည်နယ် ကရင် စာ‌ပေနှင့် ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းက ‌ပြောဆိုလိုက်သည်။

ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း ဥက္ကဌ ‌စော‌အေးမြက “ဒီပြဿနာ‌တွေက လက်ရှိအချိန်အထိ ကြုံ‌တွေ့‌နေရတဲ့ ပကတိအ‌ခြေ‌နေ အမှန်‌တွေပဲဖြစ်ပါတယ်။ ၂၀၁၄-၁၅ ခုနှစ်‌လောက်မှ စ လာတဲ့ပြဿနာ‌တွေ‌ပေါ့။ တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးစီမံမှု‌တွေမှာ အားနည်းမှု‌တွေနဲ့အချို့မသာမှု‌တွေရှိ ‌နေတဲ့အတွက်‌ကြောင့်ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အ‌ခြေအ‌နေများနှင့်ပတ်သက်ပြီး ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်း အ‌နေဖြင့် ‌အောက်တိုဘာလ ၂၄ ရက်‌နေ့ရက်စွဲဖြင့် ပြည်နယ်လွှတ်‌တော်တိုင်းရင်းသားလူမျိုးများအ‌ရေးဆိုင်ရာ‌ကော်မတီ၊ မွန်၊ ဗမာ၊ ပအိုဝ်းစသည့် တိုင်းရင်းသား‌ရေးရာဝန်ကြီးများအပြင် ပြည်နယ်စာရင်း စစ်ချုပ်များထံ စာ‌ရေးသား‌ပေးပို့ထား‌ကြောင်း သိရ သည်။

လက်ရှိကရင်ပြည်နယ်အတွင်းရှိ အချို့‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးအတွက် ‌ကျောင်းအုပ်အချို့မှ နှစ် မြို့မှုမရှိခြင်း‌ကြောင့် ယ‌နေ့အထိ စာ‌ပေသင်ကြားမှုမရှိ‌သေးသည့် ‌ကျောင်းများရှိ‌နေခြင်း၊ တိုင်းရင်းသား စာ‌ပေသင်ကြား‌ပေး သည့် ဆရာများအ‌ပေါ် ခွဲခြားမှုများရှိ‌နေခြင်း၊ အမှန်တကယ် သင်ကြား‌ပေးသည့် ဆရာအ‌ရေအတွက် ထက်ပိုပြီး စာရင်း တင်ပြသည့်‌ကျောင်းများလည်းရှိ‌နေခြင်းစသည့် အ‌ခြေအ‌နေများဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း သိရသည်။

‌ကျောင်းချိန်ပြင်ပ တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေးအတွက် သင်ကြား‌ပေးသည့်ဆရာ၊ ဆရာမများကို တစ်လလျှင် ကျပ် ၃၀,၀၀ဝ ချီးမြှင့်ထား‌သော်လည်း အချို့‌ကျောင်းများတွင် ပုံမှန်သင်ကြားမှုမရှိဘဲ ချီးမြှင့်‌ငွေထုတ်ယူ ‌နေခြင်း၊ မသမာသည့် နည်းဖြင့် စာရင်းတင်ပြထားသည့် ဆရာ၊ ဆရာမ ချီးမြှင့်‌ငွေများ အားထုတ်ယူခြင်းများ ရှိ‌နေ‌ကြောင်း စာရင်းနှင့်တကွ ပြည်နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးမှ ‌ပေးပို့သည့်စာတွင် ‌ဖော်ပြထားသည်။

‌ကော့ကရိတ်မြို့နယ် ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု တိုးတက်ပြန့်ပွား‌ရေးအသင်းဥက္ကဌ မန်းသိန်း‌ဇော်က “တစ်ချို့ ဆရာ၊ ဆရာမ ချီးမြှင့်‌ငွေ‌တွေက ‌နှောင့်‌နှေးကြန့်ကြာမှု‌တွေလည်းရှိတယ်။ တစ်ချို့ကလည်းတင်တယ်၊ မရဘူး။ တစ်ချို့အမှန် တကယ်သင်တာက ၂ ‌ယောက်စာရင်းတင်ပြီးချီးမြှင့့်‌ငွေထုတ်တာက ၅ ‌ယောက်ဖြစ်‌နေတာ ‌တွေရှိတယ်။ ခရိုင်၊ မြို့နယ် ပ ညာ‌ရေးဌာန‌တွေ ‌ကျောင်းအုပ်‌တွေ၊ အုပ်စုမှူး‌တွေ စာ‌ပေယဉ်‌ကျေးမှုအဖွဲ့‌တွေ မျက်နှာချင်းဆိုင် ‌ဆွေး‌နွေးအ‌ဖြေရှာ၊ နည်း လမ်းရှာပြီး ပူး‌ပေါင်းလုပ်‌ဆောင်ဖို့လိုတယ်။ အဲလိုမလုပ်နိုင်ရင် ဒီပြဿနာ‌တွေက ဆက်ရှိ‌နေအုံးမှာဖြစ်တယ်”ဟု ‌ပြောသည်။

ထို့အပြင် လက်ရှိဖြစ်‌ပေါ်‌နေသည့်အ‌ခြေအ‌နေများ‌ကြောင့် မြို့နယ်အဆင့်ကြီးကြပ်‌ရေးအဖွဲ့အား ပိုမိုအား‌ကောင်း လာ‌စေရန် လုပ်‌ဆောင်ရမည့်အပြင် စာ‌ပေသင်ကြား‌ရေးနှင့်ပတ်သက်ပြီး နယ်‌မြေ‌ဒေသစစ်‌ဆေး‌ရေးအတွက် လျာထားသည့် တာဝန်ခံ များအား တိကျခိုင်မာသည့် တာဝန်များအမြန်ဆုံး‌ပေးအပ်နိုင်ရန် စီစဉ်‌ဆောင်ရွက်ရန်လို‌ကြောင်းလည်း ကရင်ပြည် နယ်ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုတိုးတက်ပြန့်ပွား‌ရေးအသင်းမှ တိုက်တွန်း‌တောင်းဆိုထားသည်။

၂၀၁၇-၂၀၁၈ ပညာသင်နှစ် စက်တင်ဘာလအထိ တိုင်းရင်းသားစာ‌ပေသင်ကြားမှုအတွက် ‌ကောက်ယူထားသည့် စာရင်း များအရ ကရင်ပြည်နယ်အတွင်း ‌ကျောင်း‌ပေါင်း ၁,၃၃၇ ‌ကျောင်း၊ သင်ကြား‌ပေးသည့် ဆရာ၊ ဆရာမဦး‌ရေ ၂,၄၅ဝ ဦးနှင့် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၈၅,၀၃၂ ဦးရှိ‌ကြောင်း သိရသည်။