Home သတင်း ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ သဘာဝ‌တောင် (၄)ခုကို ကာကွယ်ရန် ကွန်ရက်ဖွဲ့စည်း

ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရှိ သဘာဝ‌တောင် (၄)ခုကို ကာကွယ်ရန် ကွန်ရက်ဖွဲ့စည်း

2352

‌အောက်တိုဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ်ရှိ မိကရင်၊ ‌တောင်က‌လေး(‌တောင်ကုန်း)၊ လွန်းညနှင့် မွန်ပြည်နယ်ရှိ မင်းလွင်‌တောင် စသည့် ကရင်လူမျိုးအ‌ခြေစိုက်‌နေထိုင်ရာ‌ဒေသ ‌တောင်(၄)ခုကို ကာကွယ်ထိန်းသိမ်းသွားကြရန် ရည်ရွယ်၍ သဘာဝ‌တော‌တောင် ‌ရေ‌မြေ ကာကွယ်ထိန်းသိမ်း‌ရေးကွန်ရက်ကို စက်တင်ဘာ ၃ဝ ရက်‌နေ့၌ ဖားအံမြို့တွင် ဖွဲ့စည်းခဲ့သည်ဟု ယင်းကွန်ရက်၏ ဥက္ကဌဖြစ်သူ ‌စောစံတင်က ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌တောင်‌လေးလုံးစလုံးဟာ ‌ကျောက်ထုတ်ဖို့ထဲမှာ ပါဝင်‌နေတာပါ။ ဒါ‌ကြောင့် ကျ‌နော်တို့‌ဒေသက သူများ‌တွေ လာ လုပ်လို့ မရ‌အောင် ထိန်းသိမ်းကာကွယ်တဲ့အ‌နေနဲ့ ဒီကွန်ရက်ကို ဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဒီကွန်ရက် လုပ်ငန်းနဲ့ ပတ်သက်ပြီး ကျ‌နော်တို့ အစည်းအ‌ဝေးလုပ်ပြီး ‌ပြောဆိုကြဖို့လည်း ဆုံးဖြတ်ထားပါတယ်”ဟု ၎င်းက ‌ပြောဆိုသည်။

ထိုသို့ ဖွဲ့စည်းခဲ့ရာတွင် ဥက္ကဌ ‌စောစံတင် (မင်းလွင်)၊ ဒု-ဥက္ကဌ ‌စော‌ကျော်လှ(မိကရင်)၊ အတွင်း‌ရေးမှူး ‌စောလှ‌ငွေ (လွန်းည)၊ တွဲဖက်အတွင်း‌ရေးမှူး ‌စောဇာလီ(‌တောင်က‌လေး-‌တောင်ကုန်း)၊ ပြန်ကြား‌ရေး ‌စောခိုင်ဝင်း‌ထွေး၊ နန်းချိုချိုသင်း၊ စည်းရုံး‌ရေး နန်းသန်းသန်းဝင်းနှင့် အဖွဲ့ဝင်အဖြစ် ‌ဒေသတစ်ခုလျှင် (၆)ဦးစီတို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကွန်ရက်ဖွဲ့စည်းခြင်းနှင့်တကွ ကွန်ရက်နှင့်ပတ်သက်၍ ရည်ရွယ်ချက်နှင့် လိုအပ်သည့် စည်းကမ်းသတ်မှတ်ချက်များ ‌ရေးဆွဲ ချမှတ်ထားပြီဖြစ်သလို ‌ရှေ့လုပ်ငန်းစဉ်များအတွက် ‌ဆောင်ရွက်သွားရန်၊ နှစ်လတစ်ကြိမ်ဖြင့် ‌တွေ့ဆုံသွားရန် ဆုံးဖြတ်ခဲ့‌ကြောင်းလည်း သဘာဝ‌တော‌တောင် ‌ရေ‌မြေကာကွယ်ထိန်းသိမ်း‌ရေးကွန်ရက်က ဆိုသည်။

မိကရင်၊ ‌တောင်က‌လေး(‌တောင်ကုန်း)၊ လွန်းညနှင့် မင်းလွင် စသည့် ‌တောင်များသည် ထုံး‌ကျောက် အမျိုးအစား‌တောင်များဖြစ်ကြပြီး ထုံး‌ကျောက်သည် ဘိလပ်‌မြေထုတ်လုပ်ရန်အတွက် အသုံးဝင်‌သော ကုန်ကြမ်းဖြစ်ကာ လမ်းခင်းရန်အတွက် အသုံးပြုခြင်းများလည်း ရှိသည်။

အဆိုပါ ဖွဲ့စည်းထားသည့် ကွန်ရက်၌ ပါဝင်ကြသူများသည် ၎င်း‌ဒေသ‌တောင်အသီးသီးရှိ ‌တောင်များကို သဘာဝပတ် ဝန်းကျင် ထိန်းသိမ်း‌ရေးနှင့် နဂိုမူလအတိုင်း ထားရှိလိုသဖြင့် လုပ်ငန်းရှင်များမှ ‌ကျောက်ထုတ်‌ရေးလုပ်ငန်း မလုပ်‌ရေး အတွက် ကန့်ကွက်‌တောင်းဆိုကြသည့် တက်ကြွလှုပ်ရှားသူများ ဖြစ်‌ကြောင်း သိရသည်။