Home သတင်း မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းမှ ၅ နှစ်‌အောက် က‌လေးငယ် ၄၀ဝ နီးပါးကို ကာကွယ်‌ဆေးထိုး‌ပေး

မြိုင်ကြီးငူ စစ်‌ဘေး‌ရှောင်စခန်းမှ ၅ နှစ်‌အောက် က‌လေးငယ် ၄၀ဝ နီးပါးကို ကာကွယ်‌ဆေးထိုး‌ပေး

2911

စက်တင်ဘာ ၆ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ် လှှိုင်းဘွဲမြို့နယ် ၊ မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်စခန်းအတွင်းရှိ ၅ နှစ်‌အောက် က‌လေးငယ် ၄၀ဝ နီးပါးကို ‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန (KDHW)နှင့် ပြည်နယ်အစိုးရကျန်းမာ‌ရေးဌာနတို့ ပူး ‌ပေါင်းပြီး ကာကွယ်‌ဆေးထိုးနှံ‌ပေးမှုများပြုလုပ်ခဲ့‌ကြောင်း ပြည်နယ်ကျန်းမာ‌ရေးဌာနထံမှ သိရသည်။

အဆိုပါ ကာကွယ်‌ဆေးထိုးနှံ‌ပေးမှုများကို ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ကျန်းမာ‌ရေးဌာနတစ် ခုဖြစ်သည့် KDHW နှင့် ပြည်နယ်အစိုးရ ကျန်းမာ‌ရေးဌာနတို့ပူး‌ပေါင်းပြီး ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ မြိုင် ကြီးငူ စစ်‌ဘေး‌ရှောင်က‌လေးများအတွက် ထိုးနှံ‌ပေးခဲ့ခြင်းဖြစ်သည်ဟု ပြည်နယ်တိုးချဲ့ကာကွယ်‌ဆေးထိုးလုပ်ငန်း လက်‌ထောက်ညွှန်ကြား‌ရေးမှူး ‌ဒေါက်တာ ‌ဒေါ်နိုင်နိုင်ထွန်းက ယ‌နေ့ ( စက်တင်ဘာ ၆)ရက်တွင် ‌ပြောသည်။

‌ဒေါက်တာ ‌ဒေါ်နိုင်နိုင်ထွန်းက “အခု စစ်‌ရှောင်က‌လေး‌တွေက အရင်က ကာကွယ်‌ဆေးတစ်ခါမှ မရခဲ့ဖူးဘူး။ KDHW နဲ့ပူး ‌ပေါင်းပြီး အခုနဲ့ဆို တတိယ အကြိမ်‌မြောက်ဖြစ်ပါတယ်။ သူတို့ကို အဓိကအားဖြင့် ‌ရောဂါကာကွယ် ‌ဆေး ၁ဝ မျိုးအတွက် ထိုး‌ပေးရ တာဖြစ်ပါ တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အစီအစဉ်တွင် မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းမှ အသက် ၅ နှစ် ‌အောက် က‌လေးငယ်များကို တီဘီ၊ ‌မေး ခိုင်၊ ဝက်သက်၊ ဆုံဆို့ ၊ ကြက်ညှာ၊ အသဲ‌ရောင်အသားဝါဘီ၊ ပြင်းထန် အဆုတ်‌ရောင်‌ရောဂါ၊ ဂျိုက်သိုးနှင့်ပိုလီ ယိုစသည့် ‌ရောဂါများ ကာကွယ်ရန်အတွက် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများတွင် သုံးကြိမ်တိုင်ကြိုတင် ကာကွယ်‌ဆေးထိုး‌ပေးခြင်းဖြစ်သည်။

ကာကွယ်‌ဆေးထိုးနှံ‌ပေးရာတွင်လည်း အချို့မိဘများအ‌နေဖြင့် ကာကွယ်‌ဆေးနှင့်ပတ်သက်သည့် ပူး‌ပေါင်းပါဝင်မှုအားနည်း ‌နေ‌သေးခြင်း စသည့် အ‌ခြေအ‌နေများရှိ‌နေသည့်အတွက် အချို့က‌လေး ငယ်များမှာ ကာကွယ်‌ဆေးထိုးနှံရန် ကျန်ရှိ‌နေ ‌သေးပြီး ရာနှုန်းပြည့်ပါဝင်လာနိုင်ရန်အတွက် ကြိုးစားလုပ်‌ဆောင်‌နေ‌ကြောင်းလည်း ‌ဒေါက်တာ ‌ဒေါ်နိုင်နိုင်ထွန်းက ဆက် ‌ပြောသည်။

၎င်းက “က‌လေး တစ်ရာ‌ကျော်‌လောက်က‌တော့ ကာကွယ်‌ဆေးထိုးဖို့ကျန်‌နေ‌သေးတယ်။ ကျန်းမာ‌ရေးဝန်ထမ်း‌တွေကိုယ် တိုင် အိမ်တိုင်ရာ‌ရောက် လိုက်‌ခေါ်ပြီးစည်းရုံးတယ်။ ကားနဲ့လည်းလိုက်‌ခေါ်တယ်။ ဒါက‌တော့ သူတို့ ကာကွယ်‌ဆေးကို လက်မခံ‌သေးတာရယ်၊ ‌ကြောက်တာရယ်‌ပေါ့‌နော်။ ကာကွယ်‌ဆေးထိုးရင် က‌လေးက ဖျားမယ်။ နာမယ်စသည်ဖြင့်‌ပေါ့။ အဲဒါ‌ကြောင့်လည်း ကာကွယ်‌ဆေးလာမထိုးကြဘူး‌ပေါ့။ ဆရာမတို့က‌တော့ အတတ်နိုင်ဆုံးပါဝင်လာ‌အောင် စည်းရုံးပြီး‌ခေါ် ‌နေတာ‌ပေါ့” ဟု‌ပြောသည်။

ထိုသို့ကာကွယ်‌ဆေးထိုးနှံ‌ပေးခြင်းအပြင် စစ်‌ဘေး‌ရှောင်စခန်းအတွက် ဆန်အိတ်များလှူဒါန်းခြင်း၊ အခြား‌သော INGO အဖွဲ့များဖြစ်သည့် Save the Childrenနှင့် IRC တို့နှင့်ပူး‌ပေါင်းကာ က‌လေးနှင့်မိခင်များအတွက် ကျန်းမာ ‌ရေးအ‌ထောက် အကူပြု‌ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများကို ကူညီမှုများပြုလုပ်‌နေ‌ကြောင်းလည်း သိရသည်။

KNU နှင့် အစိုးရ တပ်မ‌တော်တို့ အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်ထိုးပြီးသည့် ‌နောက်ပိုင်းတွင် KDHW အ‌နေဖြင့် ကျန်းမာ ‌ရေး ဝန်‌ဆောင်မှုလုပ်ငန်းများဖြစ်သည့် ကာကွယ်‌ဆေးထိုးလုပ်ငန်းအပြင် တီဘီ‌ရောဂါ၊ ငှက်ဖျားတိုက်ဖျက်‌ရေးစသည့် လုပ် ငန်းစဉ်များလည်း အစိုးရ ကျန်းမာ‌ရေးဌာနတို့နှင့် ပူး‌ပေါင်း‌ဆောင်ရွက်လျှက်ရှိသည်ဟု သိရသည်။

KDHW မှ မိသားစုကျန်းမာ‌ရေးညှိနှိုင်း‌ရေးမှူး ‌ဒေါက်တာထက်ကိုကိုလင်းက “တခြား‌နေရာ‌တွေမှာကျ‌တော့ ကျ‌နော်တို့ ပူး‌ပေါင်းလုပ်‌ဆောင်တာ‌တွေရှိတာ‌ပေါ့။ ကျ‌နော်တို့မြိုင်ကြီးငူ စစ်‌ရှောင်စခန်းမှာ အခုလိုပူး‌ပေါင်းပြီး ကာကွယ် ‌ဆေးထိုး လုပ်ငန်းလုပ်ငန်းလုပ်နိုင်တာ ဒီနှစ်မှပါ။ စစ်‌ဘေး‌ရှောင်စခန်းအတွက် အခုတတိယ အကြိမ်လည်းဖြစ်တယ်။ ‌နောက်ဆုံး အ ကြိမ်လည်းဖြစ်ပါတယ်။ ပူး‌ပေါင်း‌ဆောင်ရွက်မှုက‌နေ နှစ်ဖက်ကျန်းမာ‌ရေးလုပ်သား အချင်းချင်း ရင်းနှီးမှုအပြင် လုပ်ငန်း ပိုင်းဆိုင်ရာ ပူး‌ပေါင်းလုပ်‌ဆောင်မှုအတွက် အလားအလာ‌ကောင်း တစ်ရပ်ဖြစ်ပါတယ်”ဟု ‌ပြောသည်။

ကရင်ပြည်နယ် ကျန်းမာ‌ရေးအဖွဲ့နှင့် KDHW တို့ ပူး‌ပေါင်းလုပ်‌ဆောင်သည့် ကာကွယ်‌ဆေးထိုးလုပ်ငန်းစဉ်ကို ၂၀၁၆ ခုနှစ် တွင် စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကာ ကရင်ပြည်နယ် ဖားအံ၊ လှှိုင်းဘွဲနှင့် ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ ‌ကျေးရွာ ၉၃ ရွာမှ ၅ နှစ်‌အောက်က‌လေးများကို ကာကွယ်‌ဆေးသွား‌ရောက်ထိုး‌ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့်မြို့နယ်များဖြစ်သည့် မြဝတီနှင့် ‌ကော့ကရိတ်မြို့နယ်များတွင် ဆက်လက်ထိုးနှံ‌ပေးသွားမည်ဖြစ်‌ကြောင်း ပြည်နယ်ကျန်းမာ‌ရေးဌာနထံမှ သိရသည်။