Home သတင်း NCA တွင် အားလုံးပါဝင်လာ‌ရေးအတွက် JMC ‌အောင်မြင်မှုအ‌ပေါ်တွင်လည်း မူတည်‌နေ

NCA တွင် အားလုံးပါဝင်လာ‌ရေးအတွက် JMC ‌အောင်မြင်မှုအ‌ပေါ်တွင်လည်း မူတည်‌နေ

2180

စက်တင်ဘာ ၂၀၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ငြိမ်းချမ်း‌ရေး ဖြစ်စဉ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ်-NCA တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်လာနိုင်‌ရေးအတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ (JMC) ၏ ‌အောင်မြင်မှုအ‌ပေါ်တွင်လည်း မူတည်‌နေသည်ဟု JMC ဒုဥက္ကဌ-၁ ဗိုလ်ချုပ် ‌စောအိုင်းဇက်ဖိုးက ‌ပြောသည်။

ရန်ကုန်မြို့၊ ‌ရွှေလီလမ်းရှိ အမျိုးသား ပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး ဗဟိုဌာန (NRPC) အစည်းအ‌ဝေးခန်းမ၌ စက်တင်ဘာလ ၂ဝ ရက်၊ နံနက်ပိုင်းက ပြုလုပ်သည့် ၁၂ ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးအဖွင့် မိန့်ခွန်း ‌ပြောကြားရာတွင် KNU/KNLA မှ ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုးက ယခုလို‌ပြောသည်။

၎င်းက“NCA ရည်မှန်းချက်က ဖက်ဒရယ်ဒီမိုက‌ရေစီတည်‌ထောင်မှာဖြစ်လို့ တစ်ပြည်လုံးမှာရှိတဲ့ လက်နက်ကိုင် လူမျိုးများအားလုံး နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ပါဝင်လာနိုင်ဖို့လည်း လိုအပ်ပါတယ်။ NCA က တစ်ဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေကို တက်‌ရောက်နိုင်မှာဖြစ်လို့ ကျ‌နော်တို့ JMC အ‌ပေါ် မှာလည်း အများကြီး မူတည်‌နေပါတယ်။ JMC ရဲ့ တရားမျှတမှု၊ ‌အောင်မြင်မှုနဲ့ သူတို့ယုံကြည်မှုရှိမှဘဲ ကျ‌နော်တို့နဲ့ ပူး‌ပေါင်းပါဝင်လာနိုင်မှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဘယ်လိုဘဲ အခက်အခဲရှိရှိ အားလုံးက သည်းခံစိတ်ထားပြီး‌တော့ စိတ်ရှည်ရှည်ဇွဲရှိရှိနဲ့ ဆက်လက် အ‌ကောင် အထည်‌ဖော်သွားဖို့ လိုအပ်ပါတယ်” ဟု ‌ပြောသည်။

အလားတူ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ကောင်အထည်‌ဖော်‌နေစဉ် အခက်အခဲ၊ ပဋိပက္ခများ ‌ပေါ်‌ပေါက်လာပါက မည်သို့ လုပ်‌ဆောင်မည်နှင့် ပတ်သက်ပြီး ပူးတွဲ‌ကော်မတီများတွင် လုပ်ထုံးလုပ်နည်း (ToR) များ‌ဆွေး‌နွေး ချမှတ်ထား‌ကြောင်း၊ ယင်းတို့သည် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွက် အသက်ဖြစ်သလို လိုက်နာ‌ဆောင်ရွက်သွားမှ သာလျှင် ငြိမ်းချမ်း‌ရေး ဖြစ်စဉ် ‌အောင်မြင်မှုရှိမည်ဖြစ်သည်ဟု JMC-U ဥက္ကဌ၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ‌ဆွေး‌နွေးပွဲအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ‌ပြောဆိုသည်။

သုံးရက်ကြာ ပြုလုပ်သွားမည့် ၁၂ကြိမ်‌မြောက် JMC-U အစည်းအ‌ဝေးသို့ JMC-U ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒုဥက္ကဌ(၁) ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုး (KNU)နှင့် ဒုဥက္ကဌ-၂ အရပ်သားကိုယ်စားလှယ် Rv.‌စောမက်သရူး‌အေးတို့ အပါအဝင် ‌ကော်မတီဝင်များ တက် ‌ရောက်‌ဆွေး‌နွေး‌နေသလို အစည်းအ‌ဝေးတွင် JMC နှင့် ပတ်သက်သည့် ‌ရှေ့လုပ်ငန်းစဉ်များ၊ လုပ်ထုံး လုပ်နည်း နှင့် လုပ်ငန်းလမ်းညွှန်များကို ‌ဆွေး‌နွေးသွားမည်ဖြစ်သည်။

ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ ရပ်စဲ‌ရေး ပူးတွဲ‌ကော်မတီကို ၂၀၁၅ ခုနှစ် ‌အောက်တိုဘာ ၁၅ ရက်‌နေ့တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့တို့ NCA ထိုးပြီး‌နောက်ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။ ‌ကော်မတီကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ တပ်မ‌တော်သား ကိုယ်စားလှယ်များ၊ နှစ်ဖက် အဆိုပြုသည့် အရပ်သားကိုယ်စားလှယ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

‌ကော်မတီဖွဲ့စည်းမှု နှစ်နှစ်နီးပါး အချိန်ထိ အစည်းအ‌ဝေး ၁၂ ကြိမ်‌မြောက်ကျင်းပခဲ့သလို ‌ကော်မတီအ‌နေဖြင့် ပြည်နယ်နှင့်တိုင်း‌ဒေသကြီး အဆင့် JMC-S ‌ကော်မတီ ၅ ခုနှင့်၊ ‌ဒေသအဆင့် JMC-L ‌ကော်မတီ ၂ ခုတို့ ဖွဲ့စည်းကာ ပူးတွဲလုပ်ငန်းများ လုပ်‌ဆောင်လျက်ရှိ‌ကြောင်း ‌ကော်မတီထံမှ သိရသည်။