Home သတင်း ၂၂ နှစ်အကြာ ‌မှေးမှိန်ခဲ့သည့် ဒုံရင်းမြို့နယ် KYO ကို အသစ်ပြန်လည်ဖွဲ့စည်း

၂၂ နှစ်အကြာ ‌မှေးမှိန်ခဲ့သည့် ဒုံရင်းမြို့နယ် KYO ကို အသစ်ပြန်လည်ဖွဲ့စည်း

2170

စက်တင်ဘာ ၂ဝ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခရိုင်တစ်ခုဖြစ်သည့် ဖားအံခရိုင်အတွင်းရှိ ဒုံရင်းမြို့နယ် ကရင်လူငယ် အစည်းအရုံး -KYO ကို ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်‌နေ့က ပြန်လည်ဖွဲ့စည်းလိုက်ပြီဖြစ်‌ကြောင်း သိရသည်။

ဒုံရင်းမြို့နယ် KYO ကို ယခင်က ဖွဲ့စည်းထားမှုများရှိခဲ့‌သော်လည်း KNU ၏ ဌာနချုပ်‌ဟောင်းဖြစ်သည့် မာနယ်ပ‌လော ကျပြီး‌နောက်ပိုင်းတွင် လုပ်ငန်းလုပ်‌ဆောင်မှုရပ်ဆိုင်းသွားခဲ့သည့်အတွက် ယခုမှသာ ပြန်လည်ဖွဲ့စည်းနိုင်ခဲ့ခြင်း ဖြစ်သည်။

ဒုံရင်းမြို့နယ် KYO အတွင်း‌ရေးမှူး ‌စောအစိုင်းက “ဟိုးအရင်က ဖွဲ့ထားဖူးတာ‌တော့ရှိတယ်။ အခုပြန်ဖွဲ့ရတာက လုပ်‌ဆောင်ချက်မရှိ‌တော့ အသိအမြင်‌တွေကွဲပြား လာတာ၊ အချင်းချင်းချိတ်ဆက်မှု အားနည်းသွားတာ ‌တွေရှိ တယ်။ အဲဒါကို အတတ်နိုင်ဆုံး ပြန်ပြီးလုပ်‌ဆောင်နိုင်ဖို့‌ပေါ့။ အဓိကက‌တော့ ကရင်တစ်မျိုးသားလုံး စည်းလုံး မှုပြန် လည်ရရှိ‌စေဖို့ အတွက်ဖြစ်ပါတယ်” ဟု‌ပြောသည်။

ယမန်‌နေ့က ဖွဲ့စည်းလိုက်သည့် ဒုံရင်းမြို့နယ် KYO တွင် ဥက္ကဌ ‌စော‌ဒေါမနစ်၊ အတွင်း‌ရေးမှူး ‌စောအဆိုင်းတို့ဖြစ်ပြီး ကဏ္ဍအလိုက်တာဝန်ခံများအဖြစ် လူမှု‌ရေးတာဝန်ခံ ‌စောပြည့်ဖြိုး‌အောင်၊ စည်းရုံး‌ရေး ‌စောကစ်စ်(Kiss)၊ သဘာဝ ပတ်ဝန်းကျင် ‌စောဝင်း‌ဇော်ဦး၊ ဘဏ္ဍာ‌ရေး ‌နော်‌အေမီ‌အေး၊ စာရင်းစစ် ‌နော်သိဂင်္ီ‌ရွှေတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်တွင် ယခုဖွဲ့စည်းလိုက်သည့် ဒုံရင်းမြို့နယ် KYO အပါအဝင် လှိုင်းဘွဲ၊ ပိုင်ကျုံ ၊ ထီလုံ၊ တ‌နေးခြား စသည့် မြို့နယ် ၅ မြို့နယ်ရှိပြီး အဆိုပါ မြို့နယ်များတွင်လည်း မြို့နယ် အဆင့် KYOကို အသီးသီးဖွဲ့စည်းထားကာ လုပ်ငန်းများ လုပ်‌ဆောင်‌နေ‌ကြောင်း သိရသည်။

ထိုသို့လုပ်‌ဆောင်ရာတွင် ဒုံရင်းမြို့နယ် KYO အ‌နေဖြင့် လက်ရှိ ကရင်ပြည်နယ်အတွင်း ကြုံ‌တွေ့‌နေရသည့် မူးယစ် ‌ဆေးဝါးပြဿနာများအား ‌လျှော့ချနိုင်‌ရေးအပြင်၊ လူမှု‌ရေး၊ ပညာ‌ရေး၊ စီးပွား‌ရေးဆိုင်ရာ အခွင့်အလမ်းနှင့် အ‌မြော် အမြင်များရရှိလာနိုင်‌ရေးအတွက် KYO(ဗဟို)မှဦး‌ဆောင်မှုဖြင့် ချမှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း တစ်ဆင့်ချင်းအ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်းလည်း အတွင်း‌ရေးမှူး ‌စောအဆိုင်းက ‌ပြောသည်။

ကရင်လူငယ်အစည်းအရုံး KYO ကို မန်းဘခိုင်၊ မန်းဝင်း‌မောင်၊ မန်း‌ကျော်စိန်တို့ ဦ‌ဆောင်ပြီး ၁၉၄၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ဥက္ကဌ အဖြစ် မန်းဘခိုင်မှ တာဝန်ယူခဲ့ရာ လူငယ်အချင်းချင်းကြား သ ‌ဘောထား ကွဲလွဲမှုများဖြစ်‌ပေါ်ပြီး‌နောက် လှုပ်ရှားမှုများ ရပ်တန့်ခဲ့သည်။ တစ်ဖန် ၁၉၈၉ ခုနှစ်၊ ‌မေလ ၂၃ ရက်‌နေ့ ‌ကေအဲန်ယူ ဌာနချုပ်‌ဟောင်း မာနယ်ပ‌လောတွင် ပြန်လည် ဖွဲ့စည်းခဲ့ပြီး ယ‌နေ့အချိန်ထိ လှုပ်ရှားလျက်ရှိသည်။