Home ဆောင်းပါး ၂၁ရာစုရဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့သမိုင်းစာမျက်နှာအား ဖွင့်လှစ်ခြင်း

၂၁ရာစုရဲ့ ကရင်အမျိုးသားရဲတပ်ဖွဲ့သမိုင်းစာမျက်နှာအား ဖွင့်လှစ်ခြင်း

2381

‌စောခါးစူးညား
(စက်တင်ဘာ ၁၅၊ ၂၀၁၇)

ယခုနှစ် ၂၀၁၇ခုနှစ်၊ မိုးရာသီ‌နှောင်းပိုင်း စက်တင်ဘာ ၉ရက်‌နေ့၏ အ‌ရှေ့ဘက်အရပ် အရုဏ်ဦး‌ရောင်နီ ဖြာထွက်မလာမီ နံနက် ၄နာရီ‌ကျော်‌ကျော်တွင် အိပ်ရာမှနိုးလာ၍ အိမ်ပြင်ဘက်ရှိ မိုးသံ၊ ‌လေသံများကို စူးစိုက်နား‌ထောင်မိခဲ့သည်။ ပို၍ ‌သေချာ‌စေရန် အိမ်ပြင်ဘက်ကိုထွက်ပြီး မိုး‌ကောင်းကင်ကို ‌မော့ကြည့်မိသည်။ ကြယ်တာရာများ မြင်‌နေရ၍ သက်ပြင်းချကာ အနည်းငယ် စိတ် ‌အေးသွားရသည်။

ယ‌နေ့သည် ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်ရှိ ‌ဘော့ဒိုင်း‌နေရာတွင် ပထမဆုံးအကြိမ် ကရင်အမျိုးသား ရဲတပ်ဖွဲ့‌နေ့ ဂုဏ်ပြု ခြင်း အခမ်းအနားရှိ၍ ကျ‌နော့်အ‌နေဖြင့် သတင်းသွားယူရန် ရှိသည်။ မိုးမကုန်‌သေးသည့်အတွက် ရွံ့ဗွက်ထူထပ်‌နေသည့် ကား လမ်းကိုသွား‌နေရမည်ဖြစ်၍ မိုးရွာပါက အချိန်ကြန့်ကြာမည်ဖြစ်သလို အခမ်းအနားသို့ ‌ရောက်ပါကလည်း လှုပ်ရှားသွားလာ ဓါတ် ပုံရိုက်ယူရန် အဆင်မ‌ပြေမှုများ ဧကန်မလွဲ ကြုံရမည်ကို တွက်ဆထားပြီး ဖြစ်သည်။ ကံ‌ကောင်း‌ထောက်မစွာ ရာသီဥတုက ကျ‌နော့်ဘက်ကို အ‌လေးသာ‌နေသဖြင့် စိတ်‌ပေါ့ပါးသွားရသည်။

ထို‌နေ့ နံနက် ၅နာရီခန့်တွင် အစ်ကိုတစ်ဦးနှင့် သူ၏ မိသားစုနှင့်အတူ ‌ကော့ကရိတ်မြို့နယ်ရှိ အံဖကြီးရွာမှ ‌ဘော့ဒိုင်းသို့ ကားဖြင့် စတင်ခရီးနှင်ခဲ့သည်။ ခရီးမှာ တစ်နာရီသာ ကြာသည့်ခရီးဖြစ်‌သော်လည်း အခမ်းအနားရှိရာ‌နေရာသို့ မြန်မြန်‌ရောက်လိုသည့် စိတ်ပြင်းပြ‌နေမိသည်။ ‌ဘော့ဒိုင်းသို့သွားရာ လမ်းတစ်‌လျှောက် ကား‌ပေါ်မှ‌နေ၍ ‌ဒေါန‌တောင်တန်းကြီး၏ အ‌ရှေ့ဘက် ‌နေထွက် ရာအရပ်ကို လှမ်းကြည့်‌နေမိသည်။ မိုးမလင်းမီ ပြူထွက်လာသည့် ‌နေ‌ရောင်ခြည်များသည် သာယာလှပလျှက်ရှိသည်။ ကား‌ပေါ် ပါလာသည့် ကျ‌နော်တို့တစ်သိုက် အဆိုပါ‌ရောင်ခြည်ကို ‌ငေးကြည့်ကာ ‌ပျော်ရွှင်‌နေကြသည်။ ကျ‌နော်အ‌နေဖြင့် ပါလာသည့် ကင်မရာနှင့် သဘာဝအလင်း အရုဏ်ဦး‌ရောင်နီများကို ဓါတ်ပုံရိုက်‌နေမိသည်။

လမ်းခရီးတွင် ကားများမှာ ကျ‌နော်တို့နည်းတူ ‌ဘော့ဒိုင်းသို့ သွား‌နေကြသည်။ ထိုအထဲမှာ ဒုံးယိမ်းအဖွဲ့ပါသည့်ကားမှာ ကရင်အ မျိုးသားအလံကို တလူလူ‌ဝှေ့ယမ်းကာ တီးမှုတ်သီဆို ‌ပျော်ရွှင်‌နေကြသည်ကိုမှာ စိတ်ကြည်နူးဖွယ်ရာဖြစ်သည်။ ထို့အပြင် လမ်း တစ်‌လျှောက် အချက်အချာကျသည့် လမ်းနံ‌ဘေးနှင့် ရွာလမ်းဆုံ‌နေရာများတွင် “မူးယစ်‌ဆေးဝါး ပ‌ပျောက်‌ရေး၊ နယ်‌မြေ‌အေးချမ်း သာယာ‌ရေး၊ တရားဥပ‌ဒေ စိုးမိုး‌ရေး၊ ပြည်သူလူထု ဘဝလုံစိတ်ချရ‌ရေး၊ တိုင်းရင်းသားလူမျိုးများ အတူယှဉ်တွဲ‌နေထိုင်‌ရေး၊ အပစ် အခတ် ရပ်စဲ‌ရေးမှသည် ‌အေးချမ်းသာယာ‌ရေးသို့” စသည့် ဗွီနိုင်းဆိုင်းဘုတ်များကို KNPF က စိုက်ထူထားကြပြီး ‌ကေအဲန်ယူ လက်‌အောက်ခံ တပ်ဖွဲ့ဝင်များက လုံခြုံ‌ရေး ယူထားသည်ကိုလည်း သတိထားမိခဲ့သည်။

ရာသီဥတုသာယာသည့် ထို‌နေ့ ‌ဘော့ဒိုင်းရှိ အခမ်းအနား‌နေရာသို့ မိုးစင်စင်လင်းချိန် ကျ‌နော်တို့ ‌ရောက်လျှင်‌ရောက်ချင်း အနီး ဝန်းကျင်တစ်ဝိုက်အား ကြည့်လိုက်သည့်အခါ အစားအ‌သောက် ချက်ပြုတ်‌နေကြသူများ၊ အခမ်းအနားတက်ရန် ပြင်ဆင်‌နေ သည့် ကရင်ရဲတပ်ဖွဲ့ဝင်များ၊ ကရင်ရိုးရာဝတ်စုံကို အ‌ရောင်အ‌သွေးစုံစွာ ဝတ်ဆင်ရင်း အခမ်းအနားသို့ တဖွဲဖွဲ လာ‌ရောက်‌နေကြ သူ ဧည့်ပရိဿတ်များကိုလည်း မြင်‌တွေ့‌နေရသည်။ လုံခြုံ‌ရေးတာဝန်ယူများကလည်း ပတ်ဝန်းကျင်တစ်ခုလုံးအား မျက်‌ခြေမ ပြတ် အကဲခတ်လျှက်ရှိသည်။ ‌ဘော့ဒိုင်းတွင် တခဏ သွားလာကြည့်ရှုပြီး အခမ်းအနားလာသူ မိတ်‌ဟောင်း‌ဆွေ‌ဟောင်းများကို နှုတ်ဆက်‌ပြောဆို‌နေချိန် နံနက် ၈နာရီတွင် အခမ်းအနားမှူးက ပထမဆုံးအကြိမ် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့အား ဂုဏ်ပြု ‌ကြောင်း စတင်‌ကြေညာလိုက်သည်။

ယ‌နေ့သည် ကရင်အမျိုးသားများနှင့် သက်ဆိုင်သည့် ကရင်အမျိုးသားရဲတပ်ဖွဲ့၏ ပထမဆုံးအကြိမ် ဂုဏ်ပြုခြင်းဖြစ်ရာ ကရင် တိုင်းရင်းသားများ၏ ‌နေ့ထူး‌နေမြတ်အသစ်တစ်ခု ထပ်တိုးလာ‌နေခြင်းပင်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင် သက်ဆိုင်ရာ တိုင်းပြည်၊ လူမျိုး၊ အဖွဲ့အစည်းနှင့် လူမှုအသိုင်းအဝိုင်းများမှာ ၎င်းတို့နှင့် တိုက်ရိုက်ပတ်သက်သည့် ‌နေ့ထူး‌နေ့မြတ်များကို အသိအမှတ်ပြု ကာ ဂုဏ်ပြု‌လေ့ရှိကြသည်။ တနည်းအားဖြင့် သမိုင်းဝင်‌နေ့အဖြစ် ‌ပြောင်းလဲခဲ့ကြသည်။ ထို့နည်းတူ ကရင်အမျိုးသားများအ‌နေ ဖြင့်၌လည်း သမိုင်းဝင် ‌နေ့ထူး‌နေ့မြတ်များစွာကို သတ်မှတ်လာခဲ့ကြပြီး နှစ်စဉ် ‌ဖော်ထုတ်ဂုဏ်ပြု‌လေ့ရှိကြသည်။ လက်ရှိအ‌ခြေ အ‌နေတွင် ကရင်အမျိုးသားများနှင့် တိုက်ရိုက်၍လည်း‌ကောင်း သက်ဆိုင်‌နေသည့် ‌အောက်ပါ‌နေ့ထူး‌နေ့မြတ်များကို ‌ဖော်ပြလိုပါ သည်။

၎င်းတို့မှာ ကရင်နှစ်သစ်ကူး‌နေ့ကို ကရင်‌ဒေသအချို့တွင် တပို့တွဲလဆန်း ၁ရက် ကျင်းပကြ‌သော်လည်း အများစုမှာ ကျင်းပ သည်မှာ (ပြာသိုလဆန်း ၁ရက်)၊ ကရင့်‌တော်လှန်‌ရေး‌နေ့(ဇန်နဝါရီ ၃၁)၊ ကရင်အမျိုးသားအစည်းအရုံး‌နေ့ (‌ဖေ‌ဖော်ဝါရီ ၅)၊ ကရင်အမျိုးသား‌နေ့(‌ဖေ‌ဖော်ဝါရီ ၁၁)၊ ကရင်အမျိုးသမီးအစည်းအရုံး‌နေ့ (ဧပြီ ၅)၊ ကရင်လူငယ်အစည်းအရုံး‌နေ့ (‌မေလ ၂၃)၊ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်‌နေ့ (ဇူလိုင် ၅)၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့‌နေ့(ဇူလိုင် ၁၆)၊ ကရင့်အာ ဇာနည်‌နေ့(ဩဂုတ် ၁၂)နှင့် ကရင်ပြည်နယ်‌နေ့(နိုဝင်ဘာ ၇) စသဖြင့် ရှိသည်။ အလားတူ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲ‌တော်ကို လည်း ဝါ‌ခေါင်လပြည့်‌နေ့အပြင် ထိုလတစ်လလုံး မိသားစုအလိုက်၊ ‌ကျေးရွာအလိုက်၊ မြို့နယ်အလိုက် ကျင်းပ‌လေ့ရှိကြပြီး မ‌ပျောက်ပျက်‌အောင် ထိန်းသိမ်း‌ဖော်ထုတ်လာခဲ့ကြသည်။

ကရင်အမျိုးသားတစ်ရပ်လုံးအတွက် ရှိနှင့်ထားပြီး သတ်မှတ်‌နေ့ထူး‌နေ့မြတ်များမှာ သက်ဆိုင်ရာ သမိုင်း‌ကြောင်း‌နောက်ခံများဖြင့် အနှစ်သာရရှိစွာ ဖြစ်‌ပေါ်လာခြင်းလည်း ဖြစ်သည်။ ယခုနှစ်တွင် ‌နောက်ထပ် ‌နေ့ထူး‌နေ့မြတ်အဖြစ် ဖြစ်‌ပေါ်လာသည့် ကရင်အ မျိုးသားရဲတပ်ဖွဲ့‌နေ့(Karen National Police Force-KNPF) ဖြစ်‌ပေါ်လာရခြင်းနှင့် ပတ်သက်၍ ‌ကေအဲန်ယူ၏ ဗဟိုအလုပ်အမှု ‌ဆောင်‌ကော်မတီဝင်တစ်ဦးဖြစ်သူ ပဒို‌စောသမိန်ထွန်းက အခမ်းအနားတက်‌ရောက်ကြသည့် လူထုပရိဿတ်များအား ‌ပြောကြား ရှင်းလင်းခဲ့သည်။

ပဒို‌စောသမိန်ထွန်းက “‌ကေအဲန်ယူဟာ မြို့တွင်းက တရားဝင်ဖြစ်‌ပေါ်လာတဲ့အဖွဲ့ပါ။ တချို့က ကျ‌နော်တို့ကို ‌ပြောကြတယ်။ နင် တို့က ဟိုဌာနလည်းရှိ၊ ဒီဌာနလည်းရှိနဲ့ အစိုးရကို စင်ပြိုင်‌နေတယ်လို့ ‌ပြောတယ်။ ကျ‌နော်တို့‌တွေဟာ နဂိုကတည်းက တိုင်းပြည် လိုချင်တဲ့သူ‌တွေက အစိုးရပုံစံနဲ့ မသွားရင် ဘယ်ပုံစံနဲ့ သွားရမလဲ။ သူခိုး၊ ဓါးပြပုံစံနဲ့ ကျ‌နော်တို့ မသွားနိုင်ဘူး။ ဒါ အမျိုးသားဂုဏ် သိက္ခာဖြစ်တယ်။ အခု ရဲ ဖြစ်‌ပေါ်လာတာလည်း မဲစနစ်နဲ့ စနစ်တကျ ဖြစ်‌ပေါ်လာတဲ့ ‌ကေအဲန်ယူ ကွန်ဂရက်က‌နေ ဖြစ်‌ပေါ်လာ တာ ဖြစ်ပါတယ်”ဟု မိန့်ခွန်း‌ပြောကြားခဲ့သည်။

တိုင်းပြည်တစ်ခုအဖြစ် မသွားမီ လိုအပ်သည့် ဌာနအ‌ဆောက်အအုံ အဂင်္ါရပ်နှင့် ပြည့်စုံ‌အောင် ကြိုတင်ပြင်ဆင် လုပ်‌ဆောင်‌နေ ခြင်းဖြစ်ပြီး နိုင်ငံတကာ စည်းမျဉ်းဥပ‌ဒေဖြင့်လည်း ‌ဖော်‌ဆောင်‌နေ‌ကြောင်း၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ‌အောင်မြင်သည့်တစ်‌နေ့၊ ဖက်ဒ ရယ်ပြည်‌ထောင်စု ရရှိလာသည့်တစ်‌နေ့တွင် အစိုးရနှင့် စနစ်တကျ ပူး‌ပေါင်းသွားမည်ဖြစ်‌ကြောင်း၊ လက်ရှိ မပြီးဆုံး‌သေး‌သော နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို သွား‌နေရသည့်အတွက် စည်းခြားလုပ်‌ဆောင်‌နေရသည်မှာ အစိုးရနှင့် ပဋိပက္ခဖြစ်ပွားရန် မဟုတ်‌ကြောင်း လည်း ပဒို‌စောသမိန်ထွန်းက ‌ပြောကြားခဲ့သည်။ ၎င်း၏ အချက်အလက်ကျကျနှင့် ရှင်းရှင်းလင်းလင်း‌ပြောဆို‌သော ပဒို‌စောသမိန် ထွန်း၏ မိန့်ခွန်း‌ကြောင့် တက်‌ရောက်သူများက အာရုံစိုက် နား‌ထောင်ကြကာ လက်ခုပ်ဩဘာ‌ပေး‌နေကြသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့(Karen National Police Force-KNPF) သည် ‌ကေအဲန်ယူ၏ ဌာန‌ပေါင်း (၁၄)ခုထဲမှ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန၏ လက်‌အောက်တွင် ဖွဲ့စည်းတည်ရှိသည်။ ၂၀၁၂ခုနှစ်ကစ၍ ‌ကေအဲန်ယူနှင့် အစိုးရအကြား အပစ်အခတ် ရပ်စဲ‌ရေး ပြုလုပ်ပြီး‌နောက် ‌ဒေသအတွင်း တရားဥပ‌ဒေ စိုးမိုး‌ရေး ပိုမိုရှိလာ‌စေရန်အတွက် ‌ကေအဲန်ယူ ခရိုင်(၇)ခု၌ KNPF ၏ အခန်းကဏ္ဍသည် တဖြည်းဖြည်း အ‌ရေးပါလာခဲ့သည်။ ထိုသို့ အ‌ရေးပါလာသည်နှင့်အမျှ မူးယစ်‌ဆေးဝါး တိုက်ဖျက်‌ရေးကိစ္စများ ဖြင့် အခက်အခဲများစွာ၊ အသက်အန္တရာယ် ပြုမှုများကိုလည်း ရင်ဆိုင်‌ကျော်ဖြတ်လာခဲ့ရသည်။

ပြီးခဲ့သည့် ၂၀၁၄ခုနှစ်က ‌ကေအဲန်ယူ ဒူးပလာယာခရိုင် (ကြာအင်းဆိပ်ကြီး)မြို့နယ်အတွင်းတွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ဝင် (၅)ဦး ပစ်သတ်ခံခဲ့ရလို ယခုနှစ် ၂၀၁၇နှစ်ဆန်းပိုင်း၌လည်း ‌ကော့ကရိတ်မြို့နယ်တွင် ကရင်ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓါးခုတ် အသတ် ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်များသည် ‌ကေအဲန်ယူ၏ ဒူးပလာယာခရိုင်တွင် ဖြစ်သည့်အတွက် KNPF ‌နေ့အား ဂုဏ်ပြုသည့်အခါ ဒူးပလာယာခရိုင်ရှိ ‌ကော့ကရိတ်မြို့နယ်၊ ‌ဘော့ဒိုင်း‌ကျေးရွာ‌နေရာ၌ ‌ရွေးချယ်ကျင်းပခဲ့ကြသည်။

အမှန်အားဖြင့် ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ ကျင်းပရန် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်မှ လိုလားခြင်း မရှိဖြစ်‌နေသည်ဟု နီးစပ်ရာ အသိုင်းအဝိုင်းအတွင်း ‌ပြောဆို‌နေကြသည်။ သို့‌စေကာမူ ယခု လုပ်‌ဆောင်ချက်များသည် အစိုးရအား ဆန့်ကျင်သည့်အရာများ မဟုတ်သည့်အတွက် အခက်အခဲများစွာ ‌ကျော်ဖြတ်လာပြီးမှ မဖြစ်ဖြစ်‌အောင် စီစဉ်လုပ်‌ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနက ဆိုသည်။ ထို့အပြင် ယခုအခမ်းအနားကို မူလက ‌ကေအဲန်ယူ ဖားအံခရိုင်၊ ‌လေးဝါးစခန်း တွင် ပြုလုပ်သွားရန် စီစဉ်ထား‌သော်လည်း ‌အောက်‌ခြေ ရဲတပ်မှူးများ၏ အကြံ‌ပေး ‌တောင်းဆိုမှု‌ကြောင့် ပြည်သူလူထု အများအ ပြား အ‌ခြေချ‌နေထိုင်သည့် ‌ဘော့ဒိုင်းသို့ ‌နေရာ‌ရွှေ့‌ပြောင်းကာ ‌ရွေးချယ်ကျင်းပရခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။

စက်တင်ဘာလ ၉ရက်၊ ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ အခမ်းအနားတွင် ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက “‌ကေအဲန်ယူရဲ့ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနက ဦး‌ဆောင်ပြီး ကရင်အမျိုးသားရဲတပ်ဖွဲ့‌နေ့ကို ပထမဆုံး အကြိမ် ဂုဏ်ပြုကျင်းပတာ ဖြစ်ပါတယ်။ ကရင်အမျိုးသားထု တစ်ရပ်လုံးအတွက် ကမ္ဘာမှာ ဂုဏ်ယူဝင့်ကြွားနိုင်ပြီး သမိုင်းတွင်တဲ့ ‌နေ့တစ်‌နေ့ ဖြစ်ပါတယ်”ဟု အဖွင့်မိန့်ခွန်းတွင် အတိအလင်း ထည့်သွင်း‌ပြောကြားခဲ့သည်။

ပဒို‌စောအားတိုး၏ မိန့်ခွန်းအရ ကရင်အမျိုးသားရဲတပ်ဖွဲ့ကို ၁၉၉၁ခုနှစ်၊ ‌ကေအဲန်ယူ၏ (၁၀)ကြိမ်‌မြောက် ကွန်ဂရက်တွင် စတင် တည်‌ထောင်ခဲ့‌သော်လည်း ‌နေ့ရက် သတ်မှတ် အတည်မပြုခဲ့သည့်အတွက် ၂၀၁၇နှစ်၊ ဧပြီလ၌ ကျင်းပခဲ့သည့် ‌ကေအဲန်ယူ၏ (၁၆)ကြိမ်‌မြောက် ကွန်ဂရက်တွင် ‌ခေါင်း‌ဆောင်ကိုယ်စားလှယ်အားလုံး၏ သ‌ဘောတူညီမှုဖြင့် စနစ်တကျ ထပ်မံ အတည်ပြုခဲ့ သည်ဟု ဆိုသည်။

ယခင်က ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့(KNDO)က တာဝန်ယူထားရသည့် တရားဥပ‌ဒေစိုးမိုး‌ရေး၊ ပြစ်မှုရှာ‌ဖွေ စုံစမ်း‌ဖော် ထုတ်‌ရေးများကိုလည်း KNPF က လွှဲ‌ပြောင်းတာဝန်ယူခဲ့သည်။ KNPF အ‌နေဖြင့် ကျရာတာဝန်များကို ထိ‌ရောက်စွာ ထမ်း‌ဆောင် နိုင်‌ရေးအတွက် အရည်အချင်းမြှင့်တင်ပြီး အမျိုးသားဂုဏ်သိက္ခာရှိကြရန်၊ လူထုဆန့်ကျင်‌ရေး ‌ရှောင် ကြဉ်ကြရန်နှင့် ယ‌နေ့ ‌ကေအဲန်ယူ ‌ဖော်‌ဆောင်‌နေသည့် အမျိုးသားပြန်လည်ရင်ကြား‌စေ့‌ရေး၊ အပစ်အခတ်ရပ်စဲ‌ရေး၊ ပြည်တွင်း ငြိမ်းချမ်း‌ရေးလုပ်ငန်း များကို အ‌ထောက်အကူပြု‌စေမည့် လုပ်ရပ်များ ကြိုးပမ်းကြရန်ကိုလည်း ပဒို‌စောအားတိုးက တိုက်တွန်း ‌ပြောဆိုခဲ့သည်။

အခမ်းအနားတွင် တက်‌ရောက်လာသည့် ‌ခေါင်း‌ဆောင်များမှ မိန့်ခွန်းနှင့် အမှာစကားများ ‌ပြောကြားခြင်း၊ ကရင်အမျိုးသားရဲတပ် ဖွဲ့မှ ဂုဏ်ပြု စစ်‌ရေးပြချီတက်ခြင်း၊ ရဲချုပ်‌စောလဲ‌ကော်‌ဝေါ်မှ ဂုဏ်ပြုရဲတပ်ဖွဲ့များအား စစ်‌ဆေးခြင်း၊ ဂုဏ်ပြုပန်းကုံးစွပ်ခြင်း၊ ရဲတပ် ဖွဲ့ဝင်များအား ရာထူးတိုးမြှင့်‌ပေးခြင်း အစီအစဉ်များနှင့် ‌ဖျော်‌ဖြေ‌ရေးအဖြစ် အခမ်းအနားအပြီးတွင် ဒုံးအဖွဲ့များက တင်ဆက်ကပြ ခဲ့ကြသည်။ ယင်းဂုဏ်ပြုပွဲ အခမ်းအနားသို့ အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အစိုးရအဖွဲ့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ ဆရာ‌တော်/သံဃာ‌တော်များ၊ ‌ကျောင်းဆရာ၊ ဆရာမနှင့် ‌ကျောင်းသူ‌ကျောင်းသားများ၊ ‌ဒေသခံ ကရင်၊ မွန်၊ ဗမာ တိုင်းရင်းသားများလည်း တက်‌ရောက်ခဲ့ကြသည်။

‌ဒေသခံများထဲမှ ‌ဘော့ဒိုင်း‌ဒေသခံ ဦး‌အောင်‌သောင်းအား ‌မေးမြန်းရာ သူက “အားလုံး ခြုံ‌ပြောရရင် ကျ‌နော်တို့‌ဒေသအတွင်းမှာ အရင်က မမြင်ဖူး၊ မကြားဖူးတဲ့အရာ‌တွေ ဒီ‌နေ့ လာ‌ရောက်‌တွေ့မြင်‌နေရ‌တော့ အားရ‌ကျေနပ်မိပါတယ်။ (KNPF ရဲတပ်ဖွဲ့ဟာ) အခု ကျ‌နော်တို့‌ဒေသတွင်းမှာ ဖြစ်‌နေတဲ့ မူးယစ်‌ဆေးဝါးကိစ္စမှာ တဖက်တလမ်းက‌နေ ရဲအင်အား ဖြည့်‌ပေးတယ်။ ရှာ‌ဖွေ‌ဖော် ထုတ်‌ပေးတယ်ဆိုရင်‌တော့ ပြည်သူလူထုတစ်‌ယောက်အ‌နေနဲ့ အားရဝမ်းသာပါတယ်”ဟု ၎င်း၏ ရင်တွင်းခံစားချက်ကို ‌ပြောဆိုခဲ့ သည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ တပ်မဟာနှင့် ခရိုင်(ခု)အတွင်း အ‌ခြေစိုက် ‌နေထိုင်ကြသည့် ကရင်အပြင် အခြားတိုင်းရင်းသားလူ မျိုးစု ‌ဒေသခံလူထုများအ‌နေဖြင့် ‌ဒေသတွင်း ဖြစ်‌ပေါ်‌နေသည့် ပြစ်မှုဆိုင်ရာ အမျိုးမျိုးကို နှိမ်နင်း‌ဖော်ထုတ်ရန်အတွက် ကရင်အ မျိုးသားရဲတပ်ဖွဲ့မှ သီးသန့်‌သော်လည်း‌ကောင်း၊ နယ်‌မြေခံ အစိုးရ ရဲတပ်ဖွဲ့နှင့် ပူး‌ပေါင်း၍‌သော်လည်း‌ကောင်း ကြိုဆိုကြရမည်သာ ဖြစ်သည်။

သို့ဖြစ်၍ ယခု ၂၁ရာစုအတွင်း ‌ကေအဲန်ယူအ‌နေဖြင့် ကရင်အမျိုးသားရဲတပ်ဖွဲ့အတွက် သမိုင်းစာမျက်နှာအသစ် ဖွင့်လှစ်‌ပေး လိုက်သည့် သမိုင်းဝင် ‌နေ့ထူး‌နေ့မြတ်သည် အနာဂတ်တွင် ပြည်သူ့အကျိုးကို ပိုမို သယ်ပိုးနိုင်သည့်၊ လာဘ်‌ပေးလာဘ်ယူမှု ကင်းစင်သည့်၊ မူးယစ်‌ဆေးဝါး ပ‌ပျောက်သည့် လူမှုအဖွဲ့အစည်းကြီးတစ်ခုကို တည်‌ဆောက်သွားရာတွင် ထိ‌ရောက်စွာဖြင့် စွမ်း‌ဆောင်နိုင်ကြ‌စေချင်ပါသည်။

ထိုအခမ်းအနား‌ကြောင့် ‌ကော့ကရိတ်မြို့နယ်အတွင်းတွင် အစိုးရတပ်ဖွဲ့အချို့လှုပ်ရှားမှုအချို့ ရှိ‌နေ‌ကြောင်း သတင်းထွက်‌ပေါ်သ ဖြင့် ‌ဒေသခံအချို့မှာ မသွား‌ရောက်သည်များလည်း ရှိသည်။ သို့‌သော် အမှန်တကယ် ဂုဏ်ပြုခြင်း အခမ်းအနားအချိန်အတွင်း အ‌ခြေအ‌နေမှာ ‌အေး‌ဆေးတည်ငြိမ်စွာဖြင့် နံနက် ၁၁နာရီ‌ကျော်တွင် ‌အောင်‌အောင်မြင်မြင် အဆုံးသတ်နိုင်ခဲ့သည်။ အပြန်လမ်း တွင် ရာသီဥတုလည်း သာယာ‌နေ၍ ကျ‌နော့်ကဲ့သို့ပင် အခမ်းအနား တက်‌ရောက်သူများ အိမ်ပြန်ခရီးမှာ မြန်ဆန်သွက်လက်‌နေ လိမ့်မည်ဟု စိတ်ထဲတွင် ‌တွေး‌နေမိသည်။