Home သတင်း မြန်မာနှင့် နိုင်ငံတကာဒုက္ခသည်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲတစ်ရပ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပခဲ့

မြန်မာနှင့် နိုင်ငံတကာဒုက္ခသည်အ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးပွဲတစ်ရပ် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်တွင် ကျင်းပခဲ့

2024

စက်တင်ဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ထိုင်းနိုင်ငံဆိုင်ရာ အ‌မေရိကန်သံရုံးနှင့် ချင်းမိုင်တက္ကသိုလ်တို့ ကမကထပြုပြီး “Syria to Myanmar: Who are Refugees? (ဆီးရီးယားမှ မြန်မာသို့၊ ဒုက္ခသည်‌တွေက ဘယ်သူလဲ)” ‌ခေါင်းစဉ်ဖြင့် ‌ဆွေး‌နွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်၌ စက်တင်ဘာလ ၁၃ရက်‌နေ့က ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ အပါအဝင် နိုင်ငံတကာမှ ဒုက္ခသည်အ‌ရေးအား မီး‌မောင်းထိုး ခြုံငုံသုံးသပ်တင်ပြသည့် အ‌နေဖြင့် ရည်ရွယ်ကျင်းပသည့် အဆိုပါ‌ဆွေး‌နွေးပွဲနှင့်ပတ်သက်၍ ကိုယ်တိုင် တက်‌ရောက်‌ဆွေး‌နွေးခဲ့သူ ကရင်ဒုက္ခသည်‌ကော်မ တီ-KRC ၏ ပညာ‌ရေးတာဝန်ခံ ‌စော‌ဟေစိုးသာကိုက စက်တင်ဘာ ၁၅ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“ကျ‌နော်တို့ဒုက္ခသည်‌တွေရဲ့ အ‌ခြေအ‌နေ အစစ်အမှန်ကို International Community (နိုင်ငံတကာအသိုင်းအဝိုင်း)‌တွေကအကုန် မသိနိုင်ဘူး‌လေ။ ကရင်ဒုက္ခသည်စခန်း‌တွေရဲ့ ကြုံ‌တွေ့‌နေရတဲ့ ပြဿနာ‌တွေဟာ မြန်မာ့နိုင်ငံ‌ရေးနဲ့ တိုက်ရိုက်ပတ်သက်‌နေတဲ့အ ‌ကြောင်း ရှင်းပြခွင့်ရတဲ့အတွက် ဝမ်းသာမိတယ်”ဟု ၎င်းက ‌ပြောသည်။

လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေ၊ ဒုက္ခသည်စခန်းတွင်း အခွင့်အလမ်း၊ ‌မျှော်လင့်ချက်၊ အ‌ထောက်အပံ့များမှာ နည်းသထက် နည်းလာခြင်း၊ လူမှု‌ရေးပိုင်းဆိုင်ရာ ပြဿနာကြီးထွားလာခြင်း၊ ‌နေရပ်ပြန်လည်ပို့‌ဆောင်‌ရေးကိစ္စများ ဖြစ်လာခြင်း၊ ၂၀၁၃ခုနှစ်မှ စတင်၍ စခန်းတွင်း စီမံအုပ်ချုပ်‌ရေး ခက်ခဲလာခြင်းများကို ၎င်းအ‌နေဖြင့် တင်ပြ‌ဆွေး‌နွေးခဲ့သည်ဟု ‌စော‌ဟေစိုးမှ ဆက်‌ပြောသည်။

မွန်းလွဲ ၁နာရီမှ ည‌နေ ၄နာရီအထိ ပြုလုပ်ခဲ့သည့် ၎င်း‌ဆွေး‌နွေးပွဲသို့ Living on one၊ နယ်စပ်‌ဒေသရှိ ဒုက္ခသည်များကို ‌ထောက်ပံ့ ‌ပေး‌နေသည့် The Border Consortium –TBC၊ KRC၊ ကရင်နီပညာ‌ရေးဌာန၊ Shan Women’s Action Network (SWAN)အဖွဲ့ များမှ ကိုယ်စားလှယ်များ၊ ချင်းမိုင်တက္ကသိုလ်မှ ဆရာများ၊ ‌ကျောင်းသား‌ကျောင်းသူများ အပါအဝင် စုစု‌ပေါင်း ၁၀ဝဦးခန့် တက် ‌ရောက်ခဲ့ကြသည်။

ထို‌ဆွေး‌နွေးပွဲတွင် ‌ဂျော်ဒန်နိုင်ငံရှိ ဒုက္ခသည်စခန်းများ၌ အလုပ်လုပ်ပိုင်ခွင့်၊ လွတ်လပ်စွာ သွားလာခွင့်၊ အစိုးရမှ ‌ကျောင်းများဖွင့် ထား‌ပေးခြင်း စသည့်အခွင့်အလမ်းများရှိ‌သော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင်မူ ကွာခြားသည့်အ‌ကြောင်း အစရှိသည့် ဒုက္ခသည်အ‌ရေးကိစ္စများကို သက်ဆိုင်ရာ အဖွဲ့အစည်း ကိုယ်စားလှယ်များမှ ‌ဆွေး‌နွေးခဲ့ကြသလို လတ်တ‌လော မြန် မာပြည်အ‌နောက်ဘက်ခြမ်း ရခိုင်ပြည်တွင်ဖြစ်ပွား‌နေသည့် ပဋိပက္ခများကိုလည်း နိုင်ငံခြားသား‌ကျောင်းသူတစ်ဦးမှ တက်‌ရောက် ‌ဆွေး‌နွေးခဲ့သည်ဟု သိရသည်။

‌ဆွေး‌နွေးပွဲတွင် ပါဝင်‌ဆွေး‌နွေးခဲ့သူ ကရင်နီပညာ‌ရေးဌာန၏ ဒုတိယညွှန်ကြား‌ရေးမှူး ‌နော်အဲလိဇဘက်က “ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်‌တွေဟာ အိမ်ပြန်ဖို့ အဆင်သင့် မဖြစ်‌သေးပါဘူး။ အ‌ခြေခံလိုအပ်ချက်‌တွေဖြစ်တဲ့ ပညာ‌ရေး၊ ကျန်းမာ‌ရေး‌တွေ ဘာမှမ ပြည့်စုံ‌သေးတဲ့အတွက် နိုင်ငံတကာ Donor (အလှူရှင်)‌တွေကလည်း ဆက်လက် ‌ထောက်ပံ့ဖို့လိုတဲ့ ဆိုတဲ့အ‌ကြောင်းကို ကျမအ ‌နေနဲ့ ‌ဆွေး‌နွေးဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် မြန်မာဒုက္ခသည်စခန်း ၉ခု၌ ဒုက္ခသည်ဦး‌ရေ ၁သိန်း‌ကျော် အပါအဝင် အီတူးထာ့ပြည်တွင်း စစ်‌ရှောင် IDPs စခန်းမှ ကရင်တိုင်းရင်းသားဒုက္ခသည် ၃၀၀၀‌ကျော်နှင့် ထိုင်း-သျှမ်းနယ်စပ်ရှိ IDP ဒုက္ခသည်စခန်းများမှ သျှမ်း တိုင်းရင်းသားဒုက္ခသည် ၆ဝဝဝ‌ကျော် ခိုလှုံလျက်ရှိသည်။

မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းတို့အကြား ၂ဝ၁၁ခုနှစ်မှ စတင်ကာ အပစ်အခတ်ရပ်စဲ ‌ရေးသ‌ဘောတူညီမှုရယူပြီး ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းများကို လုပ်‌ဆောင်လာသည့်‌နောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ‌နေရပ်သို့ပြန်လည်ပို့‌ဆောင်ရန် စီစဉ်လာမှုနှင့်အတူ နိုင်ငံတကာ အစိုးရမဟုတ်သည့်အဖွဲ့အစည်း NGOs များ၏ အကူအညီ‌ထောက်ပံ့များလည်း ‌လျော့နည်းသထက် ‌လျော့နည်းလာသည့်အတွက် ဒုက္ခသည်များ ‌နေထိုင်ရပ်တည်‌ရေးအတွက် ခက်ခဲလာသည်ဟု ၎င်းတို့အ‌ရေးကို ‌ဆောင်ရွက်‌နေသူများက ‌ပြောသည်။