Home သတင်း ‌ကျောင်းချိန် ကရင်စာ သင်ကြား‌ရေးတွင် အခက်အခဲများ ကြုံ‌နေရဆဲဟု ပြည်နယ် စာ/ယဉ် ဥက္ကဌ ‌ပြော

‌ကျောင်းချိန် ကရင်စာ သင်ကြား‌ရေးတွင် အခက်အခဲများ ကြုံ‌နေရဆဲဟု ပြည်နယ် စာ/ယဉ် ဥက္ကဌ ‌ပြော

3318

စက်တင်ဘာ ၂၉ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်ပြည်နယ်ရှိ အစိုးရ စာသင်‌ကျောင်းများ၌ ‌ကျောင်းချိန် ကရင်စာ‌ပေသင်ကြား‌ရေးတွင် အခက်အခဲများ ကြုံ‌တွေ့‌နေရ ဆဲဖြစ်‌ကြောင်း ကရင်ပြည်နယ်၊ စာ‌ပေနှင့်ယဉ်‌ကျေးမူ ဥက္ကဌ ‌စော‌အေးမြက စက်တင်ဘာလ ၂၇ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ဒီနှစ် ဖတ်စာအုပ်‌တွေလည်း မထုတ်‌ပေး‌သေးဘူး။ ‌ကျောင်းအုပ်တချို့ကလည်း ‌ကျောင်းစာသင်ချိန်ထိခိုက်မှာ စိုး ရိမ်လို့ တိုင်းရင်းသားစာ‌ပေ မ‌ပေးသင်ချင်ကြဘူး။ တချို့‌ကျောင်း‌တွေမှာ သင်ယူမယ့် ‌ကျောင်းသား ‌တွေရှိ‌ပေမယ့် သင်ကြား ‌ပေးမယ့် ဆရာ‌တွေမရှိဘူး။ ဆရာရှိရင်လည်း အဲ့ဒီ ဆရာ‌တွေကို ကရင်ရွာမဟုတ်တဲ့ ရွာ‌တွေကို ‌ပြောင်း‌ရွှေ့တာဝန် ထမ်း ‌ဆောင်ခိုင်းတာမျိုး‌ပေါ့ကွယ်။” ဟု ‌ပြောသည်။

လူမျိုးစုံ ‌ရော‌ရော‌နှော‌နှောရှိ‌နေ‌သော စာသင်‌ကျောင်းများတွင်လည်း ကရင်စာသင်ကြားရန် အခက်အခဲရှိ‌နေပြီး မြို့‌ပေါ်‌နေ ကရင်မိဘအချို့က ၎င်းတို့၏ က‌လေးများအား ကရင်စာနှင့် စကားသင်ကြား‌ပြောဆိုရန် တွန်းအား‌ပေးမှုအားနည်း‌နေ ‌ကြောင်း စာ/ယဉ် ဥက္ကဌ ‌စော‌အေးမြမှ ဆက်‌ပြောသည်။

ကရင်ပြည်နယ် အစိုးရ စာသင်‌ကျောင်းများတွင် မူလတန်း ‌အောက်အဆင့်ဖြစ်သည့် Grade-1, 2, 3 (လိက်ခင်းထါ်၊ လ်ုဆင့်၊ ဏီ့ဆင့်) အထိသာ အစိုးရမှ တရားဝင် သင်ခွင့် ပြုထားပြီး မြို့‌ပေါ် စာသင်‌ကျောင်းများတွင် သင်ကြားနိုင်ခြင်းမရှိ‌သေး‌ကြောင်း ကရင် စာ/ယဉ် တာ ဝန်ရှိသူများက ‌ပြောသည်။

၎င်းကိစ္စအ‌ပေါ် ကရင်ပြည်နယ်၊ ပညာ‌ရေးမှူး ဦးစိုးမြင့်က “ပညာ‌ရေးဌာနက‌တော့ ‌လော‌လောဆယ် မူလတန်း ‌အောက်ဆင့် အထိပဲ တရားဝင် သင်ဖို့ခွင့်ပြုထားတယ်။ ဒါ‌ပေမယ့် သင်ဖို့ ဆရာရှိမယ်၊ ‌ကျောင်း‌တွေကလည်း သင်မယ် ဆိုရင်‌တော့ ၃ တန်း၊ ၄ တန်းအထိ သင်လည်းရပါတယ်။ စာသင်ချိန်မထိခိုက်ရင် တို့ဘာမှ မ‌ပြောဘူး‌လေ။ ကိုယ့်တိုင်းရင်းသား စာ‌ပေပဲဟာ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိတွင် တိုင်းရင်းသား‌ရေးရာ ဝန်ကြီးများရှိ‌နေခြင်း၊ စာ‌ပေနှင့် ယဉ်‌ကျေးမှုအဖွဲ့များက စာ‌ပေတိုးတက်‌ရေးအတွက် တစိုက် မတ်မတ်လုပ်‌ဆောင်‌နေသကဲ့သို့ မိမိတို့ ပညာ‌ရေးဌာနအ‌နေဖြင့်လည်း တိုင်းရင်းသားစာ‌ပေ သင်ကြားမှုများကို အား‌ပေး‌ကြောင်းနှင့် မြို့‌ပေါ်‌ကျောင်းများတွင် တိုင်းရင်းသားလူမျိုး က‌လေးများ‌ရော‌နှော‌နေခြင်း‌ကြောင့် တိုင်းရင်းသား စာ‌ပေကို မသင်ကြားနိုင်‌သေး‌ကြောင်း ပညာ‌ရေးမှူး ဦးစိုးမြင့်က ‌ပြောသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်မှ စတင်၍ တိုင်းရင်းသားစာ‌ပေများကို မြန်မာနိုင်ငံ အနှံ့အပြားတွင် စတင်သင်ကြား ခွင့်ရရှိခဲ့ပြီး ကရင်ပြည်နယ်ရှိ စာသင်‌ကျောင်းများတွင် ကရင်အမျိုးသား အလံ‌တော် လွှင့်ထူခွင့်၊ တနလင်္ာနှင့် ‌သောကြာ‌နေ့၌ ဆရာ/ ဆရာမ၊ ‌ကျောင်းသူ/‌ကျောင်းသားများမှာ ကရင်ရိုးရာဝတ်စုံဖြင့် ‌ကျောင်းတက်ခွင့်များ ရရှိသည်။

ထို့အပြင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ကာ စတုတ္ထတန်း(၄ တန်း)နှင့် အဌမတန်း (၈ တန်း)တို့ကို အစိုးရစစ် စာ‌မေး ပွဲစနစ် ‌ပြောင်းလဲကျင့်သုံးခဲ့ပြီး ‌အောင်ချက်မြင့်မား‌ရေးအတွက် ‌ကျောင်းစာသင်ချိန်များ မထိခိုက်‌စေရန် အားစိုက်သင်ကြား ‌နေရခြင်း‌ကြောင့် ကာယ၊ ဂီတစသည့် ဖွံ့ဖြိုး‌ရေးဘာသာများနှင့် တိုင်းရင်းသားစာ‌ပေ သင်ကြားသည့်အချိန်များတွင် အား နည်းမှုများဖြစ်‌ပေါ်လျက်ရှိ‌ကြောင်း ‌ကျောင်းဆရာများ၏ ‌ပြောဆိုမှုများလည်း ရှိ‌နေသည်။

လက်ရှိ ‌ထောက်ပံ့‌ကြေး တစ်လ ၃ ‌သောင်းရရှိ‌နေ‌သော တိုင်းရင်းစာ‌ပေသင် ဆရာ/ဆရာမများသည် ‌နေ့စားလ‌ပေး ဝန်ထမ်းများ အဖြစ် ဆန္ဒပြုလွှာများကို ၂၀၁၇ ခုနှစ်၊ ‌အောက်တိုဘာလ ၂ဝ ရက်‌နေ့အထိ ‌နောက် ဆုံးထား ‌လျှောက်ထား နိုင်‌ကြောင်း တိုင်းရင်းသား‌ရေးရာဝန်ကြီးဌာနမှ စက်တင်ဘာလ ၂၇ ရက်‌နေ့တွင် သတင်းထုတ်ပြန်ထားသည်။