Home သတင်း အ‌မေရိကန်ပြည်‌ထောင်စု၊ စိန့်‌ပေါလ်မြို့၌ ကရင်စာ‌ပေသင်တန်းဆင်းပွဲ ပြုလုပ်ပြီးစီး

အ‌မေရိကန်ပြည်‌ထောင်စု၊ စိန့်‌ပေါလ်မြို့၌ ကရင်စာ‌ပေသင်တန်းဆင်းပွဲ ပြုလုပ်ပြီးစီး

2345

စက်တင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

အ‌မေရိကန်ပြည်‌ထောင်စု၊ မီနီဆိုးတားပြည်နယ်၊ စိန့်‌ပေါလ်မြို့၊ ဖူ့တာမိုက်ခုံးတာဘုန်းကြီး‌ကျောင်း၌ ဒုတိယအကြိမ်‌မြောက် ကရင်စာ‌ပေသင်တန်းဆင်းပွဲကို ပြီးခဲ့သည့် စက်တင်ဘာလ ၉ရက်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည်ဟု တာဝန်ရှိသူများက ‌ပြောသည်။

တိုင်းတစ်ပါးကို ‌ရောက်ရှိ‌နေ‌သော်လည်း မိမိတို့စာ‌ပေ၊ ဘာသာစကားကို ထိန်းသိမ်း‌ပြောဆို‌ရေးသားနိုင်ရန် ရည်ရွယ်၍ လူကြီး၊ လူငယ်နှင့် က‌လေးများ ပါဝင်သည့် သင်တန်းသား ၁၆ဦးတို့အား တစ်ပတ်လျှင် စ‌နေ၊ တနဂင်္‌နွေ‌နေ့ ၂ရက်နှုန်းဖြင့် ဇန်နဝါရီလ ၂၈ရက်မှ စက်တင်ဘာလ ၃ရက်‌နေ့အထိ ၇လတာ သင်ကြား‌ပေးခဲ့ပြီး‌နောက် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်ဟု သင်တန်းဖြစ်‌မြောက်‌ရေးဆရာ ‌စောလုံး‌ဖောင်က စက်တင်ဘာလ ၁၄ရက်(ယ‌နေ့)တွင် ‌ပြောသည်။

၎င်းက “ကရင်အများစုဟာ ကရင်စာ‌ပေဟာ သူတို့စာ‌ပေပါလို့ ခံယူ‌ပေမယ့် စာ‌ပေ ‌အောက်ကျ‌နောက်ကျ ဖြစ်‌နေတာ ‌တွေ့ရ ‌တော့ ‌တော်‌တော်စိတ်မ‌ကောင်းဘူး။ ကိုယ့်မြို့က လူ‌တွေ စာလာသင်ဖို့ အားလုံးကို အမြဲဖိတ်‌ပေမယ့် လာတာနည်းတယ်။ ကရင်အလုပ် ကရင်လုပ်ရမယ်ဆို‌တော့ အချိန်မ‌စောင့်‌တော့ဘဲ ရှိတဲ့လူနဲ့ သင်လိုက်တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စိန့်‌ပေါလ်မြို့သည် ကျယ်ဝန်း‌သော‌ကြောင့် ကရင်လူမျိုးများ ‌နေထိုင်‌သော‌နေရာမှာ အလှမ်း‌ဝေး၍ သွားလာ‌ရေးတွင် အခက်အခဲ များရှိ‌သော်လည်း လူငယ်များအ‌နေဖြင့် ယဉ်‌ကျေးမှု၊ အကများတွင်သာမက စာ‌ပေကိုပါ အားလပ်သည့်အချိန်များတွင် သင်ယူ ‌စေလို‌ကြောင်း ‌စောလုံး‌ဖောင်က ဆက်‌ပြောသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် လူ‌ပေါင်း ၇ဝဦးခန့် တက်‌ရောက်ခဲ့ပြီး နာယကကြီး မန်းထွန်း‌နောင်မှ အဖွင့်အမှာ စကား‌ပြောကြား ခြင်း၊ ပွဲစီစဉ်သူတစ်ဦးမှ သင်တန်းဖြစ်‌မြောက်‌ရေးအတွက် အခက်အခဲများအား ‌ကျော်ဖြတ်ခဲ့ပုံများအား တင်ပြခြင်း၊ ဆုများ‌ပေး အပ်ခြင်း၊ သီချင်း၊ အကများဖြင့် ‌ဖျော်‌ဖြေခြင်းများ ပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲ တက်‌ရောက်ခဲ့သူ ‌စောမင်းစိုးစံက “စာမတတ်ရင် စကားဟာလည်း မတည်မြဲဘူး။ စာ၊ စကားတည်တံ့မှ လူမျိုး တစ်မျိုးဟာလည်း ကြာရှည်စွာ ရပ်တည်နိုင်မှာဖြစ်တယ်။ က‌လေး‌တွေဟာ ကရင်စကား ပြန်‌ပြောဖို့၊ ရိုးရာ ယဉ်‌ကျေးမှု‌တွေကို ပြန်လည်သိရှိ‌စေဖို့၊ စာကိုလည်း‌တွေ့ရင် ဖတ်တတ်ဖို့ ရည်ရွယ်ပြီး ကျ‌နော်ကိုယ်တိုင်လည်း ‌မြေး‌တွေကို ကရင်စာသင်ပါတယ်။ ခုလို ဖိတ်‌တော့လည်း ဝမ်းသာအားရ တက်‌ရောက်ခဲ့တာပါ။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အ‌မေရိကားသို့ ‌ရောက်ရှိ‌နေသည့် ကရင်လူဦး‌ရေ ၆၄၀၀၀‌ကျော်ရှိသည့်အနက် မီနီဆိုးတားပြည်နယ်မှာ ကရင်လူဦး‌ရေ အများ ဆုံး အ‌ခြေချ‌နေထိုင်ကြပြီး ပထမအကြိမ် သင်တန်းဆင်းပွဲကို ၂၀၁၅ခုနှစ်တွင် ဖူ့တာမိုက်ခုံးတာ‌ကျောင်း၌သာ ပြုလုပ်ခဲ့ကြသည်။