Home သတင်း အီတူးထာ့ IDP များအား ဆက်လက်ကူညီ‌ပေး‌ရေး နိုင်ငံတကာအလှူရှင်များထံ ‌မေတ္တာရပ်ခံ

အီတူးထာ့ IDP များအား ဆက်လက်ကူညီ‌ပေး‌ရေး နိုင်ငံတကာအလှူရှင်များထံ ‌မေတ္တာရပ်ခံ

1965

စက်တင်ဘာ ၅ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

အ‌ခြေခံ စားနပ်ရိက္ခာ ကူညီ‌ထောက်ပံ့မှုများ ၂၀၁၇ခုနှစ်၊ စက်တင်ဘာလကုန်တွင် ရပ်စဲခံရ‌တော့မည့် အီတူးထာ့ ပြည်တွင်းစစ် ‌ရှောင် IDP များအား ဆက်လက် အကူအညီ‌ပေး‌ရေးအတွက် အီတူးထာ့ IDPs ပံ့ပိုး‌ရေး‌ကော်မတီ (ETT Supporting Committee)က နိုင်ငံတကာအလှူရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီးသီးထံ စက်တင်ဘာ ၄ရက် ‌နေ့စွဲဖြင့် ‌မေတ္တာရပ်ခံစာတစ်‌စောင် ‌ပေးပို့လိုက်သည်။

အဆိုပါစာ‌ပေးပို့‌မေတ္တာရပ်ခံမှုသည် ဇူလိုင်လ ၂၅ရက်‌နေ့က ပြုလုပ်ခဲ့သည့် KNU-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်၊ အလုပ်အမှု‌ဆောင်‌ကော်မတီများနှင့် ကရင်အရပ်ဖက်အဖွဲ့အစည်းများမှ ညှိနှိုင်းအစည်းအ‌ဝေး၏ ‌ရှေ့လုပ်ငန်းစဉ်ချထားမှုအရ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခြင်းဖြစ်သည်ဟု ETT Supporting Committee ဥက္ကဌ ပဒိုမန်းမန်းမန်းက ‌ပြောသည်။

“ဒီစက်တင်ဘာလဆို‌တော့ ရိက္ခာ‌နောက်ဆုံးပြတ်လပ်မဲ့လ ဖြစ်‌နေပြီး‌လေ။ ဒီအ‌ခြေအ‌နေအ‌ပေါ်မှာအ‌ခြေခံပြီး‌တော့မှ ကျ‌နော်တို့ IDP၊ Refugee ပဲဖြစ်ဖြစ် အဓိက နိုင်ငံ‌ရေးပြုပြင်‌ပြောင်းလဲမှု မရှိ‌သေးဘဲ၊ နိုင်ငံ‌ရေးအာမခံချက် မရ‌သေးဘဲနဲ့ ဒီအချိန်မှာပြန်ပို့ဖို့ လုံခြုံစိတ်ချရတဲ့အ‌ခြေအ‌နေမှာ မရှိ‌သေးဘူးဆိုတာ ဒါ‌တွေကို သိရှိနိုင်ပြီး‌တော့မှ နယ်စပ်ဖြတ်‌ကျော် ကူညီ‌ပေးမှုကိုဆက်ပြီး‌တော့ ကူညီ‌ပေးနိုင်ဖို့ ‌မေတ္တာရပ်ခံပန်ကြားတဲ့သ‌ဘောပဲ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုကဲ့သို့ ‌မေတ္တာရပ်ခံစာ‌ပေးပို့ခြင်းအပြင် သက်ဆိုင်ရာ အကူအညီ‌ပေး‌နေသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်လည်း ‌တွေ့ဆုံညှိ နှိုင်း ချဉ်းကပ်မှုများကိုပါ ဆက်လက် ပြုလုပ်သွားမည်ဖြစ်‌ကြောင်း ပဒိုမန်းမန်းမန်းက ဆက်‌ပြောသည်။

၎င်း‌မေတ္တာရပ်ခံစာထဲတွင် အီတူးထာ့ ပြည်တွင်းစစ်‌ရှောင်စခန်း ဖြစ်‌ပေါ်လာရသည့် ‌နောက်ခံအ‌ကြောင်းရင်းများနှင့် လက်ရှိ မြန် မာ့နိုင်ငံ‌ရေး အ‌ခြေအ‌နေတစ်ခုလုံးအ‌ပေါ်ခြုံငုံသုံးသပ်မှု၊ အစိုးရနှင့် စစ်တပ်အကြား အ‌ခြေအ‌နေအပြင်၊ လတ်တ‌လော လိုအပ်‌နေ သည့် အ‌ရေး‌ပေါ်အကူအညီနှင့် ပြန်လည်ထူ‌ထောင်‌ရေး အကူအညီများဖြစ်သည့် အစားအစာ၊ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လုံခြုံ ‌ရေး၊ အသက်‌မွေးဝမ်း‌ကျောင်း၊ နယ်‌မြေအ‌နေအထား စသည့်အ‌ခြေအ‌နေများကို ထည့်သွင်း‌ရေးသားထားသည်။

ထို့အပြင် လက်ရှိ ဖြစ်‌ပေါ်တိုးတက်‌နေသည့် မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်များအရ ခိုင်မာသည့် ‌ပြောင်းလဲမှု တစုံတရာ မရှိ‌သေးသည့်အပြင် IDP များ၏ ‌နေရပ်‌ဒေသများတွင် အစိုးရတပ်စခန်းများ ရှိ‌နေ‌သေးသည့်အ‌ပေါ် ပြည်တွင်းသို့ ပြန် လည်အ‌ခြေချ‌နေထိုင်ရန်မှာ IDP နှင့် ဒုက္ခသည်များအတွက် ဘဝလုံခြုံမှုနှင့် အာမခံချက် မရှိ‌သေး‌ကြောင်းလည်း စာထဲတွင် ‌ဖော် ပြထားသည်။

ယခုနှစ် ဇွန်လဆန်းပိုင်းကလည်း ‌တောင်ငူ၊ ‌ညောင်‌လေးပင်နှင့် ဖာပွန်‌ဒေသခံအချို့ပါဝင်သည့် အီတူးထာ့ပြည်တွင်းစစ်‌ရှောင် IDP ၁၀ဝဦးခန့်သည် စားနပ်ရိက္ခာအကူအညီများ ပြတ်‌တောက်‌တော့မည် အ‌ခြေအ‌နေများ‌ကြောင့် ၎င်းတို့၏‌နေရပ်သို့ ကိုယ်ပိုင် အစီအစဉ်များဖြင့် ပြန်သွားခဲ့ကြသည်။

၂၀၀၆ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေကို နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရ တပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်ဒုက္ခသည်များ ယာယီ ခိုလှုံနိုင်ရန် ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ပြည်တွင်းစစ်‌ရှောင် အီတူးထာ့ဒုက္ခသည်စခန်းကို ဖွင့်လှစ်ထားခဲ့ခြင်းဖြစ် သည်။

အီတူးထာ့စစ်‌ပြေး‌ရှောင်စခန်း၌ လတ်တ‌လောတွင် လူဦး‌ရေ ၂၆၇ဝဦးရှိ‌နေပြီး ၎င်းတို့အတွက် အလှူရှင်များက ဆန်ရိက္ခာကို အဓိက ‌ထောက်ပံ့‌ပေးပြီး တစ်လစာအတွက် အသက်‌ခြောက်နှစ်‌အောက် လူတစ်ဦးလျှင် ဆန် ၆ကီလိုနှင့် အသက်‌ခြောက်နှစ်အ ထက် လူတစ်ဦးလျှင် ဆန် ၁၂ကီလိုနှုန်းဖြင့် ‌ထောက်ပံ့ကူညီမှု ရရှိကြသည်။

စခန်းတွင် အထက်တန်း‌ကျောင်းနှစ်‌ကျောင်းနှင့် ‌ဆေးခန်းတစ်ခုသာရှိကာ ယခင်လများမှစ၍ ကျန်းမာ‌ရေး ကူညီ‌စောင့်‌ရှောက်မှု အတွက် ‌ဆေးဝါးမလုံ‌လောက်သည့် ပြဿနာများရှိ‌နေသည်ဟုလည်း စခန်းတွင်း‌နေထိုင်သူများက ဆိုသည်။

အလားတူ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူတွင် ခိုလှှုံ‌နေရဆဲဖြစ်သည့် မဲ့သ‌ဝေါစစ်‌ပြေး‌ရှောင် ဒုက္ခသည် ၆၀၀၀‌ကျော်ခန့်မှာလည်း လတ်တ‌လောတွင် စားနပ်ရိက္ခာ ပြတ်‌တောက်‌တော့မည့် အ‌ခြေအ‌နေနှင့် ရင်ဆိုင်‌နေရသည့်အတွက် ၎င်းတို့၏ စား‌သောက်‌ရေး အခက်အခဲများနှင့် အခြားလိုအပ်ချက်များအတွက် အ‌ရေး‌ပေါ်အ‌ခြေအ‌နေများ လိုအပ်‌နေဆဲဖြစ်‌ကြောင်း စခန်းတာဝန်ရှိသူများ က ပြီးခဲ့သည့် ရက်သတ္တပတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင်လည်း အကူအညီအ‌ထောက်အပံ့များ ‌လျော့နည်းလာမှု‌ကြောင့် စခန်းအ တွင်းရှိ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်လိုသူများအတွက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး-UNHCR မှ ဖွင့်လှစ် ထား‌ပေးသည့် ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား‌ရေး အကျိုး‌ဆောင်ဌာန(VRC)မှတဆင့် အမည်စာရင်းသွင်း၍ ယမန်နှစ်မှစ၍ အိမ် ‌ထောင်စု ၁၉စုပြန်သွားခဲ့ပြီး ယခုနှစ်တွင်လည်း ‌နေရပ်ပြန်ရန် စာရင်း‌ပေးထားသူ လူဦး‌ရေ (၁၀၀)‌ကျော်ရှိ‌နေသည်ဟု သိရသည်။

တစ်ဆက်တည်းတွင် ထိုင်း-သျှမ်းနယ်စပ်တစ်‌လျှောက်ရှိ လွိုင်လမ်၊ လွိုင်ဆမ်ဆစ်၊ လွိုင်‌ကော်ဝမ်း၊ လွိုင်တိုင်းလျဲန်း၊ ကုန်း‌ကျော် နှင့် ‌ကောင်းမုန့်မိန်း စသည့်ဒုက္ခသည်စခန်းများမှ ဒုက္ခသည် ၆ဝဝဝ‌ကျော်သည်လည်း လာမည့် ‌အောက်တိုဘာလအတွင်း အ‌ခြေ ခံစားနပ်ရိက္ခာများ ပြတ်လပ်ဖွယ်ရှိသဖြင့် နိုင်ငံတကာအဖွဲ့အစည်းများအ‌နေဖြင့် ‌ထောက်ပံ့မှုများ ဆက်လက် ကူညီ‌ပေးသွားရန် ၎င်းတို့အ‌ရေး ‌ဆောင်ရွက်‌နေသည့် သျှမ်းလူမှုအဖွဲ့အစည်းများက ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ‌တောင်းဆိုမှုများ ပြုလုပ်ခဲ့ ‌သေးသည်။

အီတူးထာ့ပြည်တွင်းစစ်‌ရှောင် ပြည်သူများအ‌ရေးနှင့် ပတ်သက်၍ ဩစ‌တြေးလျားနိုင်ငံ အ‌ခြေစိုက် ဩစ‌တြေးလျားကရင်အဖွဲ့အ စည်း(AKO)ကလည်း စက်တင်ဘာလ ၁ရက်‌နေ့တွင် Australia Refugee Council နှင့် ‌တွေ့ဆုံ၍ ‌ဆွေး‌နွေးသွားမည်ဟု AKO ဥက္ကဌ ‌စောလွင်ဦးက ဩဂုတ်လ ၂၇ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောဆိုခဲ့ပြီး ‌ဆွေး‌နွေးမှုရလဒ်ကိုမူ မသိရှိရ‌သေး‌ပေ။