Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

2090

ခရီးမတွင်‌သေးသည့် NCA

လာမည့် ‌အောက်တိုဘာ ၁၅ ရက်‌နေ့ဆိုလျှင် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ် (NCA- Nationwide Ceasefire Agreement) ကို သ‌ဘောတူလက်မှတ်ထိုးခဲ့သည့် ၂ နှစ်ပြည့် အချိန်သို့ ‌ရောက်ရှိလာပြီဖြစ်‌သော်လည်း NCA မှာ ထင်သ‌လောက် ခရီးမတွင်‌သေး‌ချေ။

ယ‌နေ့ မြန်မာနိုင်ငံ၏ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ကြည့်မည်ဆိုလျှင် သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်မှ စတင်ကာ တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ(EAOs) နှင့်ပြည်နယ်အဆင့်၊ ပြည်‌ထောင်စု အဆင့် အပစ်ရပ်ခဲ့ကြပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲနိုင်‌ရေးအတွက် သုံးနှစ်‌ကျော်ကြာ ‌ဆွေး‌နွေးပြီး‌နောက် ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာ ၁၅ ရက်‌နေ့တွင် တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ NCA ကို လက်မှတ်ထိုး ခဲ့ကြသည်။ သို့‌သော် NCA တွင် အဓိကအားဖြင့် အားလုံးပါဝင်‌ရေးမူ အ‌ပေါ် ‌ဆွေး‌နွေးမှု မပြီးပြတ်‌သေးသည့် အတွက် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့အချို့ ပါဝင်လာခြင်းမရှိဘဲ NCA မှာ ခရီးဆက်ခဲ့ပြီး ၂၀၁၆ နှစ်ဦးပိုင်း တွင် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံကို စတင်ခဲ့သည်။

NLD အရပ်သားအစိုးရ တာဝန်ယူပြီး‌နောက် ပြည်တွင်းငြိမ်းချမ်း‌ရေးအတွက် အများက အ‌ကောင်းမြင်‌မျှော်လင့် ခဲ့သလို အစိုးရအ‌နေဖြင့် ပြည်တွင်းငြိမ်းချမ်း‌ရေးကို NCA လမ်း‌ကြောင်းအတိုင်း ဦးစား‌ပေးလုပ်ငန်းစဉ်အဖြစ် ‌ဆောင်ရွက်ခဲ့သည်။ လက်ရှိအချိန်ထိ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ညီလာခံ နှစ်ကြိမ် ထပ်မံပြုလုပ်ခဲ့ပြီ ဖြစ်‌သော်လည်း နိုင်ငံအတွင်း ပစ်ခတ်တိုက်ခိုက်မှုများ၊ အကြမ်းဖက် ပဋိပက္ခများ‌ကြောင့် ငြိမ်းချမ်း‌ရေးခရီးမှာ ထင်သ‌လောက် ခရီးမတွင်‌သေးဘဲ ဖြစ်‌နေသည်။ ထိုသို့ မငြိမ်းချမ်းသည့် အ‌ခြေအ‌နေများ ဖြစ်ပွား‌နေခြင်း၏ အကျိုးဆက်အဖြစ် အပြန်အလှန် ယုံကြည်မှုမတည်‌ဆောက်နိုင်သည့် အ‌ခြေအ‌နေမျိုး‌တွေ့မြင်‌နေရသည်။

ပြည်တွင်းစစ်ဖြစ်ရခြင်းသည် နိုင်ငံ‌ရေးအရ တန်းတူရည်တူ အခွင့်အ‌ရေးများ မရှိခြင်း‌ကြောင့်ဖြစ်ပြီး ငြိမ်းချမ်း‌ရေး အတွက် အ‌ဖြေမှာ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးပင် ဖြစ်သည်။ သို့‌သော် ကျင်းပပြီးခဲ့ သည့် ပြည်‌ထောာင်စု ငြိမ်းချမ်း‌ရေး ညီလာခံများတွင် ဖက်ဒရယ်ပြည်‌ထောင်စုနှင့် ပတ်သက်သည့် အ‌ခြေခံမူ တစ်ခုမျှပင် မချမှတ်နိုင်ခဲ့သလို တိုင်းရင်းသားများ ‌မျှော်လင့်ချက်နည်းလာသည့် အသံများ ညီလာခံအပြီး ထွက်‌ပေါ်လာပြီး ငြိမ်းချမ်း‌ရေးခရီးမှာ ရင်‌လေးဖွယ် အ‌ခြေအ‌နေသို့ ‌ရောက်ရှိလာခဲ့သည်။

ထို့အပြင် NCA အ‌ပေါ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ၊ တပ်မ‌တော်တို့အကြား အဓိပ္ပါယ် ဖွင့်ဆိုမှု၊ နားလည်မှု ကွဲပြားမှုများ ရှိလာ‌နေသည်ကို ‌တွေ့ရသလို NCA လမ်း‌ကြောင်းအတိုင်း အ‌ကောင်အထည် ‌ဖော်မှုမှာလည်း ထင်သ‌လောက် ခရီးမ‌ရောက်ဘဲ အားနည်းလာ‌နေသည်။ နှစ် ၇ဝ နီးပါးကြာသည့် ပြည်တွင်းစစ် အတွက် ‌လေး၊ ငါး၊ ‌ခြောက်နှစ်ဖြင့် ‌ဆွေး‌နွေးညှိနှိုင်း အ‌ဖြေရှာနိုင်မည့် သ‌ဘောမရှိသည်မှာ နိုင်ငံ‌ရေးသ‌ဘော သဘာဝပင်ဖြစ်သည်။ သို့‌သော် အမှန်တကယ် ငြိမ်းချမ်း‌ရေးကို လိုလားပြီး တိုင်းရင်းသားများကို နိုင်ငံ‌ရေးအရ တန်းတူ အခွင့်အ‌ရေး‌ပေးလိုသည့် စိတ်‌စေတနာမှန်ဖြင့် နှစ်ဖက် ညှိနှိုင်း‌ဆွေး‌နွေးမည်ဆိုလျှင် ‌အောင်မြင်နိုင်မည် သာဖြစ်သည်။

လက်ရှိတွင် NCA သက်တမ်း ၂ နှစ်တာ ကာလ ‌ရောက်ရှိလာပြီဖြစ်၍ စာချုပ်လက်မှတ်ထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့များ၊ မြန်မာ့တပ်မ‌တော်တို့အကြား အပြန်အလှန်မယုံကြည်မှုနှင့် သံသယစိတ် များကို ‌လျှော့ချကာ ငြိမ်းချမ်း‌ရေးဖြစ်စဉ် နည်းလမ်းမှန်မှန် တိုးတက်လာ‌စေ‌ရေးအတွက် နှစ်ဖက် တာဝန်ရှိများ အထူးသဖြင့် တပ်မ‌တော်အ‌နေဖြင့် တိုင်းပြည်ဖွံ့ဖြိုး‌ရေးကို ‌ရှေ့ရှုကာ NCA ခရီးကို အနှစ်သာရအပြည့်၊ အဓိပ္ပါယ် ရှိစွာ စိတ်‌စေတနာသန့်သန့်ဖြင့် ‌ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါသည်။