Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ၊ လူငယ့်အမြင်

လူငယ့်အသံ၊ လူငယ့်အမြင်

3422

“‌ဆေးရုံမသွားနိုင်တဲ့သူ‌တွေအတွက် ကြင်နာသနားစိတ်ဖြစ်‌ပေါ်ပြီး လူမှုကယ်ဆယ်‌ရေးအသင်းကို တည်‌ထောင်ခဲ့တာပါ”

‌ငွေ‌ကြေးအခက်အခဲရှိလို့ ‌ဆေးရုံမသွားနိုင်ဘဲ အသက်ဆုံးရှုံးခဲ့ရသူ‌တွေကို ကြင်နာသနားစိတ် ဖြစ်‌ပေါ်ပြီး အသက်တစ်‌ချောင်းအ တွက် တစ်‌ထောင့်တစ်‌နေရာက‌နေ ကူညီ‌ပေးဖို့ ၆တန်း‌ကျောင်းသားဘဝက အိပ်မက်ကို လက်‌တွေ့ အ‌ကောင်အထည်‌ဖော်နိုင်ခဲ့ တယ်လို့ ထုတ်‌ဖော်‌ပြောလာသူက‌တော့ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်း‌ရော်‌ဒေသ၊ တံခွန်တိုင်ရွာမှ ဂရုဏာရှင် လူမှုကယ်ဆယ်‌ရေးအသင်းကို ၂၀၁၅ခုနှစ်မှာ ဦး‌ဆောင်တည်‌ထောင်ခဲ့တဲ့ ‌စော‌ကျော်လင်းခိုင်ပဲ ဖြစ်ပါတယ်။

အသက် ၂၉နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ‌စော‌ကျော်လင်းခိုင်ကို တံခွန်တိုင်‌ကျေးရွာမှာပဲ အမိနန်းပစ်နဲ ့အဖ မန်းမြင့်‌အေးတို့က ‌မွေးဖွားခဲ့ ပြီး ‌မွေးချင်း ၆‌ယောက်အနက် ဒုတိယ‌မြောက် သားဖြစ်ပါတယ်။ သူဟာ တံခွန်တိုင် အမက(၃)‌ကျောင်းမှာ ‌ကျောင်းစတက်ခဲ့ပြီး ခလယ်-တံခွန်တိုင်တိုက်နယ် အထက်တန်း‌ကျောင်းမှာ ၂၀၀၃ခုနှစ်က ဆယ်တန်း‌အောင်မြင်ခဲ့ပါတယ်။

၂၀၀၄ခုနှစ်မှာ ဖားအံမြို့၊ နည်းပညာတက္ကသိုလ်ကို တက်‌ရောက်ခဲ့‌ပေမဲ့ ‌ကျောင်းစရိတ် အခက်အခဲရှိလို့ ‌ကျောင်းထွက်ခဲ့ရပြီး ထိုင်းနိုင်ငံမှာ တစ်နှစ် သွား‌ရောက်အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်အဆင်မ‌ပြေတဲ့အတွက် ရွာကိုသူပြန်လာပြီး ရာဘာအ‌စေး ခြစ် တဲ့အလုပ်ကို ပြန်လုပ်ပါတယ်။ လုပ်‌နေရင်း ‌ငွေနည်းနည်း စုမိလာတဲ့အခါ ငယ်စဉ်က စိတ်ကူးအိပ်မက်ဖြစ်တဲ့ လူမှုကယ်ဆယ် ‌ရေးလုပ်ငန်း စလုပ်ဖို့ စိတ်တူဝါသနာတူ‌တွေဖြစ်တဲ့ အဖွဲ့ဝင် ၁၃ဦးနဲ့ ၂၀၁၅ခုနှစ်မှာ ‘ဂရုဏာ’လူမှုကယ်ဆယ်‌ရေးအသင်းကို စတင် ထူ‌ထောင်ခဲ့ပါတယ်။

အသင်းစတင် တည်‌ထောင်ဖြစ်ခဲ့ပုံကို သူက “၅တန်း‌ကျောင်းသားဘဝမှာ မိသားစုဝင်တစ်‌ယောက် ‌နေမ‌ကောင်း‌တော့ မြို့‌ပေါ် ‌ဆေးရုံကို သွားပြတယ်။ ‌ငွေမ‌လောက်‌တော့ ဆရာဝန်‌တွေက လူနာကို ဂရုစိုက်မှုမရှိတဲ့အပြင် ကျ‌နော်တို့ကိုယ်တိုင် အဆူခံခဲ့ရ တယ်။ အဲကတည်းက စိတ်ထဲမှာ ‌ငွေ‌ကြေးအခက်အခဲရှိတဲ့ လူနာ‌တွေကို တစ်‌နေ့ကျရင် ကူညီနိုင်ရမယ်ဆိုပြီး စိတ်ထဲ သ‌န္ဓေ တည်ခဲ့တာပါ”လို့ ‌ပြောပါတယ်။

ဂရုဏာ လူမှုကယ်ဆယ်‌ရေးအဖွဲ့အ‌နေနဲ ့လက်ရှိ အဖွဲ့ဝင် ၅ဝဦးထိ တိုးလာခဲ့ပြီး ဝင်း‌ရော်‌ဒေသတစ်ခုလုံးမှာ ‌ငွေ‌ကြေးအခက်အခဲ ‌ကြောင့် မြို့‌ပေါ်‌ဆေးရုံ မသွားနိုင်သူ‌တွေကို အခမဲ့ ကူညီ‌ပေး‌နေသလို အ‌ရေး‌ပေါ်လူနာ‌တွေ အချိန်မှီ ပို့‌ဆောင်နိုင်ဖို့ အသင်းအ ‌နေနဲ့ အခက်အခဲကြားက‌နေ ကြိုးစားလုပ်‌ဆောင်‌နေခဲ့ပါတယ်။

“ကွမ်က‌သောင်လို‌နေရာမျိုးဆို လမ်းမ‌ကောင်း‌တော့ ကားသွားမရဘူး။ လူနာ‌တွေက အ‌ရေး‌ပေါ်ဖြစ်ပြီးဆို‌တော့ ကျ‌နော်တို့ ကား သွားလို့ရတဲ့‌နေရာ အထိသွား‌ပေးတယ်။ လူမျိုး၊ ဘာသာမ‌ရွေး ဖုန်းဆက်အ‌ကြောင်းကြားလာရင် ၂၄နာရီအချိန်ပြည့် သွား‌ပေး တယ်။ ကျ‌နော် အဖွဲ့သား‌တွေကို အရက်‌သေစာ၊ မူးယစ်‌သောက်စားတာကို လုံးဝ တားမြစ်ထားပါတယ်။ ကျ‌နော်တို့‌ကြောင့် လူနာအသက်ဆုံးရှုံးမှာကို အရမ်းသတိကြီးကြီး ထားရတယ်”လို့ ‌စော‌ကျော်လင်းခိုင်က ဆိုပါတယ်။

သူတို့ကို အလှူရှင်တစ်ဦးက လိုင်စင်မဲ့ကားတစ်စီး လှူဒါန်းထား‌ပေမဲ့ လိုင်စင်မရှိ‌တော့ မြို့‌ပေါ်‌ဆေးရုံ‌တွေကို လူနာသွားပို့တဲ့အခါ အခက်အခဲ‌တွေလည်း ကြုံရပါ‌သေးတယ်။ ဒါ‌ပေမဲ့ အသင်းအ‌နေနဲ့ စတင် ဖွဲ့စည်းစဉ်ကတည်းက ဒီ‌နေ့အထိ အ‌ရေး‌ပေါ်လူနာ ၃ဝဝ‌ကျော်ကို မုဒုံ၊ ‌မော်လမြိုင်၊ ရန်ကုန်‌ဆေးရုံကြီးသို့ အခမဲ့ ပို့‌ဆောင်‌ပေးခဲ့ပြီး ‌စေတနာအရ ကားဆီဖိုး‌ပေးလာတဲ့ လူနာရှင်‌တွေ ဆီကသာ အလှူ‌ငွေလက်ခံပြီး ‌အောက်စီဂျင်ဘူး၊ ကားဆီ၊ ကားကြံ့ခိုင်မှု‌တွေအတွက် လိုအပ်သလို ပြန်လည်သုံးစွဲရပါတယ်။ တခါ တ‌လေ ကားဆီဖိုးမရှိ‌တော့ အသင်းသား‌တွေစုပြီး ‌ငွေ‌ကြေးစိုက်ထုတ် ကူညီ‌ဆောင်ရွက်ရတဲ့အခါလည်း ရှိတယ်လို့ သူက ‌ပြောပါ တယ်။

ဒါ့အပြင် အသင်းအ‌နေနဲ့ ‌နွေရာသီမှာ ‌သောက်သုံး‌ရေ လိုက်‌ဝေ‌ပေးတာ၊ ‌ကျောင်း၊ ‌ဆေးရုံ၊ အများပြည်သူ ရှိတဲ့‌နေရာ‌တွေကို သန့် ရှင်း‌ရေး ‌ဆောင်ရွက်‌ပေးတာ၊ လူမျိုး၊ ဘာသာ၊ ‌ဒေသမ‌ရွေးဘဲ လူနာ‌တွေကို ကူညီ‌ဆောင်ရွက်‌ပေးခဲ့တဲ့အတွက် ဝင်း‌ရော်‌ဒေသ ကရင်နှစ်သစ်ကူးကျင်းပ‌ရေးအဖွဲ့က ၂ဝ၁၆ခုနှစ်အတွက် လူမှုထူးချွန်ဆု ‌ပေးအပ်ဂုဏ်ပြုခြင်း ခံခဲ့ရပါတယ်။

အခုလို ငယ်စဉ်ကတည်းက စိတ်ကူးအိပ်မက် ပရဟိတအလုပ်‌တွေကို လက်‌တွေ့ အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်လာနိုင်တဲ့ အ‌ပေါ် သူ့အ‌နေနဲ့ လူငယ်‌တွေကို ‌ပြောချင်တာက “မူးယစ်နွံထဲမှာပဲ မ‌နေကြပါနဲ့။ ရုန်းထွက်ကြပါ။ ‌ငွေ‌ကြေးဘယ်‌လောက်ပဲရှိရှိ၊ ဘယ်‌လောက်ပဲ ချမ်းသာ‌နေပါ‌စေ။ မရှိတဲ့သူ‌တွေအတွက် ‌ရေတစ်ခွက်‌တောင် မဖြည့်ဆည်း‌ပေးနိုင်ခဲ့ဘူးဆိုရင် လူပီသရာ မ‌ရောက်ပါဘူး။ လူငယ်‌တွေအားလုံး ကိုယ့်ရဲ့ပတ်ဝန်းကျင်၊ နိုင်ငံအတွက် တစ်‌ထောင့်တစ်‌နေရာက‌နေ လူပီသစွာ တန်ဖိုးရှိရှိ ‌နေထို်င်ကြပါ”လို့ တိုက်တွန်း‌ပြောဆိုခဲ့ပါတယ်။