Home သတင်း ရိက္ခာပြတ်‌တောက်သွားပြီဖြစ်သည့် အီတူးထာ့ IDP ဒုက္ခသည်များ အကူအညီများ မရရှိ‌သေး

ရိက္ခာပြတ်‌တောက်သွားပြီဖြစ်သည့် အီတူးထာ့ IDP ဒုက္ခသည်များ အကူအညီများ မရရှိ‌သေး

2411

စက်တင်ဘာ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ယခုလ စက်တင်ဘာမှစတင်၍ ရိက္ခာပြတ်‌တောက်သွားပြီဖြစ်သည့် အီတူးထာ့ ပြည်တွင်းစစ်‌ရှောင် IDP ဒုက္ခသည်များအ တွက် အ‌ရေး‌ပေါ်အကူအညီများလိုအပ်‌နေ‌သော်လည်း ယခုအချိန်ထိ မရရှိ‌သေး‌ကြောင်း စခန်းတာဝန်ရှိသူများက ‌ပြော သည်။

အဆိုပါ ဒုက္ခသည်များကို ဆက်လက်အကူအညီ‌ပေးရန်အတွက် အသစ်ပြန်လည်ဖွဲ့စည်းထားသည့် အီတူးထာ့ IDPs ပံ့ပိုး ‌ရေး‌ကော်မတီ (ETT Supporting Committee)က နိုင်ငံတကာအလှူရှင်များနှင့် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းအသီး သီးထံ စက်တင်ဘာ ၄ ရက် ‌နေ့စွဲဖြင့် ‌မေတ္တာရပ်ခံစာတစ်‌စောင် ‌ပေးပို့ထား‌သော်လည်း အ‌ကြောင်းပြန်ခြင်းတစုံတရာ မရှိ‌သေး‌ကြောင်း အီတူးထာ့ ရိက္ခာဂို‌ဒေါင်မှူး ‌စောကားလိုက စက်တင်ဘာ ၂၄ ရက်‌နေ့တွင် ‌ကေအိုင်စီသို့‌ပြောသည်။

၎င်းက “နိုင်ငံတကာအလှူရှင်‌တွေက လက်ရှိအချိန်မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းပြီ။ ဒါ‌ကြောင့် ဒုက္ခသည်‌တွေမရှိ ‌တော့ဘူးလို့ ထင်လို့ ရိက္ခာဖြတ်လိုက်ပြီ။ တကယ်တမ်း ဒုက္ခသည်‌တွေ လက်‌တွေ့ခံစား‌နေရတဲ့ အခက်အခဲ‌တွေကို မသိပါဘူး။”ဟု ‌ပြော သည်။

နိုင်ငံတကာအလှူရှင်များက အီတူးထာ့ ဒုက္ခသည်အတွက် လူသားချင်းစာနာ‌ထောက်ထားသည့်အ‌နေဖြင့် နိုဝင်ဘာလ အ ထိ ဆန်နှင့်ဆားကို ‌ထောက်ပံ့‌ပေးထား‌သော်လည်း ကုန်ဆုံးသွားပါက စခန်းသားများမှာ အငတ်‌ဘေး လုံးဝ ကြုံ‌တွေ့မည် ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။
လက်ရှိ မြန်မာ့နိုင်ငံ‌ရေးအ‌ခြေအ‌နေမှာလည်း စစ်မှန်‌သောငြိမ်းချမ်း‌ရေးမရရှိ‌သေးသလို မိမိတို့ စစ်‌ပြေး‌ရှောင်များ၏ ဌာ‌နေ ရပ်ရွာများတွင် စစ်စခန်းများ၊ ‌မြေမြှုပ်မိုင်းအ‌ဟောင်းများရှိ‌နေ‌သေး‌သော‌ကြောင့် ‌နေရပ်ပြန်ရန်မဖြစ်နိုင်‌သေး‌ကြောင်း ‌စေခန်း ၏ အတွင်း‌ရေးမှူး ‌စောခလယ်‌ဖောကလည်း ‌ကေအိုင်စီသို့‌ပြောသည်။

အီတူးထာ့စခန်းတွင် ‌နေထိုင်သည့် မသန်စွမ်းတစ်ဦးဖြစ်သူ ‌စောထူးဝါးကလည်း “ ရွာပြန်မယ် ဆိုရင် ကျ‌နော်က ‌ခြေလက်‌တွေလည်းမသန်‌တော့ဘူး။ မျက်စိလည်းသိပ်မမြင်ရ‌တော့ လုပ်စား ကိုင်စားဖို့က အဆင်မ‌ပြေဘူး။ ခုလည်း က‌လေး‌ကျောင်းစရိတ်၊ စားဝတ်‌နေ‌ရေး အားလုံးက ခက်ခဲ‌နေတာ‌ပေါ့။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စခန်းအတွင်းတွင် လုပ်ကိုင်စား‌သောက်မည့် ‌မြေ‌နေရာများမရှိခြင်း၊ အရင်းအနှီးမရှိခြင်းတို့‌ကြောင့် ရိက္ခာဖြတ် ‌တောက်လိုက်သည့်အတွက် စိုးရိမ်ပူပန်မှုမြင့်တက်‌နေပြီး နိုင်ငံ‌ရေး အ‌ခြေအ‌နေ‌ကောင်းလာသည်အထိ ဆက်လက် ကူညီပံ့ပိုးရန် ‌တောင်းဆို‌ကြောင်း၊ အကယ်၍ ‌နေရပ်ပြန်‌ရေးကိစ္စများ‌ပေါ်‌ပေါက်လာပါက ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၏ စီမံမှုအတိုင်း ထားသည့်‌နေရာတွင် ‌နေထိုင်သွားမည်ဟု ဒုက္ခသည်များ ‌ပြောဆိုသည်။

ယခင် စစ်‌ပြေး‌ရှောင်ပြည်သူများအတွက် အလှူရှင်များက စားနပ်ရိက္ခာအဖြစ် ဆန်ကိုသာ အဓိက ‌ထောက်ပံ့ ‌ပေးရာတွင် တစ်လစာ အတွက် အသက် ၆ နှစ်‌အောက် လူတစ်ဦးလျှင် ဆန် ၆ ကီလိုနှင့် အသက် ၆ နှစ်အထက် လူတစ်ဦးလျှင် ဆန် ၁၂ကီလိုနှုန်းဖြင့် ကူညီ‌ထောက်ပံ့မှု ရရှိကြသည်ဟု စခန်းတွင်း ‌နေထိုင်သူများ၏ ‌ပြောပြချက်များအရ သိရသည်။

လတ်တ‌လောတွင် လူဦး‌ရေ ၂ဝဝဝ ‌ကျော်ရှိသည့် အီတူးထာ့ ပြည်တွင်းစစ်‌ရှောင် IDP ဒုက္ခသည်စခန်းကို ၂၀၀၆ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေအား နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရ တပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသူများကို ယာယီခိုလှုံနိုင်ရန် ထိုင်း-မြန်မာ နယ်စပ် သံလွင်မြစ်ကမ်းနံ‌ဘေးတွင် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။