Home ကဗျာ မူမဲ့အရပ်က ပြန်ခဲ့ပါ

မူမဲ့အရပ်က ပြန်ခဲ့ပါ

2601

(လကင်္ာဒီပ)

‌ထေ့‌ငေါ့‌လှောင်‌ပြောင် မထီမဲ့စကား
မုန်းတရား‌တွေ မဖန်တီးခဲ့ရင်
အထင်‌သေး ချိုးနှိမ်တဲ့အကျင့်
မမြင့်တဲ့ လူ‌နေမှုစနစ်အလီလီ
ကိုယ်စီ ပြင်ဆင် ‌စောင့်စည်းကြရင်
အစဉ်ယုံကြည်ထားတဲ့
ညီညွတ်တဲ့ စည်းလုံးမှု သ‌န္ဓေသား
‌မွေးဖွား‌ပေးနိုင်လာပါလိမ့်မယ်။

လူသားခရီး သံသရာခရီး
အ‌ဝေးကြီး မကြည့်နိုင်‌သေးဘူး
အထူး ခွင့်လွှတ်ပါ မိတ်‌ဆွေ
ကျုပ်တို့‌တွေလည်း ပြတ်တုန်းလပ်တုန်း‌တွေမို့
ကိုယ့် စလယ်ဝင်အိုးအလှ
မ‌လောက်ငှဘဝ ဆက်ရပ်တည်ရင်း
ကိုယ်ချင်းစာတရား‌လေး ထား‌ပေးပါရဲ့
‌မှောင်မိုက်တဲ့ ဘဝဆိုးကြီးက
ကျုပ်တို့အတူတွန်းမှ ‌ရွေ့လျား‌ဖော်ထုတ်နိုင်လိမ့်မယ်။

ကိုယ့်စိတ်ဆန္ဒအရသာ ဆိုကြတယ်
ပြန်ပို့မယ် တကဲကဲဆိုတာချည်း
မပြီးပြတ်‌သေးတဲ့ခရီး
မပြီးဆုံး‌သေးတဲ့ ပိုင်စိုးမှုခရီး
မပြီးနိုင်‌သေးတဲ့ ‌မြေမြုပ်မိုင်းအန္တရာယ်
ဘယ်မှာလည်း အလုပ်အကိုင်
တနိုင်တပိုင် လုပ်စားဖို့‌နေရာ
အာမခံချက် ‌ပေးမယ်ဆိုတဲ့ ကတိစကား
‌ပြောဖူးလား ကျုပ် ကြားချင်မိပါရဲ့။

အကျိုးတူ စီးပွားရှိရာ
‌နေရာသို့သာ စာမျက်နှာသစ်
လမ်း‌ကြောင်းဖွင့်မယ်ဆိုရင်ဖြင့်
အပြစ်‌တော့ မ‌ပြောရက်ပါဘူး
‌ကျေးဇူးတင်တယ် သင်တို့ ‌ကျွေး‌မွေးခဲ့မှု
‌ထောက်ပြုပံ့ပိုး သက်ဆက်ခွင့်‌ပေးမှု
သာဓု သာဓု သာဓု သုံးကြိမ်‌ခေါ်လို်က်ပါတယ်
ကြုံလာတယ် က‌လေးများအ‌ရေး
‌ဝေး… ညီအကိုတို့‌ရေ ‌ဖေးမဖို့
ကျုပ်တို့မှာ တာဝန်‌တွေ ကိုယ်စီရှိကြပြီ‌နော်။

မနီးနိုင်ကြ‌သေးတဲ့ “‌သွေး”
အ‌ရေးကြီးလာပြီဆိုတာ‌တောင်
‌ယောင်လို့‌တောင် သတိမရကြ‌ပေဘူး
စိတ်ကူးနဲ့ ရွက်လွှင့်ရာ
“ငါ့‌လှေငါထိုး ဘယ်ကို‌ရောက်‌ရောက်”
‌ရှေ့သွား‌နောက်လိုက်‌တွေ မညီကြ
တ‌တော တဗိုလ် တ‌တောင် တမင်း‌တွေ
ပြည်သူ‌တွေကို လိမ်ညာထားတဲ့
ဟိုး မူမဲ့အရပ်က ပြန်ခဲ့ကြဖို့ အချိန်တန်ပြီ ညီအကိုတို့‌ရေ။

၂၄ စက်တင်ဘာ ၂၀၁၇။