Home သတင်း ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြုပ်နှံမှု လိုအပ်‌ကြောင်း ပါ‌မောက္ခ‌ဒေါက်တာ‌အောင်ထွန်းသက်‌ပြောဆို

ဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြုပ်နှံမှု လိုအပ်‌ကြောင်း ပါ‌မောက္ခ‌ဒေါက်တာ‌အောင်ထွန်းသက်‌ပြောဆို

2258

စက်တင်ဘာ ၁၄ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်သည် အခြားတိုင်းနှင့် ပြည်နယ်များနည်းတူ ရင်းနှီးမြုပ်နှံမှု အ‌ကောင်းဆုံး‌ဒေသတစ်ခုဖြစ်သည်ဟု ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ စက်တင်ဘာလ ၁၄ရက်‌နေ့က ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးအတွက် စီးပွား‌ရေးလုပ်ငန်းများ(Business for Peace) ‌ဆွေး‌နွေး‌ဟော‌ပြောပွဲတွင် UNGCL Local Network Myanmar ဥက္ကဌ ပါ‌မောက္ခ ‌ဒေါက်တာ‌အောင်ထွန်းသက်က ‌ပြောဆိုလိုက် သည်။

“ဖွံ့ဖြိုးတိုးတက်မှု လုပ်ရာမှာ ရင်းနှီးမြုပ်နှံမှုလိုပါတယ်။ အရင်တုန်းကလည်း ‌ပြောပါတယ်။ ကရင်ပြည်နယ်‌လောက် ရင်းနှီးစရာ ‌ကောင်းတဲ့ ‌ဒေသမရှိဘူး။ သထုံတုန်းကလည်း ဒီလိုပဲ ‌ပြောခဲ့တယ်။ မွန်မှာလည်း ဒီအတိုင်းပဲ။ ကျ‌နော်တို့ တနသာင်္ရီတိုင်း၊ ကယားပြည်နယ်၊ ကိုယ့်နိုင်ငံမှာ ဘယ်‌နေရာမှာကြည့်ကြည့် ရင်းနှီးမြှုပ်နှံလို့ အခွင့်အ‌ရေး‌တွေ အ‌ကောင်းဆုံး‌ဒေသ‌တွေ ဖြစ် တယ်။”ဟု အဆိုပါ‌ဟော‌ပြောပွဲတွင် ထိုသို့ ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပပြီး ငြိမ်းချမ်း‌ရေးအတွက် အ‌ထောက်အကူပြု‌ပေးနိုင်သည့် စီးပွား‌ရေးလုပ်ငန်းများအား သိရှိ‌စေရန် ရည်ရွယ်ကာ BUSINESS FOR PEACE ‌ခေါင်းစဉ်ဖြင့် စီးပွား‌ရေး၊ ရင်းနှီးမြုပ်နှံမှု၊ လူမှု‌ရေး၊ ပညာ‌ရေး စသည့်အ ‌ကြောင်းအရာများကို ပါ‌မောက္ခ ‌ဒေါက်တာ‌အောင်ထွန်းသက်က လာ‌ရောက်ဦး‌ဆောင်‌ဆွေး‌နွေး ‌ဟော‌ပြော‌ပေးခဲ့ခြင်းဖြစ်ပြီး စီးပွား ‌ရေး ရင်းနှီးမြုပ်နှံမှုများကို ကြိုဆို‌ကြောင်းနှင့် လိုအပ်ပါက အစိုးရကလည်း ဘဏ္ဍာ‌ငွေချ‌ပေးရန်လို‌ကြောင်း ထပ်မံ ‌ပြောဆိုသည်။

ထို‌နေ့က ပြုလုပ်ခဲ့သည့် ‌ဟော‌ပြော‌ဆွေး‌နွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့အပြင် PNLO-ပအိုဝ်းအမျိုးသားလွတ်‌မြောက်‌ရေးအဖွဲ့ ချုပ် ဥက္ကဌ ခွန်မြင့်ထွန်း၊ ကရင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ ကရင်ပြည်နယ်အ‌ခြေစိုက် အရပ်ဖက်လူမှုအဖွဲ့၊ NGOများ၊ စီးပွား‌ရေးလုပ်ငန်းရှင်များ၊ ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ‌ဒေသခံများ အပါအဝင် စုစု‌ပေါင်း တက်‌ရောက်သူ ၅၀ဝခန့်ရှိ‌ကြောင်း သိရ သည်။

ကရင်ပြည်နယ်တွင် နှစ်‌ပေါင်းများစွာ ဖြစ်‌ပေါ်‌နေခဲ့သည့် နယ်‌မြေမငြိမ်းချမ်းမှု ပြဿနာများ‌ကြောင့် စီးပွား‌ရေးလုပ်ငန်းများ၊ စီးပွား ‌ရေး အခွင့်အလမ်းများအပြင် ‌ဒေသခံများအတွက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီး‌ပေးနိုင်သည့် စက်ရုံအလုပ်ရုံများ ရှား ပါးမှု‌ကြောင့် ‌ဒေသခံများအ‌နေဖြင့် နယ်‌မြေချင်းထိစပ်‌နေသည့် နီးစပ်ရာ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် သွား‌ရောက်အလုပ်လုပ်ကိုင် မှုများ ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန် ကရင်ပြည်နယ်အတွင်း ငြိမ်းချမ်းမှုများရှိလာသည်နှင့်အမျှ အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတို့ စီးပွား‌ရေးလုပ်ငန်းများတွင် ပူး‌ပေါင်းလုပ်‌ဆောင်နိုင်မှုများရှိလာခြင်းသည် ‌ကောင်းမွန်သည့် အလားအလာဖြစ်‌ကြောင်း ကရင်ပြည် နယ် အစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာ‌ရေးနှင့် စည်ပင်သာယာ‌ရေး ဝန်ကြီးဦးသန်းနိုင်က အဆိုပါပွဲတွင် ထည့်သွင်း‌ပြောဆိုသည်။

စည်ပင်ဝန်ကြီး ဦးသန်းနိုင်က “အရင် ၅နှစ်က ကျ‌နော်တို့ တိုင်းရင်းသားလက်နက်ကိုင်ညီအစ်ကို‌တွေ စီးပွား‌ရေး‌တွေလုပ်တဲ့အခါ ကျ‌တော့ ကျ‌နော်တို့ လုပ်ငန်းလုပ်ကွက်‌တွေကို သူတို့ကို ချ‌ပေးတယ်။ သူတို့ကတဆင့် အခြားပြည်ပက ကုမ္ပဏီ‌တွေနဲ့ တစ်ခါ လုပ်ကြတယ်။ ကျ‌နော်တို့လက်ထက်မှာကျ‌တော့ ငြိမ်းချမ်း‌ရေးအဖွဲ့အစည်းထဲက စီးပွား‌ရေးလုပ်တဲ့သူ‌တွေနဲ့ ကျ‌နော်တို့အတူ ကုမ္ပဏီ‌ထောင်ပြီး ရရှိလာတဲ့ အခွန်‌တွေလည်း ပြည်ပကိုမ‌ရောက်ဘဲ ပြည်နယ်အတွင်း ပြန်ပြီးစီး‌မျောလာမယ်။ အခုဆိုရင် ကုမ္ပ ဏီ‌တွေလည်း တည်‌ထောင်နိုင်ပြီ”ဟု ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကုမ္ပဏီများနှင့် ပိုမိုပူး‌ပေါင်းလုပ်‌ဆောင်လာ နိုင်ပါက ‌ဒေသအတွင်း တိုင်းရင်းသားလူငယ်များ၏ အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုရရှိလာမည်ဖြစ်‌ကြောင်း ၎င်းက ဆက်လက် ‌ပြောဆိုသည်။

ယင်းသို့ ပြုလုပ်သည့် အဆိုပါ‌ဆွေး‌နွေး‌ဟော‌ပြောပွဲကို BUSINESS FOR PEACE ‌ခေါင်းစဉ်ဖြင့် ပထမဆုံးအကြိမ်၊ ကရင်ပြည် နယ် အစိုးရကိုယ်တိုင် ကြီးမှူးကျင်းပခြင်းဖြစ်‌ကြောင်း သိရသည်။