Home သတင်း ပဲခူး JMC-S ‌ကျောက်ကြီး လူထု‌တွေ့ဆုံပွဲတွင် ‌ဆွေး‌နွေး‌မေးမြန်းခွင့် မရသည့်အ‌ပေါ် ‌ဒေသခံများ အားမရဖြစ်‌နေ

ပဲခူး JMC-S ‌ကျောက်ကြီး လူထု‌တွေ့ဆုံပွဲတွင် ‌ဆွေး‌နွေး‌မေးမြန်းခွင့် မရသည့်အ‌ပေါ် ‌ဒေသခံများ အားမရဖြစ်‌နေ

1912

စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ပဲခူးတိုင်း‌ဒေသကြီး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီက စက်တင်ဘာ ၁၂ ရက်‌နေ့တွင် ‌ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့ ရှိ ‌အေးမြသုခ‌ကျောင်းတိုက် ဓမ္မာရုံ၌ ပြုလုပ်သည့် လူထု‌တွေ့ဆုံပွဲတွင် အပြန်အလှန် ‌ဆွေး‌နွေး‌မေးမြန်းခွင့် မရသည့်အတွက် အားမလိုအားမရဖြစ်ရသည်ဟု ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ‌ဒေသ ခံလူမှုအဖွဲ့အစည်းကိုယ်စားလှယ် ‌နော်တဘီးသာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ JMC ဖြစ်‌ပေါ်လာပုံ၊ ငြိမ်းချမ်း‌ရေးဖြစ်စဉ် အ‌ကြောင်း‌တွေ ရှင်းပြတယ်။ တိုင်းမှူးက အပိတ်မိန့်ခွန်း‌ပြောပြီး‌တော့ အခမ်းအနားကို ရုပ်သိမ်းလိုက်တယ်။ အ‌မေးအ‌ဖြေ ကဏ္ဍမပါဘူး။ သူတို့ ‌ပြောသမျှ နား‌ထောင် ပြန်ရတယ်ဆို‌တော့ အခမ်း အနား တက်‌ရောက်တဲ့သူ‌တွေက တစ်မျိုးကြီးဖြစ်သွားတာ‌ပေါ့၊ အမှန်မှန်က ချိုး‌ဖောက်မှုဖြစ်တာ သူတို့‌တွေပဲ‌လေ၊ ပြည် သူ ‌တွေမှ မဟုတ်တာ။ ပြည်သူ‌တွေကိုလည်း အခွင့်အ‌ရေး‌ပေးပြီး‌တော့‌မေးသင့်တာ ‌မေးခွင့်‌ပေးရမယ်” ဟု စက်တင်ဘာ ၁၄ ရက်တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ အဆိုပါ လူထု‌တွေ့ဆုံပွဲတွင် JMC-S ‌ကော်မတီဝင်များနှင့် ပြည်သူလူထုအကြား အပြန်အလှန်‌မေးမြန်း‌ဆွေး‌နွေး ခွင့် အစီအစဉ် မပါသည့်အတွက် တဖက်သတ်ဆန်သည့်ပုံစံမျိုးဖြစ်ကာ ပွင့်လင်းမြင်သာမှုအားနည်းသည်ဟု မြင်‌ကြောင်း၊ ‌ဒေသခံများအ‌နေဖြင့် ‌ဒေသတွင်း အ‌ခြေအ‌နေများ၊ ပဲခူးတိုင်း JMC-S ဖွဲ့စည်းထားပုံနှင့် ပတ်သက်၍ ရှင်းရှင်းလင်းလင်း ချပြ‌ဆွေး‌နွေး‌ပေးရန် လိုလားသည်ဟု အခမ်းအနား တက်‌ရောက်ခဲ့သူ ပဲခူးတိုင်း ‌ဒေသကြီး လွှတ်‌တော်၊ တိုင်းရင်းသား‌ရေး ရာ‌ကော်မတီ ဥက္ကဌ၊ ‌ကျောက်ကြီးမြို့နယ်၊ တိုင်းလွှတ်‌တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦးက ‌ကေအိုင်စီသို့ စက်တင်ဘာ ၁၃ ရက်‌နေ့တွင် ‌ပြောသည်။

အဆိုပါ ‌တွေ့ဆုံပွဲသို့ ပဲခူး JMC-S ဥက္ကဌ ‌တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်‌ကျော်၊ အရပ်သား ကိုယ်စား လှယ် ဒုဥက္ကဌ (၂) ‌စောလင်း‌အောင်တို့ အပါအဝင် ‌ကော်မတီဝင် ၇ ဦး တက်‌ရောက်ခဲ့ပြီး အခမ်းအနားသို့ ‌ဒေသခံ ‌ကေအဲန် ယူ- ကရင်အမျိုးသားအစည်းအရုံးမှ တာဝန်ရှိသူများ၊
လွှတ်‌တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ‌ဒေသခံ များ စုစု‌ပေါင်း ၄၀ဝ ဦးခန့် တက်‌ရောက်ခဲ့သည်။

အခမ်းအနားတွင် ပဲခူးတိုင်း JMC-S ‌ကော်မတီဝင်များက ‌ကော်မတီဖွဲ့စည်းပုံ၊ NCA ဖြစ်‌ပေါ်လာပုံတို့ကို ရှင်းလင်း ‌ပြောကြားခဲ့သလို နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (Military Code of Conduct – CoC) ပါ အချက်အလက်များကို JMC-S အဖွဲ့ဝင်များက ရှင်းလင်း‌ပြောကြားခဲ့သည်။

ပဲခူးတိုင်း JMC-S အဖွဲ့ဝင် အရပ်သားကိုယ်စားလှယ် ‌စောထူးဘလပ်က “ အရင်‌တွေ့ဆုံပွဲ‌တွေမှာ အ‌မေးအ‌ဖြေ ရှိပါတယ်။ ဒီတစ်‌ခေါက်က‌တော့ အာဂျင်တာထဲမှာကိုက မပါလာဘူး‌လေ။ အ‌မေးအ‌ဖြေလုပ်ဖို့ ‌ကောင်းတယ်လို ့‌ပြောတာ‌တွေရှိပါ တယ်။ ‌နောက်တခါ အစည်းအ‌ဝေးကျရင် လူထု‌တွေက ဒီလို‌တော့ အသံထွက်တယ်ဆိုတာ ကျ‌နော်တို့လည်း ပြန်တင်ပြမယ်‌လေ‌နော်”ဟု ‌ကေအိုင်စီသို့ စက်တင်ဘာ ၁၃ ရက်‌နေ့တွင် ‌ပြောသည်။

ပဲခူးတိုင်း‌ဒေသကြီး JMC-S ‌ကော်မတီကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ ‌အောက်တိုဘာ ၁၄ ရက်‌နေ့တွင် ‌တောင်ငူမြို့ ၌ စတင်ဖွဲ့စည်းခဲ့ပြီး ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ကိုယ်စားလှယ် ၅ ဦး၊ တပ်ဖက်မှ ကိုယ်စားလှယ် ၅ ဦး၊ နှစ်ဖက် အရပ်သားကိုယ်စားလှယ် ၄ ဦး စုစု‌ပေါင်း ၁၄ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သည်။ ‌ကော်မတီဝင် အချို့ နုတ်ထွက်မည်ဟု သတင်းထွက်‌ပေါ်ခဲ့ဖူး‌သော်လည်း ‌ကော်မတီထံ တရားဝင်စာဖြင့် တင်ပြ‌ရောက်ရှိလာခြင်းမရှိ‌သေးသလို ‌ကော်မတီအ‌နေဖြင့် တစ်လတစ်ကြိမ်ခန့် လူထု‌တွေ့ဆုံပွဲများ ပြုလုပ်‌လေ့ရှိ‌ကြောင်း ‌ကော်မတီ တာဝန်ရှိသူများထံမှ သိရသည်။