Home သတင်း ပထမဆုံးအကြိမ် ပြည်နယ်တွင်း တိုင်းရင်းသားရိုးရာ ယဉ်‌ကျေးမှုပွဲ‌တော် ကျင်းပရန် ကရင်အစိုးရကြိုးပမ်း

ပထမဆုံးအကြိမ် ပြည်နယ်တွင်း တိုင်းရင်းသားရိုးရာ ယဉ်‌ကျေးမှုပွဲ‌တော် ကျင်းပရန် ကရင်အစိုးရကြိုးပမ်း

2205

စက်တင်ဘာ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အစိုးရ၏ ဦး‌ဆောင်မှုဖြင့် ပြည်နယ်အတွင်းမှီတင်း‌နေထိုင်ကြသည့် တိုင်းရင်းသားများပါဝင်မည့် ပထမဆုံးအကြိမ် တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကို လာမည့် ၂၀၁၈ ‌ဖေ‌ဖော်ဝါရီလဆန်းပိုင်းတွင် ကျင်းပ သွားရန်ရှိ‌ကြောင်း သိရသည်။

အဆိုပါပွဲ‌တော်တွင် တိုင်းရင်းသားများ၏ ရိုးရာယဉ်‌ကျေးမှုဆိုင်ရာ ထုတ်‌ဖော်ပြသမှုများအား တစ်စုတစ်စည်း တည်း မြင်‌တွေ့ရမည်ဖြစ်သည့်အတွက် ထိုသို့တိုင်းရင်းသားရိုးရာပွဲ‌တော်ကျင်းပရခြင်းနှင့်ပတ်သက်၍ ပြန်ကြား‌ရေး နှင့် ပြည်သူ့ ဆက်ဆံ‌ရေးဦးစီးဌာန ပြည်နယ် ဦးစီးမှူး ‌ဒေါ်ခင်‌စောလင်းက စက်တင်ဘာ ၂ရက်‌နေ့က ပြုလုပ်သည့် ပွဲ‌တော်ဖြစ်‌မြောက်‌ရေး ညှိနှိုင်းအစည်းအ‌ဝေးတွင် ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“ ပြည်‌ထောင်စုဝန်ကြီးက‌နေပြီး‌တော့ ကျမတို့ဌာန နှစ်ပတ်လည် အစည်းအ‌ဝေးမှာ ဒီဟာကိုလုပ်ဖို့ချပြတယ်‌ပေါ့။ ကရင်ပြည်နယ်မှာ စာ‌ပေယဉ်‌ကျေးမှုအား‌ကောင်းတယ်။ ‌ဆောင်ရွက်‌ပေးနိုင်ရင် ‌ဆောင်ရွက်‌ပေးဖို့လမ်း ညွှန် ထား တာရှိတယ်။ လုပ်ရတဲ့ရည်ရွယ်ချက်က‌တော့ ပြည်နယ်အတွင်း ‌နေထိုင်ကြတဲ့ တိုင်းရင်းသား လူမျိုးအချင်းချင်း ချစ်ကြည် ရင်းနှီးမှုနဲ့အတူ စည်းလုံးညီညွတ်စွာနဲ့လက်တွဲ‌နေထိုင်သွားနိုင်ဖို့ ရိုးရာ၊ ဓ‌လေ့ထုံးစံ‌တွေ မ‌ပျောက်ပျက်ရ‌အောင် ထိန်းသိမ်း သွားနိုင်ဖို့အတွက်ကို ရည်ရွယ်တာဖြစ်တယ်” ဟု ၎င်းက ‌ပြောသည်။

ပွဲ‌တော် ကျင်းပနိုင်‌ရေးအတွက် စက်တင်ဘာ ၂ရက်‌နေ့တွင် ကရင်ပြည်နယ် ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်ခဲ့ပြီး ယင်းအစည်းအ‌ဝေးတွင် ရဟန်း သံဃာ‌တော်များ၊ ဗမာ၊ မွန်၊ ပအိုဝ်းတိုင်းရင်းသား‌ရေးရာ ဝန်ကြီးများ၊ လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကရင်၊ ပအိုဝ်း၊ ရှမ်း(သျှမ်း)၊ ‌ဂေဘား၊ မွန်စသည့် စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီများမှ တာဝန်ရှိသူများ တက်‌ရောက်ခဲ့ကြသည်။

တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်ကို ကရင်ပြည်နယ် ဖားအံမြို့ရှိ သီရိကွင်းတွင် ၂၀၁၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၉ ရက်မှ စတင်ကာ ပြည်‌ထောင်စု‌နေ့အထိ ကျင်းပသွားရန်ရည်ရွယ်ထားပြီး ယင်းပွဲ‌တော်တွင် ပြည်နယ်အတွင်း ‌နေထိုင်ကြသည့် ကရင်၊ ပအိုဝ်း၊ ရှမ်း(သျှမ်း)၊ ‌ဂေဘား၊ မွန်စသည့်တိုင်းရင်းသားတို့၏ ရိုးရာယဉ်‌ကျေးမှုများ ပါဝင်မည်ဖြစ်သည်။

‌ဆွေး‌နွေးပွဲတက်‌ရောက်လာသူ မြဝတီမြို့နယ် ၊ မဲဆန္ဒနယ်အမှတ် (၁) ကရင်ပြည်နယ် လွှတ်‌တော်ကိုယ်စားလှယ် ဦးအိုက်ကျန်ခမ်းက “ အခုကျ‌နော်တို့ တိုင်းရင်းသား‌တွေစု‌ပေါင်းပြီး ပြည်‌ထောင်စု‌နေ့မှာ ညီအစ်ကို ‌မောင်နှမ‌တွေ စုစည်းပြီးလုပ်‌ဆောင်မယ့် ရည်မှန်းချက်ရှိတယ်။ ယဉ်‌ကျေးမှုအ‌နေနဲ့‌ဖော်ထုတ်မယ်ဆိုရင် ပိုပြီးစည်ကားလာမှာ‌ပေါ့။ အချင်းချင်းလည်း ရင်းနှီးမှု‌တွေဖြစ်လာမယ်။ အဲဒီက‌နေတစ်ဆင့် ငြိမ်းချမ်း‌ရေးကို အ‌ထောက်အကူ ပြုနိုင်တဲ့ အလားအလာ‌ကောင်း‌တွေ ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ကျင်းပပြုလုပ်ရန်ရည်ရွယ်ထားသည့် တိုင်းရင်းသားရိုးရာယဉ်‌ကျေးမှုပွဲ‌တော်တွင် တိုင်းရင်းသားများ၏ သမိုင်း ဝင်ပစ္စည်း များ၊ စာ‌ပေ၊ ဝတ်စားဆင်ယင်မှု၊ ဓာတ်ပုံ၊ ပန်းချီ၊ ရိုးရာပစ္စည်းအ‌ရောင်းဆိုင်၊ ရိုးရာအစားအ‌သောက် ‌ရောင်းချမှု၊ ရိုးရာအားကစား၊ ရိုးရာသီဆိုတီးမှုတ်နှင့်ရိုးရာအကများ ပါဝင်မည်ဖြစ်သည်ဟု သိရသည်။
ပွဲ‌တော်ကျင်းပနိုင်‌ရေးအတွက် ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုများပြုလုပ်ရန် လာမည့် ‌အောက်တိုဘာလ ၇ ရက်၊ ‌နေ့လည် ၁ နာရီတွင် ‌နောက်တစ်ကြိမ် ထပ်မံ‌တွေ့ဆုံညှိနှိုင်းသွားကြမည်ဖြစ်သည်။