Home သတင်း ပထမဆုံးအကြိမ် မွန်ပြည်နယ် ကရင်လူငယ် စွမ်းရည်တည်‌ဆောက်မှုသင်တန်း ပြုလုပ်ပြီးစီး

ပထမဆုံးအကြိမ် မွန်ပြည်နယ် ကရင်လူငယ် စွမ်းရည်တည်‌ဆောက်မှုသင်တန်း ပြုလုပ်ပြီးစီး

2339

စက်တင်ဘာ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

မွန်ပြည်နယ်၊ ကရင်လူငယ်ကွန်ရက်-Karen Youth Network (KYN) မှ ဦး‌ဆောင်ကာ ကရင်လူငယ်စွမ်းရည် တည်‌ဆောက်မှုသင်တန်းဆင်းပွဲကို ‌ပေါင်မြို့နယ်၊ အလယ်ရွာ၌ စက်တင်ဘာလ ၂၆ ရက်(ယ‌နေ့)တွင် ပြု လုပ်ပြီးစီးခဲ့သည်။

‌မော်လမြိုင်မြို့နယ်မှလွဲ၍ မွန်ပြည်နယ် ၉ မြို့နယ်လုံးရှိ ကရင်လူငယ် ၅၁ ဦးတက်‌ရောက်ခဲ့‌သော ယင်းသင်တန်း အား သင်တန်းဆရာ ၅ ဦးမှ စက်တင်ဘာလ ၂၁ ရက်မှ ၂၅ ရက်‌နေ့အထိ ၅ ရက်တာ သင်ကြားပို့ချခဲ့ပြီး‌နောက် ယခုလို သင်တန်းဆင်းပွဲကို ပြုလုပ်ကျင်းပခြင်းဖြစ်သည်ဟု သင်တန်း ဖြစ်‌မြောက်‌ရေးတာဝန်ခံ ‌စော‌သောကြာက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အရင်က မွန်ပြည်နယ်မှာရှိတဲ့ ကရင်လူငယ်‌တွေက အမျိုးသား‌ရေးနဲ့ ချိတ်ဆက်မှုပိုင်း‌တွေမှာ နည်းနည်း အားနည်း‌နေတယ်။ ဒါ‌ကြောင့် ကျ‌နော်တို့ ကရင်လူမျိုး‌တွေ ဘယ်လို စု‌ပေါင်းပြီးလုပ်‌ဆောင်ရမလဲ။ စွမ်းရည်နဲ့ အသိပညာ ဘယ်လို ‌ပေးရမလဲ ဆိုပြီး ဩဂုတ်လ လူငယ်‌တွေ့ဆုံပွဲက‌နေ အ‌ခြေခံပြီး‌တော့ အခုလို သင်တန်း‌ပေး ခဲ့တာပါ”ဟု ‌ပြောသည်။

၅ ရက်ကြာ ပြုလုပ်သည့် အဆိုပါ သင်တန်းတွင် ‌ခေါင်း‌ဆောင်မှု၊ ကွန်ရက်ချိတ်ဆက်ခြင်း၊ ‌ပြောဆို ဆက် သွယ်ခြင်း စွမ်းရည်၊ အသင်းအဖွဲ့ တည်‌ဆောက်ခြင်း၊ HR Management –HR စီမံခန့်ခွဲမှုနှင့် Facilitation စသည့် အ‌ကြောင်းအရာများကို သင်ကြား‌ပေးသည်ဟု ‌စော‌သောကြာက ဆက်‌ပြောသည်။

ထို‌နေ့သင်တန်းဆင်းပွဲသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်ဥက္ကဌ ပဒို‌စောကို‌လေး၊ မွန်ပြည်နယ် ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စော‌အောင်မြင့်ခိုင်၊ ‌ဒေသခံများ၊ သင်တန်းသူ သင်တန်း သားများ အပါအဝင် စုစု‌ပေါင်း ၁၀ဝ ‌ကျော်တက်‌ရောက်ခဲ့ကြပြီး တာဝန်ရှိသူများမှ မိန့်ခွန်း ‌ပြောကြားပြီး‌နောက် သင်တန်းဆင်းလက်မှတ်များချီးမြှင့်‌ပေးခဲ့ကြ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ၊ ဝင်း‌ရေးမြို့နယ်၏ KYO-ကရင်လူငယ်အစည်းအရုံး အတွင်း‌ရေးမှူးလည်းဖြစ်၊ သံဖြူ ဇရပ်မြို့နယ်ကိုယ်စားလှယ်အဖြစ် တက်‌ရောက်ခဲ့သည့် သင်တန်းသူ နန်း‌အေးစန်းက “မွန်ပြည်နယ်မှာ ရှိတဲ့ ကရင်လူငယ်‌တွေ အချင်းချင်းချိတ်ဆက်လို့ရ‌အောင်၊ ကိုယ့်ရဲ့လုပ်‌ဆောင်ချက်‌တွေ ကိုလည်း သူတို့သိ‌အောင်၊ ပူး‌ပေါင်းပါဝင်လာ‌အောင် အဲဒီရည်ရွယ်ချက်ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မွန်ပြည်နယ် ‌မော်လမြိုင်မြို့တွင် ဩဂုတ် ၁ဝ ရက်မှ ၁၁ရက်‌နေ့အထိ နှစ်ရက်တာ ကျင်းပခဲ့သည့် မွန်ပြည်နယ် ကရင်လူငယ်‌တွေ့ဆုံပွဲတွင် ပြည်နယ်အတွင်းရှိ ကရင်လူငယ်‌ရေးရာကိစ္စများ လှုပ်ရှား‌ဆောင်ရွက်နိုင်ရန် အတွက် ယာယီတာဝန်ခံများနှင့်မြို့နယ်ကိုယ်စား ယာယီတာဝန်ခံများကို ‌ရွေးချယ်ခဲ့ကြပြီး‌နောက် ယခုလို သင်တန်းသင် တန်း‌ပေးခဲ့ခြင်းလည်း ဖြစ်သည်။

မွန်ပြည်နယ်တွင် ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ‌ပေါင်၊ ‌ချောင်းဆုံ၊ ‌မော်လမြိုင်၊ ကျိုက်မ‌ရော၊ မုဒုံ၊ သံဖြူဇရပ်နှင့် ‌ရေး ဟူ၍ ၁ဝ မြို့နယ်ရှိသည်။