Home သတင်း ကရင်ပြည်နယ် ‌ဒေသဆိုင်ရာအဆင့် JMC-L ရုံးကို ဖာပွန်တွင် ပထမဆုံး စတင်ဖွင့်လှစ်

ကရင်ပြည်နယ် ‌ဒေသဆိုင်ရာအဆင့် JMC-L ရုံးကို ဖာပွန်တွင် ပထမဆုံး စတင်ဖွင့်လှစ်

2053

စက်တင်ဘာ ၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ သ‌ဘောတူစာချုပ် -NCA အရ အ‌ကောင်အထည်‌ဖော်ရမည့် ‌နောက်ဆက်တွဲ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ‌ဒေသဆိုင်ရာအဆင့် JMC-L ရုံးကို ကရင်ပြည်နယ် ဖာပွန်မြို့ရှိ စု‌ပေါင်းရုံးတွင် ဩဂုတ်လ ၃ဝ ရက်‌နေ့က ဖွင့်လှစ်ခဲ့‌ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွက် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-S ကိုပြီးခဲ့သည့် ၂၀၁၆ ခုနှစ် ဇွန်လ ၂၉ ရက်‌နေ့တွင် ဖွဲ့စည်းကာ ဖားအံမြို့တွင် ရုံးဖွင့်လှစ်ထားပြီး‌နောက် ယခု ပထမဆုံး‌သော ‌ဒေသဆိုင်ရာအဆင့် JMC-L ရုံးကို ဖာပွန်မြို့တွင် ထပ်မံဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ပြည်နယ်အဆင့် JMC-S အရပ်သား ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ‌ဒေါ်နန်း‌စေအွာက “ကရင်မှာဆိုရင် ဒီ JMC-L အ ‌နေနဲ့ဖွင့်နိုင်တာ ဖာပွန်တစ်ခုတည်းရှိ‌သေးတာ‌ပေါ့။ ပြည်နယ်တိုင်းအဆင့်‌တွေကို ဦးစား‌ပေးဖွင့်ရတာဆို‌တော့ ‌ဒေသဆိုင်ရာအဆင့်ကို အခုကျမှဖွင့်နိုင်ခဲ့တာပါ။ ‌ဒေသဆိုင်ရာအဆင့်‌ကော်မတီအတွက်လည်း ဖွဲ့ထားပြီးပါပြီ” ဟု‌ပြောသည်။

‌ဒေသဆိုင်ရာအဆင့် JMC-L ကို ဖွဲ့စည်းရာတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများဘက်မှ တစ်ဦးစီ၊ နှစ်ဖက်အသိအမှတ်ပြုသည့် အရပ်သားကိုယ်စားလှယ်တစ်ဦးစီပါဝင်ကာ စုစု‌ပေါင်းအဖွဲ့ဝင် ၈ ဦးဖြင့်ဖွဲ့ စည်းထားခြင်းဖြစ်ပြီး နှစ်ဖက်တပ်များ လိုက်နာရမည့် စည်းကမ်းများ၊ ‌အောက်‌ခြေအဆင့်တွင်ဖြစ်‌ပေါ်‌နေသည့် အ‌ခြေအ‌နေများကို ‌စောင့်ကြည့်၊ စီစစ်ခြင်းနှင့် အငြင်းပွားမှုများကို ညှိနှိုင်း‌ဖြေရှင်းသွားရမည်ဖြစ်သည်ဟု သိရသည်။

ဖွဲ့စည်းပုံမှာ ဥက္ကဌ (အစိုးရ) တပ်မ‌တော်မှ ကိုယ်စားလှယ်တစ်ဦး၊ ဒုဥက္ကဌ (၁ ) တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းမှ တစ်ဦး၊ ဒုဥက္ကဌ (၂) အရပ်သားကိုယ်စားလှယ်တစ်ဦး၊ အဖွဲ့ဝင်များအဖြစ် (အစိုးရ) မြို့နယ် ‌ထွေအုပ်မှတစ်ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမှတစ်ဦး၊ အရပ်သားကိုယ်စားလှယ်တစ်ဦး၊ အတွင်း‌ရေးမှူး (၁) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှတစ်ဦး၊ အတွင်း‌ရေးမှူး (၂) အစိုးရဘက်မှတပ်မ‌တော်သား ကိုယ်စားလှယ်တစ်ဦးတို့ဖြစ်သည်။

ယခုရုံးဖွင့်လှစ်သည့်အ‌ပေါ် KNU ဖာပွန်ခရိုင်တာဝန်ရှိသူတစ်ဦးက “ ဒီ JMC ကိစ္စမှာ ‌ဒေသနဲ့ပတ်သက်ပြီး ‌တော့မှ ‌ဆွေး‌နွေးပွဲကိုယ်စားလှယ်လွတ်‌ပေးဖို့ဆိုရင်‌တော့ ကိုယ်စားလှယ်‌စေလွွှတ်‌ပေးတာမျိုး ရှိတယ်။ ဒါ‌ပေမဲ့ မူ‌တြော်(ဖာပွန်) ခရိုင်အ‌နေနဲ့ဒီအ‌ပေါ်မှာ ပြန်ပြီး‌ဆွေး‌နွေးတာ ဆုံးဖြတ်ချက်ချတာမျိုး‌တော့မရှိ‌သေးဘူး” ဟု‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

‌ဒေသဆိုင်ရာအဆင့် JMC-L ကို ဖာပွန်တွင် စတင်ဖွဲ့လှစ်နိုင်ခဲ့ပြီး‌နောက် အခြား‌နေရာများဖြစ်သည့် ‌တောင်ငူ၊ ထားဝယ်၊ ‌ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး စသည်တို့တွင် ဆက်လက်ဖွဲ့စည်းသွားရန်ရှိ‌ကြောင်းလည်း ပြည်နယ် အဆင့် JMC-S အဖွဲ့ဝင်များထံမှ သိရသည်။

ယမန်‌နေ့က ဖာပွန်တွင် ဖွင့်လှစ်ခဲ့သည့် JMC-L ရုံးဖွင့်ပွဲသို့ အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်း၊ ကရင် ပြည်နယ်နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်း‌နောင်၊ ပြည်နယ်ရဲမှူးကြီး၊ JMC-U မှ ဒုဥက္ကဌ ၂ ဆရာ‌တော် မက်သရူး‌အေး၊ KNU မှ JMC-S မှ ဒုဥက္ကဌ (၁) ဗိုလ်မှူးကြီး ‌စော‌ဖောဒိုနှင့် အခြားပြည်နယ် အဆင့်အဖွဲ့ ဝင်များတက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။