Home သတင်း OKRSO မှ ဦးစီးကျင်းပသည့် ကရင်ရိုးရာချည်ဖြူဖွဲ့ွ အခမ်းအနား ယခင်နှစ်ကထက် ပူး‌ပေါင်းပါဝင်သူများပြား

OKRSO မှ ဦးစီးကျင်းပသည့် ကရင်ရိုးရာချည်ဖြူဖွဲ့ွ အခမ်းအနား ယခင်နှစ်ကထက် ပူး‌ပေါင်းပါဝင်သူများပြား

3083

ဩဂုတ် ၂၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ပြည်ပ‌ရောက် ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (Oversea Karen Refugees’ Social Organization-OKRSO)၏ ၂၅ ကြိမ်‌မြောက် ကရင်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့၌ ဩဂုတ်လ ၂၇ ရက်‌နေ့တွင် ကျင်းပခဲ့ရာ အနယ်အနယ်အရပ်ရပ်မှ ပါဝင်ဆင်နွှဲသူ ၂၇၀ဝ ‌ကျော်သည့်အတွက် ယခင် နှစ်များထက် ပူး‌ပေါင်းပါဝင်သူများပြားသည်ဟု ပွဲဖြစ်‌မြောက်‌ရေး‌ကော်မတီ၏ အတွင်း‌ရေးမှူး ‌စောအဲသိုလ်က ဩဂုတ်လ ၂၈ ရက်‌နေ့ (ယ‌နေ့) တွင် ‌ပြောသည်။

၎င်းက “ အခုနှစ် ဝါ‌ခေါင်လ အတွင်းမှာပဲ ကျင်းပတဲ့ ကရင်ချည်ဖြူဖွဲ့ပွဲရဲ့ ‌နောက်ဆုံးပွဲဖြစ်တဲ့အပြင် ဖိတ်ကြားထားတဲ့ လူ‌တွေလည်း အားလုံးတက်‌ရောက်လာလို့ အရင်နှစ်‌တွေကထက်များတယ်။ အရင်နှစ်က လူဦး‌ရေ နှစ် ‌ထောင်‌လောက် အထိပဲ လာခဲ့တာဆို‌တော့ ဒီနှစ်မှာ ၇၀ဝ ‌ကျော်‌လောက် တိုးလာတယ်။ လက်ချည်ပွဲကျင်းပတဲ့‌နေရာအပြင် ‌ဘောလုံးပွဲ ကျင်းပတဲ့ ကွင်းမှာပါ လူ‌တွေအပြည့်ပဲ။ ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ပြီး မိဘ‌ဆွေမျိုးများနှင့် ‌ဝေးကွာ‌နေ‌သော ကရင်လူမျိုးများအားလုံးတို့သည် အ‌ဝေး ‌ရောက်‌နေ ‌သော်လည်း မိမိတို့၏ ရိုးရာအားမ‌မေ့‌ပျောက်‌စေရန်၊ မိသားစုများကဲ့သို့ ပြည်လည်ဆုံ‌တွေ့ကြ‌စေရန် ရည်ရွယ် ကျင်းပရခြင်း ဖြစ်ကာ အမျိုးသား‌ရေးအသိဖြင့် စု‌ပေါင်းပါဝင်မှု‌ကြောင့် ပွဲအားအခက်အခဲမရှိ ကျင်းပနိုင်ခဲ့သည်ဟု ‌စောအဲသိုလ်က ဆက် ‌ပြောသည်။

OKRSO ၏ ချည်ဖြူဖွဲ့ပွဲသို့ ရန်ကုန်တိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဖာမျိုးနှင့် အဖွဲ့ဝင်များ၊ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဗိုလ်မှူးကြီး‌စောစိုးစိုးနှင့်အဖွဲ့ဝင်များ၊ မဟာမိတ် ကရင်အဖွဲ့အစည်းများ၊ ကရင်‌တေးသံရှင်များ၊ ထိုင်း‌ရှေ့‌နေကြီး ဆူလဖုန်အပါအဝင် ဖိတ်ကြားထား‌သော ဧည့်သည်များ၊ ထိုင်းနိုင်ငံရှိ ကရင်တိုင်း ရင်းသားများ၊ ဘန်‌ကောက်အနီး‌ဒေသများမှ ကရင်လူမျိုးများက တက်‌ရောက်ဆင်နွှဲခဲ့ကြသည်။

အခမ်းအနားတွင် ကရင်အမျိုးသားအလံအား အ‌လေးပြုခြင်း၊ တက်‌ရောက်လာ‌သော တာဝန်ရှိသူများမှ မိန့်ခွန်း ‌ပြောကြားခြင်း၊ ပွဲဖြစ်‌မြောက်‌ရေးအတွက် ပါဝင်ကူညီကြ‌သောသူများအား ‌ကျေးဇူးတင်မှတ်တမ်းလွှာချီးမြှင့် ပြီး‌နောက် တစ်ဦးနှင့်တစ်ဦး လက်‌ကောက်ဝတ်တွင် ချည်များဖြင့် ချည်‌နှောင်‌ပေးခြင်း၊ ‌တေးသီချင်းများ၊ ရိုးရာအကများဖြင့် သီဆိုကပြခဲ့ခြင်းများအပြင် ‌ဘောလုံးပွဲကျင်ပ‌ပေးခြင်း အစီအစဉ်များလည်း ပြုလုပ်ခဲ့ကြသည်။

ထိုင်းနုိုင်ငံ၊ စံခရဘူရီခရိုင်မှ တက်‌ရောက်လာ‌သော ထိုင်းနိုင်ငံ Karen National Culture Organization (KNCO) အဖွဲ့မှ ‌စောထီ့ဝါးက “အခုလို အမျိုးသား ရိုးရာယဉ်‌ကျေးမှုပွဲ‌တွေကို ပြုလုပ်တာဟာ မျိုးဆက်သစ်‌တွေ ‌နောင်ကျရင် ဘယ်လို လုပ်ရမယ်။ ဘယ်လို ထိန်းသိမ်းရမယ်။ ဘာ‌ကြောင့် ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ရည်ရွယ်ချက်‌တွေလည်း ပါတာ‌ပေါ့။ ဒီပွဲကို တက်‌ရောက်တာဟာ ပြည်တွင်းကရင်၊ ပြည်ပကရင် မခွဲခြားပဲ စည်းလုံးမှုကို ပြသချင်တာလည်း ပါပါတယ်”ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ဘန်‌ကောက်မြို့အ‌ခြေစိုက် OKRSO သည် ပြည်ပ‌ရောက် ကရင်လူမျိုးများအတွက် လူမှု‌ရေး၊ ကယ်ဆယ်‌ရေးနှင့် ပညာ‌ရေး လုပ်ငန်းများကို ကူညီလုပ်‌ဆောင်ရန် ရည်ရွယ်၍ ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့၌ စတင်ဖွဲ့စည်းခဲ့သည့် ၁၉၉၂ ခုနှစ်မှ စ၍ နှစ်စဉ် ချည်ဖြူဖွဲ့ အခမ်းအနားအား ဦး‌ဆောင်ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။

နှစ်စဉ် ဩဂုတ်လ (ဝါ‌ခေါင်လ)အတွင်း ကျင်းပသည့် ကရင့်ရိုးရာ လက်ချည်ပွဲကို ယခုနှစ်တွင် ထိုင်းနိုင်ငံ‌ရောက် ကရင်လူမျိုးများသာမက မြန်မာနိုင်ငံအပြင် ကမ္ဘာအနှံ့အပြားသို့ ‌ရောက်ရှိ‌နေ‌သော ကရင်လူမျိုးများလည်း အစဉ်အလာမပျက် အသီးသီးကျင်းပခဲ့ကြသည်။