Home သတင်း KNPF အား ဂုဏ်ပြုမည့် သမိုင်းဝင်‌နေ့ကို ကရင်လူထု ပူး‌ပေါင်းကြရန် ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ တိုက်တွန်း

KNPF အား ဂုဏ်ပြုမည့် သမိုင်းဝင်‌နေ့ကို ကရင်လူထု ပူး‌ပေါင်းကြရန် ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ တိုက်တွန်း

2248

ဩဂုတ် ၂၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)အား ဂုဏ်ပြု‌သောအားဖြင့် လာမည့် စက်တင်ဘာ ၉ ရက်‌နေ့တွင် ကျင်းပမည့် ပထမဆုံးအကြိမ် ဗဟိုအဆင့် KNPF ‌နေ့ ဂုဏ်ပြုပွဲအခမ်းအနားတွင် ကရင်ပြည်သူလူထုများပူး‌ပေါင်းပါဝင်ကြရန် ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာန တာဝန်ခံ ပဒို‌စောအားတိုးက ယ‌နေ့(ဩဂုတ် ၂၅ရက်‌နေ့တွင်) တိုက် တွန်း‌ပြောကြားလိုက်သည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနမှ ဦး‌ဆောင်ကာ ယင်းဂုဏ်ပြုပွဲ အခမ်းအနားကို ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ် ‌ဘောဒိုင်း(‌ပေါ်တဲ)‌နေရာတွင် ကျင်းပသွားရန် စီစဉ်‌ဆောင်လျှက်ရှိပြီး KNPF ‌နေ့ ကျင်းပသွားမည့်ကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထု၏ အခန်းကဏ္ဍ အ‌ရေးကြီး‌ကြောင်းကို ပဒို‌စောအားတိုးက ‌ကေအိုင်စီနှင့် အင်တာဗျူးတွင် ထိုသို့ ‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု ဂုဏ်ပြုပွဲက (KNPF ရဲ့) ပထမဆုံးပွဲ၊ ကရင်အမျိုးသားတစ်ရပ်လုံးရဲ့ သမိုင်းဝင်တဲ့‌နေ့လည်း သတ်မှတ်လို့ ရတယ်။ ကျ‌နော်တို့ ရဲတပ်ဖွဲ့‌တွေရဲ့ လုပ်ငန်းတာဝန် ထမ်း‌ဆောင်တဲ့ ‌နေရာမှာ ပြည်သူထုက အ‌ခြေခံကျပါတယ်။ ဒါ‌ကြောင့် ကရင်ပြည်သူလူထုတစ်ရပ်လုံးက‌နေပြီး‌တော့ ကျ‌နော်တို့ ကရင်ရဲတပ်ဖွဲ့နဲ့အတူ ပူး‌ပေါင်းပါဝင်ကြဖို့ တိုက်တွန်း ချင်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

ယ‌နေ့‌ခေတ် ဗမာပြည် အတွင်းပိုင်းဖြစ်‌စေ၊ တိုင်းရင်းသားလူမျိုးစု‌ဒေသရှိ ‌နေရာများဖြစ်‌စေ တရားဥပ‌ဒေ စိုးမိုး‌ရေးသည် အ‌ရေးကြီး သည့်အတွက် KNPF ၏ အခန်းကဏ္ဍနှင့် တာဝန်သည် တရားဥပ‌ဒေစိုးမိုး‌ရေးနှင့် နယ်‌မြေ‌အေးချမ်းသာယာ ‌ရေးအ‌ပေါ် ပြည်သူလူထုအား အကာအကွယ်‌ပေးနိုင်ရန် ရည်ရွယ်သည်ဟုလည်း ပဒို‌စောအားတိုးက ဆက်‌ပြောသည်။

KNPF ‌နေ့ ဂုဏ်ပြုအခမ်းအနားကို ‌ကေအဲန်ယူ၏ ‌လေးဝါးဌာနချုပ်တွင် ကျင်းပရန် မူလက ‌ဆွေး‌နွေးထား‌သော်လည်း ‌ကေအဲန်ယူ ဒူးပလာယာခရိုင် အပါအဝင် ခရိုင်တိုင်းမှ ‌တောင်းဆိုလာမှုအရ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် တည်ရှိ သည့်‌နေရာသို့ ‌ပြောင်း‌ရွှေ့ကျင်းပခြင်းဖြစ်ပြီး ယခု‌နေရာ၌ ကျင်းပခြင်းအားဖြင့် KNPF ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းတာ ဝန်များကို ပြည်သူလူထုမှ ပိုမိုသိရှိနားလည်မည်ဖြစ်‌ကြောင်း ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနာ‌ရေးဌာနတာဝန်ခံက ဆိုသည်။

ထို့အပြင် ပြည်သူလူထုများနှင့် ရင်းနှီးမှု ပိုမိုရရှိ‌စေရန် ရည်ရွယ်၍ KNPF ‌နေ့အား ဂုဏ်ပြုရာ၌ ‌ဘောလုံးအားကစားပွဲ ကျင်းပခြင်းနှင့် နာမည်ကြီး လက်‌ဝှေ့သမားများကို ဖိတ်‌ခေါ်ကာ ရိုးရာလက်‌ဝှေ့ပွဲ ကျင်းပခြင်း အစီအစဉ်များလည်း ပါဝင်သည်ဟု သိရသည်။

ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)ကို ၁၉၉၁ ခုနှစ်က ‌ကေအဲန်ယူ၏ (၁၀)ကြိမ်‌မြောက် ကွန်ဂရက်တွင် ဖွဲ့စည်းခဲ့‌သော်လည်း ‌ကေအဲန်ယူ ခရိုင် (၇)ခု စု‌ပေါင်း၍ ဗဟိုအဆင့်အတိုင်းအတာအဖြစ် ပထမဆုံးအကြိမ် ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပသွားကာ လာမည့်နှစ်တွင်လည်း သက်ဆိုင်ရာ ‌ကေအဲန်ယူ ခရိုင်များ၌ ဆက်လက် ကျင်းပသွားကြရန်ရှိသည်ဟု ‌ကေအဲန်ယူ ပြည်ထဲ‌ရေးနှင့် သာသနား‌ရေးဌာနက ဆိုသည်။