Home သတင်း KDHW နှင့် အစိုးရ ကျန်းမာ‌ရေးဌာနတို့ဖွင့်လှစ်သည့် သင်တန်းအတွက် သင်တန်းသူ/သား ၃၁ ဦးအား လက်မှတ်များ‌ပေး အပ်

KDHW နှင့် အစိုးရ ကျန်းမာ‌ရေးဌာနတို့ဖွင့်လှစ်သည့် သင်တန်းအတွက် သင်တန်းသူ/သား ၃၁ ဦးအား လက်မှတ်များ‌ပေး အပ်

2059

ဩဂုတ် ၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌ကေအိုင်စီ

‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့် ကယ်ဆယ်‌ရေးဌာန-KDHW နှင့် အစိုးရကျန်းမာ‌ရေးဌာနတို့ ပူး‌ပေါင်းပြီး ခုနှစ်လကြာ ဖွင့်လှစ်သည့် မိခင်၊ က‌လေးနှင့်မျိုးဆက်ပွားကျန်းမာ‌ရေး ‌စောင့်‌ရှောက်မှုသင်တန်းအတွက် သင်တန်းသူ၊ သင်တန်းသား ၃၁ ဦးအား ယ‌နေ့ (ဩဂုတ်လ ၈ ရက်)တွင် လှိုင်းဘွဲမြို့နယ် အ‌ထွေ‌ထွေအုပ်ချုပ်‌ရေးမှူးရုံး၌ သင်တန်းဆင်းလက်မှတ်များ အသီးသီး ‌ပေးအပ်ခဲ့ကြသည်။

တိုင်းရင်းသားကျန်းမာ‌ရေး အဖွဲ့အစည်းများအတွက် ရည်ရွယ်ပြုလုပ်သည့် အဆိုပါ သင်တန်းမှာ ကရင်ပြည်နယ်တွင် ပထမဆုံး စတင်ဖွင့်လှစ်‌ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုသို့ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များနှင့်ပတ်သက်၍ လှိုင်းဘွဲမြို့နယ် ကုသ‌ရေးဦးစီးမှူး ‌ဒေါက်တာမြင့်သိန်းထွန်းက ယခုလို‌ပြောသည်။

“ဒီလိုသင်တန်းမျိုးကို မဲ‌ဆောက်က ‌ဒေါက်တာ စင်သီယာ‌မောင်‌ဆေးခန်းမှာပဲ ဖွင့်လှစ်နိုင်ခဲ့တယ်။ အခု‌နောက်ပိုင်းမှာ ငြိမ်းချမ်းလာပြီ၊ ‌ဒေသဖွံ့ဖြိုး‌ရေးလည်း လိုလာပြီ။ အထူးသဖြင့် KDHWရဲ့ ကျန်းမာ‌ရေးဖွံ့ဖြိုးမှုစနစ်ကလည်း ဖွံ့ဖြိုးဖို့ အမြန် လိုအပ်‌နေတာဖြစ်တဲ့အတွက် ပြည်နယ် ကျန်းမာ‌ရေးဌာနတို့နဲ့ညှိနှိုင်းပြီး ပထမဆုံးအကြိမ် စတင်ဖွင့်လှစ်နိုင်ခဲ့ တာဖြစ်ပါ တယ်”ဟု ‌ပြောသည်။

အဆိုပါ သင်တန်းကို ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ လှိုင်းဘွဲမြို့နယ် ကျန်းမာ‌ရေးဦးစီးဌာန၊ KDHW ၊ ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် ကျန်းမာ‌ရေးအဖွဲ့အစည်းများဖြစ်သည့် မယ်‌တော်‌ဆေးခန်း၊ မြန်မာနိုင်ငံ‌ဆေးပညာရှင်များအသင်း -BMA၊ IRC-PlE နှင့် CPI စသည့် အဖွဲ့အစည်းများမှ သင်တန်း ဆရာ၊ ဆရာမများက ဖွင့်လှစ်သင်ကြား‌ပေးခဲ့ခြင်းဖြစ်သည်။

KDHW ၊ နယ်လှည့်‌ကျောပိုးအိတ် ကျန်းမာ‌ရေးလုပ်သားအဖွဲ့ -BPHWT အပြင် KNU တပ်မဟာ ၇ ခု၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော်-DKBA ၊ နယ်ခြား‌စောင့်တပ် -BGF ၊ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ-KNU/KNLA(PC)စသည့် ကရင်တိုင်း ရင်းသား လက်နက်ကိုင်များ၏ ကျန်းမာ‌ရေးအဖွဲ့အစည်းများမှ သင်တန်းသားများ တက်‌ရောက်ခဲ့သည့် ၎င်းသင်တန်းတွင် မိခင်နှင့် က‌လေးကျန်းမာ‌ရေး‌စောင့်‌ရှောက်မှုနှင့် ဆိုင်သည့် စာ‌တွေ့ဘာသာရပ် ၁၅ ခုကို ၃ လ၊ လက်‌တွေ့ ကွင်းဆင်းသင် ကြားမှုအ‌နေဖြင့်ဘာသာရပ် ၁၄ ခုတို့ကို ၄ လစသည်ဖြင့် သင်တန်းချိန် ၇ လတာ အချိန်ယူသင်ကြား‌ပေးခဲ့ခြင်း ဖြစ် သည်။

KDHW မှ သင်တန်းသူတစ်ဦးဖြစ်သည့် ‌နော်‌သော‌ဖောက “ဒီမိခင်၊ က‌လေးနဲ့ပတ်သက်တဲ့ သင်တန်းမျိုး‌တော့ မတက်ဖူး ဘူး။ ဒီသင်တန်းမှာက စာ‌တွေ့ထက် လက်‌တွေ့က ကျမတို့အတွက် ပိုခက်တယ်။ ပြန်သွားရင်‌တော့ ဒီပညာ‌တွေကို တကယ်ပြန် အသုံးချရမယ်။ ကိုယ့်ကိုယ်ကို ရာခိုင်နှုန်းပြည့် ယုံကြည်မှုမရှိ‌သေး‌ပေမယ့် ကြိုးစားပြီး‌တော့ လုပ်‌ဆောင် သွားမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကော်သူး‌လေ ကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန -KDHW အ‌နေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းများအပြင် ကာကွယ်‌ဆေးထိုးနှံခြင်း၊ မိသားစုစီမံကိန်းလုပ်ငန်းအစီအစဉ်၊ ငှက်ဖျားတိုက်ဖျက်‌ရေး၊ တီဘီနှင့် HIV ကာကွယ် ကုသခြင်းလုပ်ငန်းများတွင်လည်း အစိုးရကျန်းမာ‌ရေးဌာနများနှင့်ပူး‌ပေါင်းလုပ်‌ဆောင်မှုများရှိ‌နေ‌ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

KDHWမှ ကျန်းမာ‌ရေးညှိနှှိုင်း‌ရေးမှူး ‌ဒေါက်တာထက်ကိုကိုလင်းက “ကာကွယ်‌ဆေးထိုးလုပ်ငန်းကို ‌ကော်သူး‌လေနယ် ‌မြေ‌တွေဖြစ်တဲ့ ဖားအံ၊ လှိုင်းဘွဲ၊ ကြာအင်းဆိပ်ကြီးမြို့နယ်‌တွေမှာ ကျ‌နော်တို့ စတင်လုပ်‌ဆောင်တယ်။ အဲဒါကိုလာ မယ့်နှစ်မှာ ‌ကော့ကရိတ်၊ မြဝတီမှာ ဆက်လုပ်သွားဖို့ရှိတယ်။ ကျ‌နော်တို့အ‌နေနဲ့ အခုလက်ရှိအချိန်အထိ အစိုးရ ကျန်းမာ‌ရေးဌာန‌တွေနဲ့ပူး‌ပေါင်းပြီး လုပ်‌ဆောင်‌နေတာ‌တွေရှိပါတယ်။ အခုလို မိခင်နဲ့က‌လေး ‌စောင့်‌ရှောက်မှု သင်တန်းကိုလည်း ‌ကော့ကရိတ်မှာ ဆက်လက်ပြီးဖွင့်လှစ်သွားဖို့ရှိပါတယ် ” ဟု‌ပြောသည်။

‌ကော်သူး‌လေကျန်းမာ‌ရေးနှင့်ကယ်ဆယ်‌ရေးဌာန KDHW မှာ KNU-ကရင်အမျိုးသားအစည်းအရုံး၏ လက်‌အောက်ရှိ ဌာန ၁၄ ခုအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပြီးခဲ့သည့် အပစ်အခတ်ရပ်စဲ‌ရေးကာလမှ စတင်ကာ အစိုးရ ကျန်းမာ‌ရေး ဌာနများနှင့်ပူး‌ပေါင်းပြီး ကျန်းမာ‌ရေးဆိုင်ရာလုပ်ငန်းများကို လုပ်‌ဆောင်မှုများ ရှိလာခဲ့ခြင်းဖြစ်သည်။