Home သတင်း မြိုင်ကြီးငူရှိ မဲ့သ‌ဝေါစစ်‌ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အ‌ရေး‌ပေါ်လိုအပ်‌နေ

မြိုင်ကြီးငူရှိ မဲ့သ‌ဝေါစစ်‌ရှောင်ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အ‌ရေး‌ပေါ်လိုအပ်‌နေ

2202

ဩဂုတ် ၂၁ ရက်၊၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် လှှိုှုင်းဘွဲမြို့နယ်အတွင်း မြိုင်ကြီးငူတွင် ခိုလှှုံ‌နေရသည့် မဲ့သ‌ဝေါစစ်‌ပြေး‌ရှောင် ဒုက္ခသည်များမှာ လတ်တ ‌လောတွင် စားနပ်ရိက္ခာ ပြတ်‌တောက်‌တော့မည့် အ‌ခြေအ‌နေနှင့် ရင်ဆိုင်‌နေရပြီး အ‌ရေး‌ပေါ်အကူအညီ လိုအပ်‌နေသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ‌စောထွန်းက ‌ကေအိုင်စီသို့ ယ‌နေ့တွင် ‌ပြောသည်။

အဆိုပါ စခန်းတွင် လက်ရှိအချိန်ထိ စစ်‌ပြေး‌ရှောင် ဒုက္ခသည် ဦး‌ရေ ၅ဝဝဝ (ငါး‌ထောင်)‌ကျော် ရှိ‌နေဆဲဖြစ်သည့်အတွက် ‌နေ့စဉ် စားနပ်ရိက္ခာဖြစ်သည့် ဆန်မှာ ဩဂုတ်လ အတွက်သာ လုံ‌လောက်‌နေပြီး လာမည့် စက်တင်ဘာလအတွက် ရိက္ခာ လက်ကျန်မရှိ‌တော့‌ကြောင်း စခန်းတာဝန်ရှိသူ ‌စောထွန်းက ယခုလို ‌ပြောသည်။

“ရိက္ခာကုန်‌တော့မယ်။ ဒီတစ်လအတွက်ဘဲ ဆန်ရှိ‌တော့တယ်။ ‌နောက်လ ကျရင်မရှိ‌တော့ဘူး။ အဖွဲ့အစည်း အလှူရှင်‌တွေ‌ရော၊ တစ်ဦးတစ်‌ယောက်အလှူရှင်‌တွေ‌ရော၊ ခဏခဏဆက်သွယ်ရ‌တော့ ကျ‌နော်တို့လည်း သူတို့ကို အရမ်းအားနာ‌နေပြီး၊ ဒီအချိန်မှာ ဆန်က အလိုအပ်ဆုံးဘဲ၊ လူ‌တွေက အများကြီးဘဲဆို‌တော့ ရိက္ခာ ပြတ်‌တောက်သွားရင် အခက်အခဲ အရမ်းဖြစ်မယ်” ဟု ၎င်းက ‌ပြောသည်။

အဆိုပါ စစ်‌ပြေး‌ရှောင်စခန်းတွင် ခိုလှုံ‌နေရသည့် စစ်‌ပြေး‌ရှောင် ဒုက္ခသည် ၅၀၀ဝ ‌ကျော်၏ စားနပ်ရိက္ခာအတွက် တစ်ရက် လျှင် ဆန်အတင်း ၃ဝ ခန့်‌နေ့စဉ် ချက်ပြုတ်‌နေရသည့်အပြင် မြိုင်ကြီးငူသက်သတ်လွတ် နယ်‌မြေ ဖြစ်‌သော‌ကြောင့် မီးဖို ‌ဆောင် စားနပ်ရိက္ခာအတွက် အသီးအနှံများလည်း လိုအပ်သည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

ကရင်လူမှုအဖွဲ့ဖြစ်သည့် Karen Help Karen- KHK တာဝန်ခံ ‌စောသမားအွာက “အကူအညီ‌တွေ အများကြီး လိုတယ်။ ကျ‌နော်တို့လည်း တတ်နိုင်သ‌လောက် အလှူရှင်ရှာပြီးသွားကူညီ‌ပေးတယ်။ စစ်‌ပြေး‌ရှောင်‌တွေအတွက် အဓိက တာဝန်ရှိသူ ‌တွေက အစိုးရမှာ တာဝန်ရှိတယ်။ ပြီး‌တော့ NGO အဖွဲ့အစည်းကြီး‌တွေမှာလည်း လုပ်‌ပေးရမယ်။ မီဒီယာ‌တွေကလည်း သူတို့အခက်အခဲ‌တွေများများ ‌ဖော်ထုတ်ဖို့လိုအပ်တယ်။ အလှူမ‌ပေးနိုင်ရင် သူတို့‌နေရပ်ပြန်ဖို့ လုပ်‌ပေးနိုင်ရမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

KHK ကရင်လူမှုအဖွဲ့သည် ကရင်အမျိုသားများကို အကူညီ‌ပေးရန် ဖွဲ့စည်းထားသည့် လူမှုအဖွဲ့ငယ်ဖြစ်ပြီး ပြည်နယ် အတွင်းရှိ ‌စေတနာရှင် ကရင်လူမျိုးများ၊ ပြည်ပ‌ရောက် ကရင်လူမျိုးများထံမှ အကူအညီ ‌တောင်းခံမှုများ ပြုလုပ်ကာ မြိုင်ကြီးငူ စစ်‌ပြေး‌ရှောင်ဒုက္ခသည်များကို အ‌ခြေခံစားနပ်ရိက္ခာ ၁ဝ ‌ခေါက်‌ကျော် သွား‌ရောက် ကူညီ‌ပေးခဲ့ပြီးဖြစ် သည်ဟု လည်း ‌စောသမားအွာက ‌ပြောသည်။

မဲ့သ‌ဝေါ‌ဒေသအတွင်း တိုက်ပွဲဖြစ်ပွားမှုမှာ တစ်နှစ်နီးပါး ပြည့်‌တော့မည်ဖြစ်၍ စစ်‌ရှောင်ဒုက္ခသည်များသည် ၎င်းတို့ ‌နေရပ်‌ဒေသကို ပြန်ချင်ကြ‌သော်လည်း ယခုအချိန်ထိ ပစ်ခတ်မှုများက ဆက်လက်ဖြစ်ပွားမှုရှိ‌နေသည့်အတွက် ‌နေရပ် ပြန်နိုင်ခြင်းမရှိ‌သေးသကဲ့သို့ ၎င်းတို့ ဥယျာဉ်ခြံ‌မြေကို ပြန်လည်ကြည့်ရှုကြသည့် စစ်‌ရှောင်ဒုက္ခသည်အချို့လည်း မိုင်းထိဒ ဏ်ရာရရှိမှုများလည်းရှိသည်ဟု ၎င်းတို့ကို အကူအညီ‌ပေး‌နေသည့်လူမှုအဖွဲ့များက ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလဆန်းပိုင်းက အစိုးရတပ်မ‌တော်၊ နယ်ခြား‌စောင့်တပ်(BGF)နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မ‌တော် (DKBA)တို့အကြား ဖြစ်ပွားခဲ့သည့် စစ်ပွဲ‌ကြောင့် ၎င်းမဲ့သ‌ဝေါ စစ်‌ပြေး‌ရှောင်များသည် စက်တင်ဘာ ၁ဝ ရက်‌နေ့မှ စတင်ကာ မြိုင်ကြီးင ူစစ်‌ပြေး‌ရှောင်စခန်းများ၌ စတင်ခိုလှုံ‌နေရပြီး လာမည့် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလတွင် တစ်နှစ်ပြည့်‌မြောက်သွားပြီဖြစ်သည်။

ထို့အပြင် မဲ့သ‌ဝေါ‌ဒေသ စစ်ပွဲ‌ကြောင့် မြိုင်ကြီးငူစစ်‌ရှောင်စခန်းအပြင် ‌နော်တ-ထီး‌သေ့ခီ့နှင့် က‌လော်ဒဲထာ့ စသည့် စစ်‌ဘေး‌ရှောင် စခန်း သုံး‌နေရာတွင် သွား‌ရောက်ခိုလှုံ‌နေကြသည့် စစ်‌ရှောင်ဒုက္ခသည်ဦး‌ရေ နှစ်‌ထောင်ခန့်မှာ ယခုအချိန်ထိ ၎င်းတို့ ‌နေရပ်ကို ပြန်လည်‌နေထိုင်နိုင်ခြင်းမရှိ‌သေး‌ကြောင်းလည်း ကူညီကယ်ဆယ်‌ရေးအဖွဲ့များက ‌ပြောသည်။