Home သတင်း ငြိမ်းချမ်း‌ရေး အဆုံးသတ်ပန်းတိုင် ဖက်ဒရယ်ပြည်‌ထောင်စုဆီ ‌မျှော်မှန်းချီတက်‌နေဟု KNU ဥက္ကဌ‌ပြောဆို

ငြိမ်းချမ်း‌ရေး အဆုံးသတ်ပန်းတိုင် ဖက်ဒရယ်ပြည်‌ထောင်စုဆီ ‌မျှော်မှန်းချီတက်‌နေဟု KNU ဥက္ကဌ‌ပြောဆို

2098

ဩဂုတ် ၉ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ် အဆင့်တိုင်းတွင် စိန်‌ခေါ်မှုနှင့် ‌ဝေဖန်မှုများရှိ‌နေ‌သော်လည်း ‌မျှော်မှန်းထားသည့် ပန်း တိုင်ကို‌ရောက်သည်အထိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်-NCA အ‌ကောင်အထည်‌ဖော်မှုအ တိုင်း ဆက်သွားရမည်ဖြစ်‌ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယ‌နေ့ ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့-PPST အစည်းအ‌ဝေး၏ အဖွင့်မိန့်ခွန်း၌ ‌ပြောဆို လိုက်သည်။

၎င်းက “ကျ‌နော်တို့ လုပ်ငန်းစဉ်သွားရင်း စိန်‌ခေါ်မှုအမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ‌ဝေဖန်မှုအမျိုးမျိုးနဲ့ ကြုံခဲ့ရတယ်။ အပြစ် တင်တာလည်း ကျ‌နော်တို့‌တွေ ကြုံခဲ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ‌နေ့ကျ‌နော်တို့ တိုင်းပြည်တစ်ပြည်လုံးအတွက် ငြိမ်းချမ်း ‌ရေးကိုချီတက်‌နေတာ ဒီငြိမ်းချမ်း‌ရေးရဲ့အဆုံးသတ်ပန်းတိုင်က ဖက်ဒရယ်ပြည်‌ထောင်စုကို ‌မျှော်မှန်းပြီး ချီတက်‌နေတာ ဖြစ် တယ်။ ပန်းတိုင်ကို ချီတက်နိုင်ဖို့အတွက် ဆက်သွားရအုံးမှာ ဖြစ်ပါတယ်”ဟု ‌ပြောကြားခဲ့သည်။

ထို့အပြင် NCA ကို လက်မှတ်ထိုးပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ချီတက်သည့်‌နေရာတွင် အားနည်းချက်များစွာရှိ‌နေပြီး ဇူလိုင်လ ‌နောက်ဆုံးအပတ်က ‌ကေအဲန်ယူနယ်‌မြေ၊ ‌လေးဝါးစခန်းတွင် ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များ ပြန်လည်သုံးသပ်ရာ၌ အားနည်းချက်၊ အားသာချက်များကို ရရှိခဲ့သည့်အ‌ပေါ် NCA အပစ်ရပ် ၈ဖွဲ့ကို ပြန်လည်စုစည်းပြီး ‌ရှေ့ဆက် ညီညီညွှတ် ညွှတ်သွားနိုင်ရန် ယခု ပြုလုပ်သည့် အစည်းအ‌ဝေး၌ လုပ်ငန်းစဉ်များ ချမှတ်သွားမည်ဟုလည်း ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေး ဖိုးက ဆက်‌ပြောသည်။

ဇူလိုင်လ ၂ဝရက်မှ ၂၇ရက်‌နေ့တွင် ‌ကေအဲန်ယူ၏ ‌လေးဝါး(‌လော်ခီးလာ)စခန်း၌ ပြုလုပ်သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် အဆင့်ဆင့် ပြန်လည်သုံးသပ်ခြင်းနှင့် ပြန်လည်ပြုပြင်‌ပြောင်းလဲခြင်းဆိုင်ရာ အလုပ်အဖွဲ့အစည်းအ‌ဝေးတွင် NCA အ‌ကောင် အထည်‌ဖော်မှုဆိုင်ရာ ပြန်လည်သုံးသပ်ကာ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု အဆင့်ဆင့်ပုံစံနှင့် ရှင်းလင်းချက်၊ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင် ရာ မူ‌ဘောင်(Framework of Political Dialogue-FPD)နှင့် လုပ်ငန်းလမ်းညွှန်များ(ToRs)၊ ဆက်ဆံ‌ရေးရုံးကိစ္စရပ်များ၊ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီ (UPDJC)၏ လုပ်ငန်း‌ကော်မတီဆိုင်ရာ ကိစ္စရပ်များကို ပြန်လည်သုံး သပ်ခြင်းများ ပြုလုပ်ခဲ့ပြီး‌နောက် ယခု အစည်းအ‌ဝေးကို ထပ်မံ ပြုလုပ်ခြင်းဖြစ်သည်။

‌လေးဝါးစခန်း၌ ပြုလုပ်ပြီးခဲ့သည့် ငြိမ်းချမ်း‌ရေးလုပ်ငန်း ပြန်လည်သုံးသပ်ခြင်းနှင့် အစည်းအ‌ဝေးတွင် NCA အပစ်ရပ်လက် မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်းများ အားလုံး အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး ‌နွေးပွဲများ ပြုလုပ်ကျင်းပနိုင်‌ရေးအတွက် ပြင်ဆင်‌ဆောင်ရွက်ရန်၊ ပြည်‌ထောင်စု သ‌ဘောတူစာချုပ် ပူးတွဲအ‌ကောင်အထည် ‌ဖော်မှု‌ကော်မတီဖွဲ့စည်းခြင်း၊ NCA အပစ်ရပ် ၈ဖွဲ့ဆိုင်ရာကိစ္စရပ်များ၊ အပစ်အခတ်ရပ်စဲ‌ရေး အ‌ကောင်အထည်‌ဖော်မှု ညှိနှိုင်း အစည်းအ‌ဝေး-JICM ၏ နှစ်ဖက်အမည် မတူညီမှုများကို ညှိနှိုင်းသွားရန်၊ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ရာစုပင်လုံ တတိယအကြိမ် အစည်းအ‌ဝေးအတွက် အစီအစဉ်ချမှတ်ခြင်းနှင့် ‌ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်ဟု သိရသည်။

ဩဂုတ်လ ၉ရက်နှင့် ၁ဝရက်‌နေ့အထိ နှစ်ရက်တာပြုလုပ်မည့် လက်ရှိ PPSTအဖွဲ့၏ အစည်းအ‌ဝေးကို NCA အပစ်ရပ်လက် မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး ၈ဖွဲ့မှ PPST အဖွဲ့ဝင်‌ခေါင်း‌ဆောင် ကိုယ်စားလှယ်များ စုစု ‌ပေါင်း (၂၀)‌ကျော် တက်‌ရောက်‌နေပြီး ‌လေးဝါးစခန်းတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်း‌ရေးဖြစ်စဉ် အဆင့်ဆင့် ပြန်လည်သုံးသပ် ပြင်ဆင်ခြင်း အစည်းအ‌ဝေးမှ ရရှိလာသည့် ရလဒ်များကို ပြန်လည်‌ဆွေး‌နွေးသုံးသပ် အတည်ပြုမှုများ ပြုလုပ်သွားမည်ဟု သိရသည်။

PPST အဖွဲ့ကို အဖွဲ့‌ခေါင်း‌ဆောင်အဖြစ် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုုး၊ ဒုအဖွဲ့‌ခေါင်း‌ဆောင်အဖြစ် ရှမ်းပြည်ပြန် လည်ထူ‌ထောင်‌ရေး‌ကောင်စီ-RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးယွက်စစ်မှ ဦး‌ဆောင်ကာ အပစ်ရပ်အဖွဲ့ ၈ဖွဲ့မှ ထိပ်သီး‌ခေါင်း ‌ဆောင်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားပြီး ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်တွင် နိုင်ငံ‌ရေးအရ ဦး‌ဆောင်မှု‌ပေးနိုင်ရန် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။

တစ်ဆက်တည်းတွင် NCA မထိုးနိုင်‌သေးသည့် ညီညွှတ်‌သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်‌ကောင်စီ(UNFC) မှ နိုင်ငံ ‌ရေးဆိုင်ရာ ‌ဆွေး‌နွေးညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့-DPN နှင့် အစိုးရ ငြိမ်းချမ်း‌ရေး‌ကော်မရှင်အဖွဲ့တို့လည်း လာမည့်ဩဂုတ် လ ၁ဝရက်နှင့် ၁၁ရက်‌နေ့တွင် ရန်ကုန်မြို့၌ NCA အမြန်ဆုံး လက်မှတ်‌ရေးထိုးနိုင်‌ရေးအတွက် ဆဌမအကြိမ်‌မြောက် တရားဝင် ‌တွေ့ဆုံ‌ဆွေး‌နွေးသွားရန်ရှိသည်ဟု သိရသည်။