Home သတင်း ဩစ‌တြေးလျား၊ ဆစ်ဒနီတွင် (၆၇)ကြိမ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပပြီးစီး

ဩစ‌တြေးလျား၊ ဆစ်ဒနီတွင် (၆၇)ကြိမ်‌မြောက် ကရင့်အာဇာနည်‌နေ့ အခမ်းအနား ကျင်းပပြီးစီး

2381

ဩဂုတ် ၁၂ရက်၊ ၂၀၁၇ခုနှစ်။ ‌စော‌ကျော်ခွီး

ဩစ‌တြေးလျားကရင်အမျိုးသားအဖွဲ့(AKO)မှ ကြီးမှူးကျင်းပ‌သော (၆၇)ကြိမ်‌မြောက် ကရင့်အာဇာနည်‌နေ့ကို ဩစ‌တြေးလျား နိုင်ငံ၊ နယူး‌ဆော့သ်‌ဝေးပြည်နယ် ဆစ်ဒနီမြို့၊ Villawood Senior Citizen’s Hallတွင် (၁၂.၀၈.၂၀၁၇)စ‌နေ‌နေ့၊ ‌နေ့လည် (၁၁) နာရီမှ မွန်းလွဲ (၁)နာရီခွဲအထိ ကျင်းပပြီးစီးခဲ့သည်။

အစီအစဉ်အရ ဦးစွာ ကရင်အမျိုးသားအလံ‌တော်အား အ‌လေးပြုပြီး လွန်ခဲ့‌သော နှစ်‌ပေါင်း(၅၀) ၁၉၅ဝခုနှစ်၊ ဩဂုတ်လ (၁၂) ရက်‌နေ့က ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာအနီး ရန်သူစစ်တပ်မှ ဝိုင်းဝန်း၍ ပိတ်ဆို့တိုက်ခိုက် သည်ကို ပြန်လည်ခုခံတိုက်ခိုက်ရင်း ကျဆုံးသွား‌သော ‌စောဘဦးကြီးနှင့်အတူ ကရင့်‌တော်လှန်‌ရေးတွင် ဘဝ၊ အသက်‌ပေါင်း များစွာ ‌ပေးဆပ်စွန့် လွှတ်သွားကြ‌သော သူရဲ‌ကောင်း ရဲ‌ဘော်အာဇာနည်များအား ပထမဦးစွာ လွမ်းသူ့ပန်း‌ခွေချ ဦးညွှတ်ဂါရဝ အ‌လေးပြုခဲ့ကြသည်။

“ကရင်လူမှုအသိုင်းအဝိုင်းမှာ ကရင်လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံ အသက်‌ပေးသွားကြတဲ့ ကရင့်အာဇာနည်‌တွေရဲ့ စိတ်ဓာတ်မျိုး‌တွေ ‌မွေးမြူကြဖို့လိုတယ်။ ယဉ်‌ကျေးမှု‌ပေါင်းစုံ ‌ရော‌နှော‌နေတဲ့ ‌နေရာမျိုးမှာ ကရင်အတွက် အ‌လေးအမြတ်ပြုရမဲ့ ‌နေ့ထူး‌နေ့မြတ်‌တွေအ‌ကြောင်းကို မိဘ‌တွေက သားသမီးသို့ လက်ဆင့်ကမ်း ‌ပြောဆိုပြုလုပ်သွန်သင်‌ပေးရမယ်။”ဟု (ဩစ‌တြေး လျား ကရင်အမျိုးသားအဖွဲ့ နယူး‌ဆော့သ်‌ဝေးဌာနခွဲ)၏ ဥက္ကဌ ‌စောတာမလာ‌ဂေါ် အခမ်းအနား အဖွင့်အမှာစကား ‌ပြောကြားခဲ့ သည်။

ထို့‌နောက် AKO လူငယ်များမှ ‌စောဘဦးကြီး၏ ‌တော်လှန်‌ရေးမူ (၄)ရပ်ကို သီဆိုခဲ့ကြပြီး ထိုအခမ်းအနားတွင် ကရင်အာဇာနည် ‌နေ့သမိုင်း ဖြစ်‌ပေါ်လာပုံ အကျဉ်းချုပ် ဖတ်ကြားခြင်း၊ ကရင်လူငယ်များမှ ကရင်အာဇာနည်များသို့ ‌အောက်‌မေ့ဖွယ် ‌တေးသီချင်း များ သီဆိုခြင်း၊ လက်ရှိ မြန်မာ့နိုင်ငံ‌ရေးနှင့် ဒုက္ခသည်များအခြအ‌နေကို ရှင်းလင်း‌ဟော‌ပြောခြင်းအပြင် AKO လူငယ်များမှလည်း အစားအ‌သောက်‌ရောင်းချခြင်းဖြင့် ရံပုံ‌ငွေရှာ ‌ဈေး‌ရောင်းခြင်းများ ပြုခဲ့ကြသည်။

ဆစ်ဒနီသို့ ‌ရောက်ရှိ‌နေသူ ဥ‌ရောပတိုက်၊ ‌နော်‌ဝေးနိုင်ငံမှ ပဒို‌ဇော်‌နောင်က “မိမိတို့အတွက် အသက်‌သွေး‌ချွေး‌ပေးဆပ်သွားတဲ့ ကရင့်အာဇာနည်‌တွေကို ခုလို သတိရ ‌အောက်‌မေ့ပွဲလုပ်တာဟာ လူ့ယဉ်‌ကျေး‌တွေ အလုပ်ဖြစ်တယ်။ ကရင်‌တွေဟာ ကရင့် သမိုင်းကို ‌ခြေ‌ခြေမြစ်မြစ် ‌လေး‌လေးနက်နက် သိကြဖို့လိုပြီး နိုင်ငံ‌ရေးကိုလည်း ‌လေ့လာကြဖို့လိုတယ်။ ကရင်တို့ရဲ့ အသက်၊ ‌သွေးများစွာနဲ့ တည်‌ဆောက်ထားတဲ့ သမိုင်းအစဉ်အလာကြီးတဲ့ KNU ကို လက်ရှိ‌တွေ့ကြုံ‌နေတဲ့ အခက်အခဲ‌တွေမှာ စိတ်ဓါတ်ကျ ပြီး‌တော့ KNU ကို မပစ်ထားကြဘဲ ဝိုင်းရံကြဖို့လိုတယ်။”ဟု အခမ်းအနားတွင် ‌ပြောကြားခဲ့သည်။

ထိုအခမ်းအနားသို့ ဥ‌ရောပမှ ‌ရွှေ့‌ပြောင်းကရင်များ၊ ဘာသာ‌ရေးအသင်းအဖွဲ့များနှင့် နယူး‌ဆော့သ်‌ဝေးရှိ ‌ရွှေ့‌ပြောင်းအ‌ခြေချ ကရင်မိသားစုများ စုစု‌ပေါင်းလူဦး‌ရေ (၁၂၀)‌ကျော် တက်‌ရောက်လာခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်လာသူ ‌စော‌လေး‌လေးချစ်ဦးကလည်း “ဒီလို‌နေ့မျိုး‌တွေမှာ ‌စောဘဦးကြီးနှင့်တကွ ကျဆုံးသွားကြတဲ့ ကရင့်အာဇာနည်‌တွေကို လွမ်းဆွတ်သတိရမိပါတယ်။ အစားဆင်းရဲ အ‌နေဆင်းရဲနဲ့ ‌ရှေ့တန်းစစ်မြက်နှာ‌တွေမှာ ကျဆုံးသွားကြ တဲ့ ကရင့်ရဲ‌ဘော်အာဇာနည်‌တွေကို ဂုဏ်ပြု‌သောအားဖြင့်‌ပေါ့။ ကျိုက်ဒုံမှာဆိုရင် နှစ်စဉ် ဒီလို‌နေ့‌တွေမှာ အစား‌ရှောင်တဲ့ ဓ‌လေ့ တစ်ခုရှိတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

AKO သည် ကရင့်‌နေ့ထူး‌နေ့ရက်များကို မျိုးဆက်သစ်လူငယ်များသို့ သိရှိနားလည်‌စေရန် လက်ဆင့်ကမ်း ‌ဆောင်ရွက်ခြင်းဖြင့် လည်း‌ကောင်း၊ ‌ရွှေ့‌ပြောင်း‌ရောက်ရှိလာကြ‌သော ကရင်လူမျိုးများကို မိမိတို့ကရင်လူမှုအသိုင်းအဝိုင်းနှင့် ထိစပ်ပူး‌ပေါင်းပြီး ကရင့် ‌ရေးရာများကို အတူတကွ လုပ်‌ဆောင်‌နေ‌သောအဖွဲ့ဖြစ်သည်။

ကရင်အမျိုးသားအာဇာနည်‌နေ့ကို ဩစ‌တြေးလျားနိုင်ငံ၌ Sydney (NSW)အပြင် Western State of Australia မှ Perth(WA)
မြို့များတွင်လည်း‌ကောင်း၊ Brisbane (QLD) နှင့် Melbourne (VIC) စသည့် ဩစ‌တြေးလျား၏ ၄ပြည်နယ်၌ ဩဂုတ်လ ၁၂ ရက်‌နေ့ တစ်ရက်တည်းတွင် ကျင်းပခဲ့ကြသည်။