Home သတင်း ၆၇နှစ်ကြာ ‌တော်လှန်‌ရေးလုပ်ခဲ့သူ KNLA ဗိုလ်ချုပ်ကြီး‌စောကစယ်ဒို ဈာပနအခမ်းအနား ပရိဿတ် ၄၀၀‌ကျော်လိုက်ပါပို့‌ဆောင်

၆၇နှစ်ကြာ ‌တော်လှန်‌ရေးလုပ်ခဲ့သူ KNLA ဗိုလ်ချုပ်ကြီး‌စောကစယ်ဒို ဈာပနအခမ်းအနား ပရိဿတ် ၄၀၀‌ကျော်လိုက်ပါပို့‌ဆောင်

2334

ဩဂုတ် ၄ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ကရင့်‌တော်လှန်‌ရေး မစတင်‌သေးသည့်အချိန်မှစ၍ ၆၇နှစ်ကြာ ‌တော်လှန်‌ရေးတာဝန်ကို ထမ်း‌ဆောင်ခဲ့‌သော ဗိုလ်ချုပ်ကြီး‌စော ကစယ်ဒို၏ ဈာပနအခမ်းအနားကို KNLA-ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ဗဟိုဌာနချုပ်‌နေရာ၊ ‌သေ့‌ဘေ့ထာ့စခန်း တွင် ဩဂုတ်လ ၄ရက်‌နေ့၌ ကျင်းပခဲ့ရာ လူပရိဿတ်‌ပေါင်း ၄၀၀‌ကျော် လိုက်ပါပို့‌ဆောင်‌ပေးခဲ့ကြသည်။

ဗိုလ်ချုပ်ကြီး‌စောကစယ်ဒို၏ သမီးဖြစ်သူ ‌နော်နဒါး‌မော်‌လေးက “တိုင်းပြည်နဲ့ လူမျိုးအ‌ပေါ် အသက်ဆုံးတဲ့အထိ‌အောင် သစ္စာရှိခဲ့ ပြီး တာဝန်‌ကျေခဲ့တဲ့အ‌ပေါ် ‌အောက်‌မေ့တဲ့အ‌နေနဲ့ ကျန်ရစ်သူ မိသားစုဝင်‌တွေသာမက ကရင်တစ်မျိုးသားလုံးကလည်း တတ်နိုင် တဲ့ အခန်းကဏ္ဍက‌နေ ပါဝင်‌ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဈာပနအခမ်းအနားတွင် KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး‌စော‌ဂျော်နီတို့က ဂုဏ်ပြု စကားများ ‌ပြောကြားခြင်း၊ ‌စောကစယ်ဒို၏ မိသားစုဝင်များက ဖခင်ဖြစ်သူ၏ ဘဝဖြတ်သန်းမှုမှတ်တမ်းများအား ဖတ်ကြား‌ပေး ခြင်း၊ ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ-ALP ၏ ဝမ်းနည်းခြင်းသဝဏ်လွှာအား ဖတ်ကြားပြီး‌နောက် ခရစ်ယာန်ဘာသာ‌ရေး ဆရာ ‌တော်များက ဝတ်ပြုဆု‌တောင်း‌ပေးခြင်းနှင့် ဓမ္မ‌တေးအဖွဲ့ဝင်များက သီဆိုဂုဏ်ပြုခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြသည်။

အစီအစဉ်အရ ဗိုလ်ချုပ်ကြီး‌စောကစယ်ဒို၏ ရုပ်ကလပ်အား KNLA စစ်သည်များက ဝတ်ပြုခမ်းမ‌ဆောင်မှ မြုပ်နှံရာ‌နေရာသို့ ပင့် ယူသယ်‌ဆောင်ခဲ့ကြပြီး KNU ၏ တပ်ဖက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ ကွယ်လွန်သူအတွက် ‌သေနတ်ပစ်‌ဖောက်ကာ အ‌လေး ပြုခြင်း၊ အမိန့်စာပြန်ခြင်းနှင့် ဂူသွင်းမြှုပ်နှံခြင်းများ ‌ဆောင်ရွက်ခဲ့ကြသည်။

ဈာပနအခမ်းအနားသို့ KNU ထိပ်ပိုင်း‌ခေါင်း‌ဆောင်များ၊ ဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မှူးတပ်သားများ၊ ‌တော်လှန်‌ရေး မဟာမိတ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အချို့၊ ကရင်လူထုအ‌ခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မိသားစုဝင် များက လိုက်ပါပို့‌ဆောင်‌ပေးခဲ့ကြသည်။

‌စောကစယ်ဒို တပ်ခွဲမှူးတာဝန်ယူစဉ်က တပ်စုမှူးအဖြစ် တာဝန်ယူခဲ့သူ အသက် ၈၁နှစ်အရွယ် KNLA တပ်မှူး‌ဟောင်း ဗိုလ်မှူးကြီး ‌စောထု‌ဝေါ်က “သူ့ကို ‌လေးစားလို့ အရိုအ‌သေ‌ပေးတဲ့အ‌နေနဲ့ ‌နောက်ဆုံးခရီးကို ပို့‌ဆောင်‌ပေးတာ။ သူ့မျက်နှာကို မြင်ချင်‌ပေမယ့် လူ‌တွေက ပြည့်ကြပ်‌နေလို့ မကြည့်လိုက်ရဘူး။ ဖူးကစယ်ဒိုကို ‌ပြောချင်တာက ‌အေး‌အေး‌ဆေး‌ဆေးသာ ပြန်ပါ၊ မပြီးပြတ်‌သေးတဲ့ ‌တော်လှန်‌ရေးကို ငါတို့ ကျန်တဲ့လူ‌တွေ ဆက်လုပ်သွားမယ်”ဟု ဆိုသည်။

ဗိုလ်ချုပ်ကြီး‌စောကစယ်ဒိုသည် ၁၉၂၅ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁၄ရက်‌နေ့တွင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ကျွန်းကုန်း‌ကျေး ရွာ၌ ‌မွေးဖွားခဲ့ပြီး ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် (Karen National Defense Organization–KNDO) စတင် တည် ‌ထောင်ခဲ့သည့် ၁၉၄၇ခုနှစ်တွင် ကိုယ်ပိုင်နံပါတ် (၀၀၀၂)ဖြင့် KNDO အဖွဲ့ဝင်အဖြစ်လည်း‌ကောင်း၊ ၁၉၄၉ခုနှစ်တွင် တပ်ခွဲမှူးအ ဖြစ်လည်း‌ကောင်း၊ ၁၉၆၃ခုနှစ်တွင် ဒုတိယ စစ်ဦးစီးအရာရှိချုပ်အဖြစ်လည်း‌ကောင်း တာဝန်ထမ်း‌ဆောင်ခဲ့သည်။

ထိုမှတဆင့် ၁၉၇ဝခုနှစ်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA ၌ ဆက်လက် တာဝန်ထမ်း‌ဆောင်ခဲ့ပြီး ဗိုလ် မှူးကြီး၊ ခရိုင်ဒုဥက္ကဌ၊ ဒုတိယစစ်‌ရေးချုပ်၊ ဗိုလ်မှူးချုပ်၊ ဒုဗိုလ်ချုပ်ကြီး၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ်ရာထူးအပြင် ၂၀၀၂ခုနှစ်မှစ၍ ကာကွယ်‌ရေးဌာန ဒုဝန်ကြီး၊ သယံဇာတနှင့် မိုင်းဌာန ဝန်ကြီး၊ သစ်‌တောဌာနဝန်ကြီးအဖြစ် ပူးတွဲတာဝန်၊ ၂၀၀၈ခုနှစ်တွင် KNU ၏ အကြံ‌ပေးနာယကအဖြစ် တာဝန်ယူခဲ့ပြီး‌နောက် ၂၀၁၄ခုနှစ်တွင် အနားယူခဲ့သည်။

ကရင့်‌တော်လှန်‌ရေးတွင် တိုက်ပွဲများကို ရွတ်ရွတ်ချွံချွံနှင့် စဉ်ဆက်မပြတ် တာဝန်ထမ်း‌ဆောင်ခဲ့မှုများ‌ကြောင့် ၁၉၈၄ခုနှစ်တွင် ‌ကော်သူး‌လေ သူရဲ‌ကောင်းဘွဲ့၊ ကရင့်‌တော်လှန်‌ရေး ၂၅နှစ်၊ အနှစ် ၄၀၊ အနှစ် ၅ဝပြည့် တာဝန်ထမ်း‌ဆောင်ခဲ့သည့် ဂုဏ်ထူး ‌ဆောင်ဆုတံဆိပ်၊ ဘွဲ့တံဆိပ်များကိုလည်း ချီးမြှင့်ခြင်းခံခဲ့ရသူ ဖြစ်သည်။

ဗိုလ်ချုပ်ကြီး‌စောကစယ်ဒိုသည် ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ၃၁ရက်၊ နံနက် ၁နာရီခွဲအချိန်၌ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်‌ဆေးရုံ၌ လူကြီး ‌ရောဂါဖြင့် အသက် ၉၂နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ သားသမီး ၃ဦးနှင့် ‌မြေး ၁၃ဦး ကျန်ရစ်ခဲ့သည်။