ဒေါက်တာ စင်သီယာမောင် (မယ်တော်ဆေးခန်း တည်ထောင်သူ)
အဲဒီကာလမှာတော့ ကျမ ကရင်ပြည်နယ်၊ အိန္ဒု(ကျေးရွာ)မှာပဲ ရှိနေတယ်ပေါ့နော်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာတော့ ကျောင်းသားတွေနဲ့ ကျမက နယ်စပ်ကို ရောက်လာတယ်ပေါ့နော်။ နယ်စပ် ရောက်လာတဲ့အချိန်က စပြီးတော့ ကျမက ကျန်းမာ ရေး လုပ်တယ်။ လူတွေ အစုလိုက် အပြုံလိုက် နယ်စပ်ရောက်လာတဲ့အချိန်မှာ အစားအသောက်၊ နေရေးထိုင်ရေး၊ ကျန်းမာရေး ကိစ္စတွေ အရေးပေါ်လိုအပ်တော့ ဒေသခံတွေနဲ့တွဲပြီးတော့ ကျမတို့ ရိက္ခာတွေ၊ ဆေးဝါးတွေအကူအညီရဖို့တို့၊ နောက်ပြီး လူနာ တွေ ထိုင်းမှာ လိုအပ်တဲ့အကူအညီတွေ ရဖို့တို့၊ နောက်ပြီးတော့ လူနာလွှဲပြောင်းရေးကိစ္စတို့ စတင်ပြီးတော့ ဆောင်ရွက်ခဲ့တယ်။
ဒီအပြောင်းအလဲ ဆိုတဲ့အခြေအနေမှာတော့ အဓိကတော့ လူထုတွေရဲ့စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးအကြပ်အတည်း အပေါ်မှာ အခြေခံပြီးတော့ပဲ ကျောင်းသားတွေကပဲ ဦးဆောင်ခဲ့တာဖြစ်တော့ လက်ရှိ အကြပ်အတည်းတွေကတော့ ဆက်လက် ရှိနေအုံးမှာပဲ။ အပြောင်းအလဲ ပြုပြင်ဖို့ဆိုတာတော့ အချိန်ကာလတစ်ခုတော့ ကြာရှည်ယူရမယ်။ တစ်ချိန်ထဲမှာပဲ တန်းတူညီမျှ ဖွံ့ဖြိုးလာဖို့နဲ့ ဒီဒေသတိုင်းမှာ အခွင့်အရေးတွေ တန်းတူညီမျှဖို့တို့၊ လုံခြုံမှုရှိဖို့တို့၊ နောက်ပြီးတော့ လူထုတွေကလည်း ထိုင်းနိုင်ငံ အပါအဝင် ထိုင်းနိုင်ငံတစ်ခုလုံးမှာရှိတဲ့ ဒုက္ခသည်စခန်းမှာ လူထုတွေက သူ့ရဲ့မူရင်းဒေသတွေမှာ ပြန်လည် လုပ်ကိုင်စားသောက် နေထိုင်ဖို့ အခါကျတော့ သူတို့ရဲ့ ဒေသတွေမှာ ရှိတဲ့ အရင်းအမြစ်တွေနဲ့ လုံခြုံမှုကိစ္စတွေကို ဆက်လက်ဆောင်ရွက်ဖို့ကတော့ အများကြီး လိုအပ်နေပါသေးတယ်။
အရင်ကဖြစ်ခဲ့တဲ့ နာကျင်မှုတွေကတော့ ရှိတယ်ပေါ့နော်။ ဒါက ကျမတို့ ဖြေဖျောက်နိုင်ဖို့တို့၊ ပြန်လည်ကုစားနိုင်ဖို့တို့ ဆိုတာက တော့ စိတ်ပိုင်းဆိုင်ရာ ကုစားနိုင်တဲ့ အခြေအနေရှိတဲ့ ဝန်ဆောင်မှုတွေပေါ့။ အဲလိုမျိုး စီစဉ်ဆောင်ရွက်တဲ့ လူမှုအဖွဲ့အစည်းတွေ လည်း အများကြီးလိုအပ်ပါတယ်။ သို့သော်လည်း ဒါ ထပ်မံပြီးတော့ မဖြစ်ပွားဖို့နဲ့ ခွဲခြားဆက်ဆံမှုတွေ မရှိအောင်တော့ စောင့် ကြပ်ပြီးတော့ သူတို့နေထိုင်တဲ့ သူတို့ရပိုင်ခွင့်ရှိတဲ့ သူတို့ မြေယာကိစ္စတွေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်လည် နေထိုင်ဖို့ဆိုတာက တော့ လူမှုအဖွဲ့အစည်းတွေနဲ့ သေချာစနစ်တကျ တိုင်ပင်ပြီတော့မှပဲ ပေါင်းစည်းရေး ပြန်လည် သင့်မြတ်ရေးဆိုတာကို ဆောင် ရွက်လို့ရမယ်ဖြစ်တဲ့အတွက်ကြောင့် အထူးသဖြင့်တော့ ကိုယ့်ဒေသ၊ ကိုယ့်ရပ်ရွာ၊ ကိုယ့်နယ်မြေမှာပေါ့နော်။ ပြန်လည် လုပ်ကိုင် စားသောက် နေထိုင်ဖို့ပေါ့နော်။ ထပ်ပြီး ဖြစ်လာနိုင်တဲ့ အခြေအနေရှိတဲ့ အကြမ်းဖက်မှု ပဋိပက္ခတွေကိုလည်း ကာကွယ်တာတို့၊ ပြန်လည် တည်ဆောက်တာတို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ သူတို့ရဲ့စားဝတ်နေမှုနဲ့ လုံခြုံမှုကို အဓိက စဉ်းစားပေးရမှာ ဖြစ်ပါတယ်။
ပဒိုစောလှထွန်း ။ ။ တွဲဖက်အတွင်းရေးမှူး ၂ (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး)
အဲဒီတုန်းက ကျနော်အသက် ၁၈နှစ်။ ဖားအံ (အ.ထ.က-၁) ဆယ်တန်း ကျောင်းသားဘဝမှာပေါ့နော်။ ဦးနေဝင်း စစ်အစိုးရရဲ့ မှားယွင်းတဲ့ အုပ်ချုပ်မှုစနစ်တွေကြောင့် ပြည်သူတွေ ဒုက္ခတွေ ပိုကြီးလာတဲ့အပေါ် ၁၉၈၈ ခုနှစ်၊ ဩဂုတ်မတိုင်ခင် ဇွန်၊ ဇူလိုင်လ တွေမှာ ရန်ကုန်ကနေ စတင်ပြီး တစ်နိုင်ငံလုံးအသွင်ဆောင်တဲ့ အစိုးရ ဆန့်ကျင်ရေး သပိတ်တွေ ပေါ်ပေါက်လာခဲ့တယ်။ ကျောင်းသားသမဂ္ဂတွေကိုလည်း ပြည်နယ်နဲ့ တိုင်း အသီးသီးမှာ ဖွဲ့စည်းလာတာကြောင့် ရန်ကုန်မှာ တက္ကသိုလ်ကျောင်းတက်ပြီး ပြန်လာတဲ့ ကျောင်းသားတွေနဲ့ ကောလိပ်ကျောင်းသားကြီးတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေကနေ ကျနော်တို့လည်း ကရင်ပြည်နယ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်အနေနဲ့ ပူးပေါင်းပါဝင်လာခဲ့တယ်။
စစ်အစိုးရရဲ့ ကိုင်တွယ်မှုတွေရော၊ ပြည်သူတွေအပေါ် အကြမ်းဖက်ဖြိုခွင်းခဲ့မှုတွေရော သမိုင်းမှာ ထင်ကျန်ခဲ့ပြီပေါ့နော်။ သမိုင်း ကလည်း ဒီနိုင်ငံပြောင်းလဲလာဖို့ အဓိက အထောက်အကူပြုနေတဲ့အတွက် ၈၈ ကတည်းက တောင်းဆိုတိုက်ပွဲဝင်လာခဲ့တဲ့ စစ်မှန်သော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု၊ ကောင်းမွန်တဲ့အစိုးရ ပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့ ဒီကိစ္စတွေက သူ့အလို လို သင်ပုန်းချေပြီးသား ဖြစ်သွားမှာပေါ့နော်။
မြန်မာနိုင်ငံရဲ့သမိုင်းတစ်ကွေ့မှာတော့ ၈လေးလုံး အရေးတော်ပုံဟာ ဒီမိုကရေစီနိုင်ငံတည်ထောင်နိုင်ဖို့အတွက် အဓိက ဒေါက် တိုင်ပါပဲ။ အသက်ပေးသွားတဲ့ ကျောင်းသားပြည်သူတွေရဲ့ ကိုယ်စား ၈၈ မျိုးဆက်ကနေ ဒီဖက်မျိုးဆက်သစ် လူငယ်တွေကအစ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး၊ စစ်အာဏာရှင်စနစ် မရှိနိုင်ရေးတို့အတွက် အတူ တကွ လက်တွဲပြီးတော့ လုပ်ဆောင်သွားကြဖို့ ပြောကြားလိုပါတယ်။
ဦးဘိုကြည် ။ ။ တွဲဘက်အတွင်းရေးမှူး (နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP)
အဲ့တုန်းက ကျနော်က ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာနောက်ဆုံးနှစ်နဲ့ ကျောင်းတက်နေတာပေါ့ဗျာ။ ကျောင်းသားတစ်ယောက် အနေနဲ့ ပါဝင်ခဲ့တယ်။ အဲ့နောက်ပိုင်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂမှာ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။ ကျနော်တို့ ၈၈လှုပ်ရှားမှုလုပ်တယ်ဆိုတာက ဒီနိုင်ငံရေးအပြောင်းအလဲစနစ်တစ်ခုအတွက် လုပ်တာပါ။ ကျနော်တို့က လက်စား ချေဖို့အတွက် လုပ်ခဲ့တာလည်း မဟုတ်ဘူး။ စနစ်အကူးအပြောင်းတစ်ခုကို ကျနော်တို့ကြိုးစားခဲ့တယ်။ ဒီ ၈၈လှုပ်ရှားမှုကနေပြီး တော့ တစ်ပါတီအာဏာရှင်စနစ်ကို ကျနော်တို့ဖျက်သိမ်းနိုင်ခဲ့တယ်။ ပါတီစုံဒီမိုကရေစီနဲ့ ဒီမိုကရေစီလူ့အခွင့်အရေးကို မိတ် ဆက်နိုင်ခဲ့တယ်။ အဲ့လိုပဲ ၈၈လှုပ်ရှားမှုကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မွေးဖွားနိုင်ခဲ့တယ်။ ဒါက ၈၈လှုပ် ရှားမှုရဲ့သမိုင်းပေါ့။
ဒါပေမဲ့ အဲ့ဒီအပြောင်းအလဲက ကျနော်တို့ လိုချင်တဲ့ပန်းတိုင်ကိုတော့ မရောက်သေးဘူးပေါ့။ အဲ့ဒီအတွက် ကျနော်တို့ ဆက်ပြီးလုပ်ရမယ်။ အဲ့လိုလှုပ်ရှားမှုကြောင့် အသက်သေဆုံးသွားရတဲ့၊ ဘဝတွေပျက်သွားရတဲ့သူတွေလည်း အများကြီးရှိတယ်။ ဒီလူတွေအတွက်ကိုလည်း ကျနော်တို့က တခြားသောနိုင်ငံတွေမှာဆိုရင် ဒီမိုကရေစီ အထိမ်းအမှတ် မော်ကွန်းကျောက်တိုင် (Democracy Monument)တွေလိုမျိုး ကျနော်တို့ လုပ်ဆောင်မပေးနိုင်သေးတာမျိုးတွေရှိတယ်။ အဲ့ဒါတွေကိုတော့ ကျနော်တို့ လုပ်ဆောင်ပေးသွားရမှာမျိုးတွေ ရှိတယ်။ ဒါကလည်း စစ်မှန်တဲ့ ဒီမိုကရေစီရှိ၊ မရှိနဲ့ တိုင်းတာရမှာပေါ့နော်။ တကယ့် စစ်မှန်တဲ့ ဒီမိုကရေစီရှိပြီးဆိုလို့ရှိရင် ဒီလို ဒီမိုကရေစီ မော်ကွန်းကျောက်တိုင်လိုမျိုးတွေက သေချာပေါက်ဖြစ်လာမှာပါ။
တိုင်းပြည် တိုးတက်ပြောင်းလဲရေး အခုဆိုရင်တော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို သွားတယ်လို့တော့ ကျနော်တို့ ပြောလို့ရ တယ်ဆိုပေမဲ့ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီတော့ မဟုတ်သေးဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုတော့ လူတိုင်း ပြော နေကြတာပါပဲ။ ဒါပေမဲ့ ကျနော်တို့နိုင်ငံမှာ တကယ်စစ်မှန်တဲ့ အသွင်ကူးပြောင်းရေးကာလကို မရောက်သေးတဲ့အခါကျတော့ အသွင်ကူးပြောင်းရေးကာလတစ်ခုမှာ ကျနော်တို့ လုပ်ဆောင်ရမဲ့ လုပ်ဆောင်ချက်တွေကို ယနေ့အချိန်ထိ မလုပ်ဆောင်နိုင်သေး ပါဘူး။ ဒါကတော့ ဆက်ပြီးတော့ ကြိုးစားရမဲ့ကိစ္စတွေပါ။ ကျနော်တို့တွေ ကြိုးစားခဲ့တယ်ဆိုတာက တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကိုသွားဖို့ပါ။ အခုအချိန်ထိ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် မရောက်သေးဘူး။ ဒါပေမဲ့ လမ်းစလေးတွေ တော့ ကျနော်တို့ တွေ့နေရပါပြီး။ ဒီလမ်းစလေးတွေကို ကျနော်တို့ တကယ်လမ်းကြောင်းမှန်မှန်နဲ့ မြန်မြန်ဆန်ဆန် ရောက် အောင်တော့ ကျနော်တို့ဆက်ပြီး ကြိုးစားရမှာပါ။ အဲ့လိုကြိုးစားဖို့ဆိုရင်တော့ ပြည်တွင်းစစ်ရပ်စဲဖို့ လိုပါတယ်။ အဲ့လိုပဲ တခြားလူ့ အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ရပ်တန့်ဖို့လိုတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေကိုလည်း တကယ် အပြစ်ပေးနိုင်ဖို့ လိုအပ်ပါတယ်။ အဲ့လိုမျိုးဖြစ်တဲ့အခါကျတော့မှပဲ တကယ့်အမျိုးသားပြန်လည်သင့်မြတ်ရေးကို အထောက်အကူဖြစ်မှာပါ။
ပြည်တွင်းစစ်လည်း ရှိနေတယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုလည်း ရှိနေတယ်ဆိုရင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးက ဖြစ်နိုင်ခြေ အတော်နည်းနေပါတယ်။ ဒါကြောင့်မို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက်ဆိုရင်တော့ ဒါတွေ အမြန်ဆုံး လိုအပ်တယ်။ ပြည်တွင်းစစ် ရပ်ပေးရမယ်။ လူ့အခွင့်အရေးချိုးဖောက်မှုကို ရပ်ရမယ်။ တရားဥပဒေစိုးမိုးရေးကို အကောင်အ ထည် ဖော်ပေးရမယ်။ ပြစ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးကို ပေးရမယ်။
နော်အုန်းလှ ။ ။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
၈၈ အရေးတော်ပုံအစကာလတုန်းက အနောက မှော်ဘီမှာ။ အဲ့တုန်းက မှော်ဘီမြို့၊ ဘုရားသုံးဆူမှာ သပိတ်စခန်း ရှိတယ်။ မှော်ဘီသပိတ်ကော်မတီရှိတယ်။ အဲ့ကနေစုပြီး ပထမပိုင်းရက်တွေမှာ မှော်ဘီမြို့အစကနေ တပ်ကြီးကုန်းကျေးရွာထိ ပြည်လမ်း တစ်လျောက် လမ်းလျှောက်ဆန္ဒပြကြတယ်။ အဲ့တုန်းက ကောင်စီရုုံးတွေလည်းရှိတယ်။ သူတို့လည်း ဆန္ဒပြကြတယ်။ နောက် ပိုင်းမှာ အနော နေ့ရက်တွေကိုတော့ မေ့ကုန်ပြီး ၈၈ခုနှစ် ၉ရက်၊ စက်တင်ဘာတုန်းက ထင်တယ်။ မှော်ဘီကနေ သပိတ်အဖွဲ့စု ပြီး ရန်ကုန်ကိုလာတယ်။ ဆောက်လုပ်ရေးသုံး ကားတွေနဲ ့ အများကြီးပဲ ရန်ကုန်ကိုလာပြီး ဆန္ဒပြတယ်။ အဲ့တုန်းက စစ်တပ်အာ ဏာ မသိမ်းသေးဘူး။ ကမ္ဘာအေးကနေ မြို့ထဲကို လမ်းလျှောက်ဆန္ဒပြတယ်။ ရန်ကုန်တစ်ပတ်ပတ်ပြီး ဆန္ဒပြတာ ရန်ကုန်ဆေး ရုံကြီးမှာ ဂိတ်ဆုံးတယ်။ အဲ့ကနေ မှော်ဘီကိုပြန်လာကြတာပေါ့နော်။
အဲ့နောက်ပိုင်း ပါတီထဲဝင်ခဲ့တယ်။ အခု ၂၉နှစ်ကြာခဲ့ပြီး။ အဲ့တုန်းက ပါဝင်ခဲ့သူတွေ လူ့အခွင့်အရေးချိုးဖောက်ခံရသူတွေ၊ နစ်နာ သူတွေ အများကြီးရှိတယ်။ ဒါတွေကို သင်ပုန်းချေဖို့ ဆိုတာကတော့ တဦးချင်းနဲ့ပဲ ဆိုင်မယ်။ အဲ့တုန်းက စစ်ကြောရေးမှာ သေသွားတဲ့သူတွေ၊ ထောင်ထဲမှာ သေသွားသူတွေ ရှိတယ်။ ဦးမောင်ကိုဆို စစ်ကြောရေးမှာ သေတယ်။ မုံရွာတင်ရွှေတို့၊ ဦးစော ဝင်းတို့ ပြီးတော့ ခရမ်းဦးခင်မောင်ဝင်းတို့ဆို တကယ်က ထောင်ထဲမှာ နှိပ်စက်လို့ သေသွားတာ။ အဖွဲ့အစည်းတစ်ခုအနေနဲ့ သင် ပုန်းချေမယ်ဆိုရင်တောင် မိသားစုသဘောထားတော့ လိုတယ်။ အဲ့ဒါတွေကို မှတ်တမ်းလုပ်နေတာတွေ ရှိတယ်။
အခု ၂၉နှစ်ကြာခဲ့ပြီးအချိန်။ အဲ့တုန်းက အဓိကတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီရရှိရေးဆိုတာ အခုရပြီးလား။ အခုရနေတာက ပုံစံ ခွက်ဒီမိုကရေစီပဲ ရှိတယ်။ ၂၀၀၈ဖွဲ့စည်းပုံနဲ့က ဒီမိုကရေစီသွားလို့ အဆင်မပြေဘူး။ အဲ့ဒီတော့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိရေးအ တွက် လုပ်နေရဦးမှာပဲ။ လက်ရှိအစိုးရက လူထုက တင်မြှောက်တာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ သဘောထားကို အလေးအ နက် ထားစေချင်တယ်။ လူထုတွေ နစ်နာမှုတွေ၊ လိုချင်တာတွေကို ထိထိရောက်ရောက် လုပ်စေချင်တယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့အခါမှာလည်း စစ်တပ်နဲ့ လုပ်တာထက်စာရင် တိုင်းရင်းသားတွေ ပြည်သူတွေ ပိုပြီးတော့ လုပ်သင့် တယ်လို့ အနော ပြောချင်တယ်။