Home သတင်း ပြည်တွင်း၊ နယ်စပ် ‌ကျောင်းသားလူငယ်နှီး‌နှောဖလှယ်ပွဲ ပြုလုပ်

ပြည်တွင်း၊ နယ်စပ် ‌ကျောင်းသားလူငယ်နှီး‌နှောဖလှယ်ပွဲ ပြုလုပ်

2046

ဩဂုတ် ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ကရင်‌ကျောင်းသားများကွန်ယက်အဖွဲ့-KSNG မှ ဦး‌ဆောင်ကာ ပြည်တွင်းနှင့် နယ်စပ်ဒုက္ခသည်စခန်းရှိ ကရင်‌ကျောင်းသား လူငယ်များ၏ လူငယ်နှီး‌နှောဖလှယ်ပွဲတစ်ရပ်ကို ဩဂုတ်လ ၁၇ ရက်မှ ၁၉ ရက်‌နေ့အထိ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ‌သေ့‌ဘောဘိုး‌ကျေးရွာ အထက်တန်း‌ကျောင်းတွင် ပြုလုပ်လျက်ရှိသည်။

ဒုက္ခသည်စခန်းနှင့် ပြည်တွင်းရှိ လူငယ်များသည် လတ်တ‌လော နိုင်ငံ‌ရေးအ‌ခြေအ‌နေများဖြစ်သည့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ် များကို သိရှိနားလည်‌စေရန်၊ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ် တတ်ရန်၊ လက်ရှိ ပညာ‌ရေး အ‌ခြေအ‌နေများ အား သိရှိရန်အတွက် ရည်ရွယ်ပြီး ယင်းလူငယ်နှီး‌နှောဖလှယ်ပွဲကို ပြုလုပ်‌ပေးရခြင်း ဖြစ်‌ကြောင်း ပွဲဖြစ်‌မြောက်‌ရေး ‌ကော်မတီ၏ တာဝန်ခံ ‌စောက‌ပေါ်မူးက ဩဂုတ်လ ၁၈ရက်(ယ‌နေ့)တွင် ‌ပြောသည်။

၎င်းက “နယ်စပ်နဲ့ ပြည်တွင်းက လူငယ်‌တွေက မတူကြဘူး‌လေ။ ဥပမာ- ပညာ‌ရေးစနစ်က အစ‌ပေါ့။ ဒီလိုပွဲမျိုး လုပ်ခြင်း အားဖြင့်ဆိုရင်လူငယ်‌တွေဟာ မသိတဲ့အရာ‌တွေ သိလာမယ်။ သိပြီးရင် ဘယ်လိုပုံစံမျိုး ပူး‌ပေါင်းပါဝင်‌ဆောင်ရွက်ကြ မလဲဆို တာ အချင်းချင်း အပြန်အလှန် ဖလှယ်ခြင်းအားဖြင့် ‌လောကကို အကျိုးပြုနိုင်ဖို့ ‌မျှော်လင့်ထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

သုံးရက်တာကြာမြင့်မည့် ထိုနှီး‌နှောဖလှယ်ပွဲတွင် အစီအစဉ်၏ ပထမ‌နေ့ နံနက်ပိုင်း၌ လက်ရှိနိုင်ငံ‌ရေးဖြစ်စဉ်နှင့် ပတ်သက်‌သော အ‌ကြောင်းအရာများကို ‌ကေအဲန်ယူ ဗဟို‌ကော်မတီဝင် မန်းငြိမ်း‌မောင်မှ ချပြခြင်း၊ ဒုတိယ‌နေ့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ‌ကောင်းကျိုး ဆိုးကျိုးများအား ရှင်းပြခြင်း၊ ‌နောက်ဆုံး‌နေ့တွင် ပညာ‌ရေးဆိုင်ရာ အ‌ကြောင်း အရာများအား ကရင်ပညာ‌ရေးဌာန-KED၊ Karen Refugee Committee Education Entity- KRCEE များမှ ရှင်းပြခြင်းများနှင့် ည‌နေပိုင်းတွင် အလုပ်ရုံ‌ဆွေး‌နွေးပွဲများပြုလုပ်ကာ ကဏ္ဍတစ်ခုချင်းစီအား အုပ်စုလိုက် ‌ဆွေး‌နွေးဖလှယ်ကြမည်ဖြစ်သည်။

ထိုလူငယ်နှီး‌နှောဖလှယ်ပွဲသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ KSNG၊ KED၊ KRCEE မှ တာဝန်ရှိသူများ၊ က ‌လေးများဖွံ့ဖြိုးတိုးတက်‌ရေးစင်တာ-CDC၊ ဆာသူး‌လေ အစရှိသည့် မဲ‌ဆောက်‌ဒေသ ‌ကျောင်းများမှ ကိုယ်စားလှယ်များ၊ ‌ဒေသခံ နှင့် မယ်လဒုက္ခသည် စခန်းမှ ‌ကျောင်းဆရာများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ လူငယ်များ အပါအဝင် စုစု‌ပေါင်း ၆ဝ ဦးခန့် တက်‌ရောက် ‌ဆွေး‌နွေးကြသည်။

၎င်းနှီး‌နှောဖလှယ်ပွဲကို တက်‌ရောက်‌နေ‌သော ‌သေ့‌ဘောဘိုး‌ကျောင်းမှ လူငယ်တစ်ဦးဖြစ်သူ ‌စောကလယ် ‌ကော့မူးက “တက်‌ရောက် ‌နေတဲ့ ဒီနှစ်ရက်တာ အတွင်းမှာ နိုင်ငံ‌ရေးအ‌ကြောင်း‌တွေ၊ ကျ‌နော်တို့ ရသင့်ရထိုက်တဲ့ အခွင့်အ‌ရေး‌တွေ၊ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာ‌တွေ သိလာရလို့ အများကြီး အကျိုး‌ကျေးဇူးရှိပါတယ်”ဟု ‌ပြော သည်။

KSNG ကို ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများအပါအဝင် ပြည်တွင်း၊ ပြည်ပတွင် ‌နေထိုင်ကြ‌သော ကရင် ‌ကျောင်းသား လူငယ်များ တစ်ဖွဲ့နှင့် တစ်ဖွဲ့ဆက်သွယ်ကာ ၎င်းတို့၏ အ‌တွေ့အကြုံ ဗဟုသုတများကို ‌ဝေငှနိုင်ရန် ရည်ရွယ်ပြီး ၁၉၉၆ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

KSNG မှဦး‌ဆောင်‌သော အလားတူ လူငယ်နှီး‌နှောဖလှယ်ပွဲ အစီအစဉ်များကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများတွင် တစ်နှစ်လျှင် ခရိုင်တစ်ခုစီ၌ ပြုလုပ်‌ပေးလျက်ရှိသည်ဟု KSNG တာဝန်ရှိသူများက ‌ပြောသည်။