Home သတင်း ‌ရေနစ်မြှုပ် ပျက်စီးသွားသည့် လယ်များအတွက် မျိုး‌စေ့တင်း ၁,၀၀ဝ ‌ကျော် အခမဲ့ ဖြန့်‌ဝေမည်

‌ရေနစ်မြှုပ် ပျက်စီးသွားသည့် လယ်များအတွက် မျိုး‌စေ့တင်း ၁,၀၀ဝ ‌ကျော် အခမဲ့ ဖြန့်‌ဝေမည်

1703

ဩဂုတ် ၁၇ ရက်၊ ၂ဝ၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်အတွင်း ‌ရေကြီးမှု‌ကြောင့် ပျက်စီးသွားသည့် လယ်များ အတွက် မျိုး‌စေ့တင်း ၁,ဝ၅ဝ အခမဲ့ဖြန့် ‌ဝေ‌ပေးမည်ဟု ပြည်နယ်စိုက်ပျိုး‌ရေးဦးစီးဌာန၊ ဦးစီးမှူးဦးဝင်းလှိုင်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“‌ရေကြီးနစ်မြှုပ်သွားတဲ့ လယ် ဧက ၂,ဝဝဝ ‌ကျော်မှာ မျိုးခင်း‌တွေ စပါးခင်း‌တွေပါတယ်။ စိုက်ထားတဲ့ စိုက်ခင်းနဲ့ သက်တမ်းတူတဲ့မျိုး‌တွေ ပြန်စိုက်ခိုင်းမယ်။ မျိုး‌စေ့ တင်း ၁,ဝ၅ဝ အခမဲ့ဖြန် ‌ပေးပို့ထားတယ်”ဟု ပြည်နယ်စိုက် ဦးစီးမှူးဦးဝင်းလှိုင်ဦးက ဩဂုတ် ၁၅ ရက်‌နေ့တွင် ‌ပြောသည်။

ပြည်နယ်အတွင်း စိုက်ခင်းဧက ၄၃၀,၀၀ဝ ‌သောင်း‌ကျော်အနက် ၃၂၀,၀၀ဝ ‌သောင်း‌ကျော် စိုက်ပျိုးထားပြီး ‌ရေနစ်မြှုပ်သွားသည့် စပါးခင်းများကို ပိုးမွှားကင်း‌ထောက်မှတ်တမ်း တင်ခြင်း၊ ကွင်းဆင်းပြီး စပါးပင်သန်းစွမ်း ‌အောင်ဓာတ်‌မြေဩဇာသုံးစွဲနည်း၊ ပညာ‌ပေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေပြီးဟု ၎င်းက ဆက်‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးများသည့်အတွက် မြို့နယ်အလိုက် ‌တောင်ကျ‌ရေနှင့် မြစ်‌ရေလျှံမှုဖြစ်‌ပေါ်ခဲ့ပြီး သက်တမ်းနုစပါးစိုက်ခင်းအများစု ထိခိုက်မှုဖြစ်ခဲ့ရာ သက်တမ်းတူ မျိုးပင်များနှင့် အစားထိုးပြန်လည် စိုက်ပျိုး‌နေရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်‌ကျေးရွာအုပ်စု အုပ်ချုပ်‌ရေးမှူး မန်းဆန်းညွန့်‌မောင်က “ဧက ၂ဝ ‌ကျော် ‌လောက်ပျက်စီး မယ်။ အပင်‌တွေအကုန်‌သေတာ မဟုတ်ဘူး။ ဟိုတစ်ကွက် ဒီတစ်ကွက် ပျက်စီးသွားတာ‌ပေါ့။ အပင်‌တော့ပြန်ကြီးနိုင်‌ပေမဲ့ အားကိုးလို့ မရ‌လောက်‌တော့ဘူး။ စိုက်ပျိုး‌ရေးဌာနက ပျက်စီးသွားတဲ့စပါး‌တွေ မျိုး‌စေ့ပြန်ချ‌ပေးမယ်လို့‌တော့ ‌ပြောတယ်။ အခုထိ‌တော့ မ‌တွေ့‌သေးဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း ယခင်နှစ်က စပါးစိုက်ခင်းများကို ပိုးမွှားအန္တရာယ်ကျ‌ရောက်ခြင်းခံခဲ့ရပြီး ယခုနှစ်တွင် ‌ရေမြှုပ်ဒဏ် ခံရသည့်အတွက် စပါးအထွက်နှုန်း‌လျော့ကျမသွား‌စေရန် ပညာ‌ပေးလုပ်ငန်းများ ‌ဆောင်ရွက်‌နေသည်ဟု စိုက်ပျိုး‌ရေး ဌာနက ‌ပြောဆိုထားပြီး ပြည်နယ်တစ်ခုလုံးအ‌နေဖြင့် တစ်နှစ်စပါးတင်း‌ပေါင်း သိန်း ၃ဝဝ ‌ကျော်ထွက်ရှိသည်ဟု ဆိုင်ရာ တာဝန်ရှိသူထံမှ သိရသည်။