Home သတင်း ‌မော်လမြိုင်တွင် ကရင့်အမျိုးသား အာဇာနည်‌နေ့ကို ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပ

‌မော်လမြိုင်တွင် ကရင့်အမျိုးသား အာဇာနည်‌နေ့ကို ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပ

1819

ဩဂုတ် ၁၂ ရက်၊ ၂ဝ၁၇ခုနှစ်။ စဖန်း‌ရှောင်း

ယ‌နေ့(ဩဂုတ်လ ၁၂ရက်‌နေ့)တွင် ကျ‌ရောက်သည့် ကရင်အမျိုးသားတို့၏ ၆၇ နှစ်‌မြောက် ကရင့်အမျိုးသား အာဇာနည်‌နေ့ကို မွန်ပြည်နယ်၊ ‌မော်လမြိုင်မြို့တွင် ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ပြုကျင်းပခဲ့ကြသည်။

‌မော်လမြိုင်တွင် ကရင့်အမျိုးသားအာဇာနည်‌နေ့ အခမ်းအနားအား ပထမဆုံးအကြိမ် စတင်ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ဦး‌ဆောင်ကျင်းပရာတွင် ပါဝင်သူတစ်ဦးဖြစ်သည့် ‌စော‌သောကြာက ‌ကေအိုင်စီသို့ ယခုလို ‌ပြော သည်

“အရင် ပွင့်လင်းမြင်သာမှုမရှိခဲ့တဲ့အချိန်တုန်းက‌တော့ ‌တော်လှန်‌ရေးနယ်‌မြေ‌တွေထဲက သက်ဆိုင်ရာ‌နေရာ ‌ဒေသအသီးသီးမှာ လုပ်ကြတယ်။ ကျ‌နော်တို့အ‌နေနဲ့က‌တော့ ဒီမှာပထမဆုံးအကြိမ် ကျင်းပဖြစ်ရခြင်းက ၁ဝ ရက်၊ ၁၁ ရက်‌နေ့က မွန်ပြည်နယ်တစ်ခုလုံးလူငယ်‌တွေ ပြုလုပ်တဲ့ ကရင်လူငယ်‌တွေ့ဆုံပွဲက‌နေ ဖြစ်လာတဲ့ စုစည်းမှုအားအရ အခုလို ကျင်းပဖြစ်ရခြင်းဖြစ်ပါတယ်”ဟု ၎င်းက ‌ပြောသည်။

ယ‌နေ့ကျင်းပသည့် ကရင့်အမျိုးသား အာဇာနည်‌နေ့အခမ်းအနားတွင် KNU -ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောပိုပိုတူး‌အောင် ၊ စည်းရုံး‌ရေးနှင့်ပြန်ကြား‌ရေးဌာနမှပဒို‌စောလစ္စတန်၊ KYO ဒု-ဥက္ကဌ ‌စောအယ်စိုး အပါအဝင် ကရင်လူငယ်စုစု‌ပေါင်း ၅ဝဦးခန့် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနားကို အမျိုးသား အလံ‌တော်အား အ‌လေးပြုခြင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ကျဆုံး‌လေပြီး‌သော အာဇာနည်‌ခေါင်း‌ဆောင်ကြီးများအား အ‌လေးပြုခြင်း ၊ အာဇာနည်‌နေ့ဖြစ်‌ပေါ်လာရခြင်းသမိုင်း အ‌ကြောင်းများ အား ‌ဟော‌ပြောခြင်း၊ ‌တေးသီချင်း သီဆိုဂုဏ်ပြုခြင်းအစီအစဉ်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြ သည်။

‌မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ‌စောမျိုးသီဟ‌အောင်က“ အခုလို ‌မော်လမြိုင်မှာ ပထမဆုံး အာဇာနည်‌နေ့ အခမ်းအနားကျင်းပနိုင်ခဲ့တာ‌ရော ပါဝင်တက်‌ရောက်ခွင့်ရတဲ့အတွက်‌ရော ဂုဏ်ယူပါတယ် ။ ‌နောက်လာမယ့် နှစ်‌တွေမှာလည်း ဒီထက်ပိုပြီး ကျင်းပနိုင်ပါ‌စေလို့လည်း ‌မျှော်လင့်ပါတယ်”ဟု ‌ပြောသည်။

ယ‌နေ့ (ဩဂုတ်လ ၁၂ ရက်) တွင် ကျ‌ရောက်သည့် ကရင့်အမျိုးသား အာဇာနည်‌နေ့အခမ်းအနားကို KNU ထိန်းချုပ်နယ်‌မြေများအပြင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းများတွင်ကျင်းပခဲ့ကြသလို ပြည်ပ‌ရောက် ကရင်အမျိုးသားများလည်း ကျင်းပခဲ့ကြသည်ဟု သိရသည်။