Home သတင်း ‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျေးရွာ ၄ရွာတွင် မူးယစ်‌ဆေးဝါးသုံးစွဲသူ ၃၀‌ကျော်ကို အပြစ်‌ပေးအ‌ရေးယူ

‌ဒေါနအ‌ရှေ့ခြမ်းရှိ ‌ကျေးရွာ ၄ရွာတွင် မူးယစ်‌ဆေးဝါးသုံးစွဲသူ ၃၀‌ကျော်ကို အပြစ်‌ပေးအ‌ရေးယူ

1944

ဩဂုတ် ၂၃ရက်၊ ၂၀၁၇ခုနှစ်။ ‌ကေအိုင်စီ

‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌ရှေ့ခြမ်း၊ ‌သေ့‌ဘောဘိုး‌ကျေးရွာအုပ်စုအတွင်းရှိ ‌ကျေးရွာ ၄ရွာ၌ ကရင်လက်နက်ကိုင်အဖွဲ့များနှင့် ‌ကျေးရွာတာဝန်ရှိသူတို့ ပူး‌ပေါင်းပြီး စိတ်ကြွမူးယစ်‌ဆေးဝါး(ယာဘ) သုံးစွဲသူများကို တားဆီးစစ်‌ဆေးမှုများ ပြုလုပ်ရာတွင် သုံးစွဲ ‌နေသူ ၃၂ဦးကို စစ်‌ဆေး‌တွေ့ရှိခဲ့ပြီး ဖမ်းဆီးအ‌ရေးယူနိုင်ခဲ့သည်ဟု ‌ဒေသခံ အာဏာပိုင်များက ဩဂုတ်လ ၂၂ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး လက်‌အောက်ခံ ကရင်အမျိုးသားရဲတပ်ဖွဲ့၊ ဒီမိုက‌ရေစီအကျိုးပြု ကရင်တပ်မ‌တော် (ဒီ‌ကေဘီ‌အေ)၊ ‌ဆေးဝန်ထမ်းများနှင့် ‌ဒေသခံ‌ကျေးရွာ တာဝန်ရှိသူတို့ ပူး‌ပေါင်းပြီး ယခုလ ၁ရက်မှ ၄ရက်‌နေ့အထိ ‌ကျေးရွာရှိ ဂိတ်များကို ဖြတ်သန်းသွားလာသည့် ခရီးသွားများကို ‌ခေါ်ယူ၍ မူးယစ်‌ဆေးဝါးသုံးစွဲမှုတိုင်းတာသည့် ဆီးစစ်ကိရိယာဖြင့် စစ် ‌ဆေးရာ သုံးစွဲသည့်လက္ခဏာ ‌တွေ့ရှိသူ ၃၂ဦးအား ဖမ်းဆီးပြီး ပထမအကြိမ် သတိ‌ပေးသည့်အ‌နေဖြင့် ဒဏ်‌ငွေရိုက် အပြစ်‌ပေး အ‌ရေးယူခဲ့‌ကြောင်း ‌သေ့‌ဘောဘိုး ‌ကျေးရွာအုပ်စုမှူး ‌စော‌ထောပလိုက ‌ပြောသည်။

‌စော‌ထောပလိုက “ကျ‌နော်တို့ ‌ကျေးရွာ‌တွေနဲ့ နယ်စပ်‌ဒေသ‌တွေမှာ ဒီမူးယစ်‌ဆေးဝါး‌တွေက များလာတာကို‌တွေ့ရတယ်။ ဒီလို များလာ‌တော့ လူငယ်‌တွေ ပျက်စီးလာတာ‌တွေများလာသလို ‌ကျေးရွာထဲမှာ စားဝတ်‌နေ‌ရေး အခက်အခဲ‌တွေ ဒုစရိုက်မှု‌တွေနဲ့ သတ်ဖြတ်မှု‌တွေက ရှိလာတယ်။ ကျ‌နော်တို့ ဒီလိုလုပ်တာက ‌ဒေသခံရွာသား‌တွေနဲ့ ‌ဆေး‌ရောင်းတဲ့သူ‌တွေကို အရင်ဆုံး သတိ ‌ပေးလိုက်တဲ့သ‌ဘောမျိုးပါ။ ဒါက ပထမအဆင့်ပဲ ရှိ‌သေးတယ်။ ‌နောက်ဆိုရင် တစ်ဆင့် တစ်ဆင့် ဆက်လုပ်သွားမှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့စစ်‌ဆေး‌တွေ့ရှိ၍ ဖမ်းဆီးထားသူများကို ‌သေ့‌ဘောဘိုး‌ကျေးရွာအုပ်စုရှိ DKBA ဗျူဟာ(၁)ဌာနချုပ်၏ အချုပ်ထဲ၌ ထိန်း သိမ်းထားပြီး‌နောက် ပထမအကြိမ် သတိ‌ပေးသည့်အ‌နေဖြင့် တစ်ဦးလျှင် ဒဏ်‌ကြေး‌ငွေ ဘတ်‌ငွေ ၃၀၀ဝအပြင် အချုပ်ခန်းခ အဝင်၊ အထွက် ဘတ် ၅၀ဝစီ ‌ပေး‌ဆောင်ရသည့် ပညာ‌ပေးမှုများ ပြုလုပ်ပြီး ပြန်လွှတ်‌ပေးခဲ့‌ကြောင်း ‌စော‌ထောပလိုက ဆက် ‌ပြောသည်။

‌ကောက်ခံရရှိသည့် ဒဏ်‌ကြေး‌ငွေများကို မူးယစ်‌ဆေးဝါး စစ်‌ဆေးရာတွင် အသုံးပြုသည့် ‌ဆေးစစ်ကိရိယာများ၊ ‌ဒေသတွင်း သွား လာ‌ရေးစရိတ်များနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား ‌ကျွေး‌မွေးသည့် စား‌သောက်စရိတ်များအဖြစ် အသုံးပြုသွားသည်ဟု လည်း တာဝန်ရှိသူများက ‌ပြောဆိုသည်။

အဆိုပါစစ်‌ဆေး ဖမ်းဆီးမှုကို ‌သေ့‌ဘောဘိုး‌ကျေးရွာအုပ်စု ‌ကျောက်ခက်‌ကျေးရွာမှစ၍ ‌သေ့‌ဘောဘိုး၊ ဆုံဆည်းမြိုင်နှင့် အူူးက ‌ရေ့ထာ့ စသည့်‌ကျေးရွာ‌လေးရွာတွင် ‌လေးရက်ဆက်တိုက် စစ်‌ဆေးဖမ်းဆီးမှုပြုလုပ်ခဲ့ပြီး ဖမ်းဆီးရမိသူအများစုမှာ အသက် ၁၈ နှစ်မှ ၄၅နှစ်အရွယ်အမျိုးသားများဖြစ်ကာ ‌ဒေသခံရွာသားများအပြင် မြဝတီမြို့မှ ‌ဒေသခံများလည်း ပါဝင်သည်ဟု ပူး‌ပေါင်းပါဝင် ခဲ့သည့် ‌ကျေးရွာတာဝန်ရှိသူများက ‌ပြောသည်။

ထိုသို့ မူးယစ်‌ဆေးဝါးသုံးစွဲမှုကို စစ်‌ဆေးအ‌ရေးယူရာတွင် မူးယစ်‌ဆေးဝါး ဖြန့်ဖြူး‌ရောင်းချမှုများကို အချို့‌သော လက်နက်ကိုင်အ ဖွဲ့အစည်းများနှင့် အာဏာပိုင်များမှ ပါဝင်ပတ်သက်မှုများ ရှိ‌နေခြင်း‌ကြောင့် အခက်အခဲ၊ စိန်‌ခေါ်မှုများစွာရှိ‌နေသလို ဖမ်းဆီးအ ‌ရေးယူမှု ပြုလုပ်ရန်မှာလည်း စိန်‌ခေါ်မှုကြီးနိုင်သည်ဟု ‌ကျေးရွာတာဝန်ရှိသူများက ဆိုသည်။

အမည်မ‌ဖော်လိုသူ ‌သေ့‌ဘောဘိုး ရွာသူတစ်ဦးက “ဒီ ပထမအဆင့်က‌တော့ ‌အောင်မြင်တယ်လို့ ‌ပြောလို့ရတယ်။ သုံးစွဲတဲ့လူ ‌တွေ၊ ‌ရောင်းချတဲ့လူ‌တွေ ‌တော်‌တော်ကို ‌လျော့သွားတာ‌တွေ့ရတယ်။ ဒါ‌ပေမယ့် ဒုတိယအဆင့်အ‌နေနဲ့ အကြီးစား ဖြန့်ဖြူး‌ရောင်း ချတဲ့လူ‌တွေ၊ သယ်ယူပို့‌ဆောင်‌ပေးတဲ့လူ‌တွေကို အ‌ရေးယူဖို့ အပိုင်းက‌တော့ စိန်‌ခေါ်မှု ကြီးကြီးမားမား ကြုံ‌တွေ့ရနိုင်တယ်။ ဘာ ‌ကြောင့်လဲဆို‌တော့ အဲဒီလူ‌တွေက အရပ်သား‌တွေပါသလို လက်နက်ကိုင်အဖွဲ့‌တွေ ပါဝင်ပတ်သက်မှုရှိလို့ပဲ။ အန္တရာယ် ‌တော် ‌တော် များပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် မူးယစ်‌ဆေးဝါးပြဿနာကို အစိုးရ အာဏာပိုင်များနှင့် လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုင်တွယ်‌ဖြေရှင်းနိုင်မှုမရှိ‌သေးသလို လူလတ်ပိုင်းတွင်သာမက လူငယ်ပိုင်း ‌ကျောင်းသားများအထိပါ သုံးစွဲမှု ပြန့်နှံ့လျက် ရှိသည်ဟု ‌ဒေသခံများက ‌ပြောသည်။

၎င်းမူးယစ်‌ဆေး သုံးစွဲသူများအား စစ်‌ဆေးဖမ်းဆီးမှုကို ‌ကော့ကရိတ်မြို့နယ်၊ ‌ဒေါနအရှ့ဘက်ခြမ်းတွင် ပထမဦးဆုံးအကြိမ် လုပ် ‌ဆောင်ခြင်းဖြစ်ပြီး လတ်တ‌လောတွင် တာဝန်ရှိသူများ မအားလပ်မှုနှင့် ကုန်ကျမှုဆိုင်ရာ အခက်အခဲများ‌ကြောင့် ၎င်းစစ်‌ဆေးမှု အစီအစဉ်ကို ရပ်နားထားကာ ဒုတိယအကြိမ် ဖမ်းဆီးစစ်‌ဆေး အ‌ရေးယူမှုများကို ဆက်လက် လုပ်‌ဆောင်သွားရန် ရှိသည်ဟု လည်း ဦး‌ဆောင်ပါဝင်သူများက ‌ပြောသည်။

‌ကော့ကရိတ်မြို့နယ် ‌ဒေါနအ‌နောက်ဘက်ခြမ်းရှိ ‌အောင်ဖကြီး(အံဖကြီး)၊ နန်း‌ရွှေမှုံ၊ ကမိုင်ကုန်း၊ အစွန်း စသည့်‌ကျေးရွာဘက် တွင်လည်း ပြီးခဲ့သည့် လအနည်းငယ်က ကရင်လက်ကိုင်တပ်ဖွဲ့များနှင့် ‌ဒေသခံ ‌ကျေးရွာတာဝန်ရှိသူများ ပူး‌ပေါင်းပြီး အလားတူ မူးယစ်‌ဆေးဝါး သုံးစွဲသူများကို စစ်‌ဆေးအ‌ရေးယူမှုများ ပြုလုပ်ခဲ့‌သေးသည်။