“အဓိကအားဖြင့် ကျနော်က သက်ကြီးရွယ်အိုတွေရဲ့ကျန်းမာရေးနဲ့ ကလေးတွေရဲ့ပညာရေး
အဲ့နှစ်ခုကိုတော့ ကျနော့်ရဲ့လစဉ်ဝင်ငွေကနေ အမြဲကူညီပေးတယ်”
သာမန်ကျေးလက်တောရွာလေးမှာ ငှက်ပျောစိုက်ပျိုးရင်းနဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ မိသားစုငယ်လေးတစ်ခုမှာ ကြီးပြင်း လာသူ စထက်နိုင်အေးဟာ လက်ရှိမှာ Software Engineer ၊ Social Media Strategist သင်တန်းဆရာဖြစ်နေပါတယ်။ ဒါ့အ ပြင် နည်းပညာတွေနဲ့ ဘဝအာမခံချက်ရှိရှိ ရန်ကုန်မြို့ကြီးမှာ ဆိုရှယ်မီဒီယာဖြင့် ဈေးကွက်ဝန်ဆောင်မှုပေးနေတာ အခုဆိုရင် ကိုယ်ပိုင် အသေးစားကုမ္ပဏီ တည်ထောင်ပြီး လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။
သူဟာ အသက် ၂၄နှစ်အရွယ်သာ ရှိသေးပြီး ဘဝအာမခံချက်ပေးနိုင်တဲ့ ပညာရပ်တွေနဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို မရရှိခင်က သမုဒ္ဒရာ ဝမ်းတစ်ထွာစာ ဖူလုံဖြည့်ဆည်းနိုင်ဖို့ ခြံထွက်ငှက်ပျောကိုရောင်းချခဲ့ရင်း မိသားစု စားဝတ်နေရေးကို ဖြေရှင်းရုန်းကန် နေခဲ့ရတာမို့ အခြေခံလူတန်းစား မိသားစုဘဝကနေ ပညာကို ခက်ခက်ခဲခဲ သင်ယူလေ့လာခဲ့ရတဲ့ ကျေးလက်ဒေသနေ သာမန် လူငယ်လေးတစ်ဦးပါပဲ။
“အလယ်တန်းမှာ သိပ်အခက်အခဲမရှိခဲ့ပေမဲ့ အထက်တန်းရောက်လာတော့ ခက်ခဲလာတယ်။ ရွာကနေ ကျောင်းကို တစ်နေ့ ၂နာရီလောက် လမ်းလျှောက်ပြီး သွားရတယ်။ လမ်းတွေကလည်း မကောင်းတော့ တော်တော်လေး ဒုက္ခရောက်ခဲ့ရတယ်”လို့ ကျောင်းနေစဉ်က သူ့ဘဝပုံရိပ်ကို ပြောပြပါတယ်။
စထက်နိုင်အေးရဲ့ ဇာတိမြေက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ အဝိုင်းနင်းကြမ်းအုပ်စု၊ အဝိုင်းကြီးရွာဖြစ်ပါတယ်။ မိဘတွေဖြစ်တဲ့ မန်းအေးသိန်းနဲ့ နန့်မြင့်ကြည်တို့ဟာ ပညာရေးကို အားပေးသူတွေဖြစ်ကြပြီး သူတို့ရဲ့ သားသမီး သုံးဦးမှာတော့ စထက်နိုင်အေးက အငယ်ဆုံးလေးဖြစ်ပါတယ်။ မူလတန်းပြီးတော့ ရွာနဲ့မနီးမဝေးက ညောင်လေးပင်ရွာလေးမှာ အလယ်တန်း ပညာကို ဆက်လက် သင်ယူခဲ့ပြီးနောက် အထက်တန်းကို ဟသင်္ာတမြို့နယ်၊ ရှားခဲ အထက်တန်းကျောင်းခွဲ(အ.ထ.က-ခွဲ)မှာ တက်ရောက်ပညာသင်ယူခဲ့ရသူ ဖြစ်ပါတယ်။
၂၀၀၆ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ပြီးတဲ့နောက် ကွန်ပျူတာသိပ္ပံအထူးပြုဘာသာရပ်နဲ့ ဟသင်္ာတ တက္ကသိုလ်မှာ ၂၀၀၇ခုကစပြီး တက္ကသိုလ်တက်ရောက်ခဲ့ရာက ၂၀၁၁ခုနှစ်မှာ အဲဒီကွန်ပျူတာသိပ္ပံဘွဲ့ကို ရရှိခဲ့ပါတယ်။
သူက “တက္ကသိုလ်တက်တုန်းကဆိုရင် အဆောင်ခတွေမရှိလို့ အိမ်ကပေးထားတဲ့ စက်ဘီးလေးကိုပေါင်။ သူငယ်ချင်း စက်ဘီး လေးတွေလိုက်ပေါင်ပြီး လကုန်မှပြန်ရွေး။ နောက်ပြီး အဆောင်ခ မလောက်လို့ စနေ၊ တနဂင်္နွေတိုင်း အိမ်ပြန်ပြီး ဝိုင်းကူလုပ်ရင်း ရတဲ့ပိုက်ဆံလေးနဲ့ ကျောင်းဆက်တက်ရတဲ့ အခြေအနေလေးက ကျနော့်အတွက် မှတ်မှတ်ရရပါပဲ”လို့ဆိုရင်း ချို့တဲ့စွာ ပညာရှာ ခဲ့ရပုံကို ပြန်ပြောင်းပြောပြခဲ့ပါတယ်။
တက္ကသိုလ်စာမေးပွဲဖြေဆိုပြီးပြီးချင်း ရရာအလုပ်ကိုလုပ်ဖို့ ရန်ကုန်မြို့ကြီးကို တက်လာခဲ့ပြီး ဟိုတယ်တစ်ခုမှာ IT နည်းပညာပိုင်း ဆိုင်ရာ ဝန်ထမ်းအဖြစ် စတင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီနောက် အလုပ်ကထွက်ပြီး Web Developer ဘက်ကို ရွေး ချယ်ခဲ့ကာ ကိုယ်ပိုင်အချိန်တွေမှာ ခေတ်မှီနည်းပညာပိုင်းဆိုင်ရာတွေကို ကိုယ်တိုင် လေ့လာသင်ယူမှု (Self-Study)နဲ့ ကြိုးပမ်း လုပ်ဆောင်ခဲ့ပြီးနောက် Ora Tech လူမှုကွန်ယက်ဈေးကွက်ဝန်ဆောင်မှုရဲ့ အသေးစားကုမ္ပဏီတစ်ခုကိုတည်ထောင်နိုင်ခဲ့ရင်း အခုချိန်အထိ ရပ်တည်နေပါတယ်။
ပညာကို အခက်အခဲ စိန်ခေါ်မှုတွေကြားကနေ ကြိုးစားသင်ယူလေ့လာခဲ့ရာကနေ ရည်မှန်းချက်ရှိရာကို တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်လာရင်း ဘဝအာမခံချက်ရှိတဲ့ ပညာရပ်တွေနဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်လုပ်ကိုင်နေပေမယ့်လည်း ဘဝ မေ့သူတစ်ဦးတော့ မဟုတ်ခဲ့ဘူးလို့လည်း သူက ပြောပါတယ်။
“ကျနော့်တစ်ယောက်အနေနဲ့ အခုဆိုရင် ကိုယ့်ဒေသမှာရှိတဲ့ မပြည့်စုံတဲ့ကလေးတွေကို ကျောင်းစရိတ်တွေ ထောက်ပံ့ပေး တယ်။ လိုအပ်တဲ့ အဝတ်အစားတွေ၊ စာအုပ်စာတမ်းတွေကိုကူညီပေးတယ်။ အဓိကအားဖြင့် ကျနော်က သက်ကြီးရွယ်အိုတွေ ရဲ့ကျန်းမာရေးနဲ့ ကလေးတွေရဲ့ပညာရေး အဲ့နှစ်ခုကိုတော့ ကျနော်ရဲ့လစဉ် ဝင်ငွေကနေ အမြဲကူညီပေးတယ်”လို့ ပြောပါတယ်။
စထက်နိုင်အေးဟာ အရင်က ကရင်အမျိုးသားရေးအပေါ် နားမလည်ခဲ့ပေမယ့်လည်း စာပေတွေ လေ့လာမှတ်သားရင်း လက် တွေ့ဘဝကို ရောက်ရှိလာချိန်မှာတော့ အမျိုးသားရေးအတွက် သူ လုပ်ဆောင်ရမှာကို နားလည်လာခဲ့ပြီး ကရင်လူငယ်အသိုင်းအ ဝိုင်းထဲ ခြေဆန့်ဝင်ရောက်လာခဲ့ရင်း သူတတ်ထားတဲ့ ပညာရပ်တွေနဲ့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းကူညီပေးနေပါတယ်။
သူတိုက်တွန်းပြောကြားတဲ့ ကရင်လူငယ်တွေအတွက် စကားကတော့ “ကရင်လူငယ်တွေ အဂင်္လိပ်စာကို အဓိက လေ့လာစေ ချင်တယ်။ အသက်မွေးကျောင်းမှုမှာ အဂင်္လိပ်စာပညာရပ်က အလွန်အရေးပါတာဖြစ်သလို ကိုယ် ပညာတစ်ခု ရလာတယ်။ အသက်မွေးဝမ်းကျောင်း ပညာတစ်ခုရလာမယ်။ လမ်းကြောင်းတစ်ခုပေါ်ရောက်ရင်လည်းပဲ ကိုယ့်လူမျိုးအတွက် တတ်နိုင်တဲ့ ဘက်ကနေ ပြန်ပြီးတော့ ပါဝင်ပေးစေချင်တယ်”လို့ ဆိုပါတယ်။