Home သတင်း မွန်ပြည်နယ် ကရင်လူငယ်‌တွေ့ဆုံပွဲတွင် ဆက်သွယ်‌ရေးတာဝန်ခံနှင့် မြို့နယ်အလိုက်တာဝန်ခံများ ‌ရွေးချယ်

မွန်ပြည်နယ် ကရင်လူငယ်‌တွေ့ဆုံပွဲတွင် ဆက်သွယ်‌ရေးတာဝန်ခံနှင့် မြို့နယ်အလိုက်တာဝန်ခံများ ‌ရွေးချယ်

1967

ဩဂုတ် ၁၂ ရက်၊ ၂ဝ၁၇ ခုနှစ်။ စဖန်း‌ရှောင်း

မွန်ပြည်နယ် ‌မော်လမြိုင်မြို့တွင် ဩဂုတ် ၁ဝရက်မှ ၁၁ရက်‌နေ့အထိ နှစ်ရက်တာကျင်းပသည့် မွန်ပြည်နယ် ကရင်လူငယ်‌တွေ့ဆုံပွဲတွင် ပြည်နယ်အတွင်းရှိ ကရင်လူငယ်‌ရေးရာကိစ္စများ လှုပ်ရှား‌ဆောင်ရွက်နိုင်ရန် အတွက် ယာယီတာဝန်ခံများနှင့်မြို့နယ်ကိုယ်စား ယာယီတာဝန်ခံများကို ‌ရွေးချယ်ခဲ့ကြသည်။

ထိုသို့‌ရွေးချယ်ရာတွင် မွန်ပြည်နယ် အတွင်းရှိ မြို့နယ်အသီးသီးချိတ်ဆက် ‌ဆောင်ရွက်နိုင်‌ရေးအတွက် ကရင် လူငယ်ယာယီတာဝန်ခံ ၁၄ ဦးနှင့် ပြည်နယ် ကရင်လူငယ်ယာယီတာဝန်ခံ ၆ ဦးတို့ကို ‌ရွေးချယ်ခဲ့ကြခြင်း ဖြစ် သည်ဟု ကရင်လူငယ်ကွန်ယက် (အမျိုးသားအဆင့်) ‌ကော်သူး‌လေဆက်သွယ်‌ရေးနှင့်ချိတ်ဆက်‌ရေး တာ ဝန်ခံ‌စောဂျက်ပစီက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မွန်ပြည်နယ်ထဲမှာရှိတဲ့ ကရင်လူငယ်‌တွေအ‌နေနဲ့ အခြား‌နေရာ‌တွေမှာထက်စာရင် အားနည်း တာမျိုး ‌တွေရှိတဲ့အတွက်ပြန်ပြီး စုစည်းမိလာ‌အောင်လုပ်‌ဆောင် တာဖြစ်ပါတယ်။ အခုလို ‌ရွေးလိုက် တဲ့ယာယီတာဝန်ခံ‌တွေအ‌နေနဲ့ကလည်း မွန်ပြည်နယ်ထဲမှာရှိတဲ့ ကရင်လူငယ်‌တွေကို အခု ထက်ပိုစုစည်း လာနိုင်မယ်လို့ယုံကြည်ပါတယ်။ အခုကအစပြုမှုတစ်ခုသာဖြစ်တဲ့အတွက် လုပ်ငန်းပိုင်းဆိုင်ရာ ‌ဖော်‌ဆောင်မှု ‌တွေအတွက် အစီအစဉ်‌တွေ မချမှတ်နိုင်ခဲ့‌သေးဘူး” ဟု ‌ပြောသည်

အဆိုပါ ပြီးစီးသွားသည့် လူငယ်‌တွေ့ဆုံပွဲတွင် မြို့နယ်အသီးသီးမှ တက်‌ရောက်လာသည့် ကရင်လူငယ်ကိုယ် စားလှယ်များက ၎င်းတို့သက်ဆိုင်ရာမြို့နယ်အလိုက်ကြုံ‌တွေ့‌နေရသည့် မူးယစ်‌ဆေးဝါး ပြဿနာများ၊ အလုပ် အကိုင်ရှားပါးမှုပြဿနာများအပြင် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စရပ်များစသည်တို့ကို ‌ဆွေး‌နွေးခဲ့ကြပြီး အချင်းချင်းချိတ်ဆက်မှု ပိုမိုအား‌ကောင်းလာ‌ရေးအတွက် ယာယီတာဝန်ခံများ‌ရွေးချယ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့နယ်မှ ‌စော‌စောအဲ့က “ဒီလိုလုပ်လိုက်တာ‌ကောင်းတယ်။ ပိုပြီးစည်းလုံးလာဖို့ရှိတယ်။ နယ်စုံလာတယ်ဆို‌တော့ အချင်းချင်းပိုသိလာကြတာ‌ပေါ့။ ကျ‌နော်အ‌နေနဲ့‌ရှေ့ဆက်လုပ်ဖို့ရှိတာက‌တော့ ကိုယ့်အဝန်းအဝိုင်းထဲက လူငယ်‌တွေကို ကရင့်‌ရေးရာကိစ္စ‌တွေမှာ ပိုပြီးနိုးကြားစိတ်ဝင်စားလာ‌အောင် ဆွဲ‌ခေါ်ဖို့စဉ်းစားထားတယ်” ဟု ‌ပြောသည်

ယခုပြုလုပ်သည့် ကရင်လူငယ်‌တွေ့ဆုံပွဲမှာ မွန်ပြည်အတွင်းရှိ မြို့နယ် ၇ မြို့နယ် ‌မော်လမြိုင်တက္ကသိုလ် ၊ နည်းပညာတက္ကသိုလ်တို့မှ ‌ကျောင်းသားလူငယ်များ စုစု‌ပေါင်း ၅ဝ နီးပါး တက်‌ရောက်ကာ မွန်ပြည် နယ်တွင် ပထမဆုံးအကြိမ်ပြုလုပ်သည့် ကရင်လူငယ်‌တွေ့ဆုံပွဲလည်းဖြစ်သည်။