Home သတင်း မီး‌လောင်ပျက်စီးသွားသည့် ကရင်နီဒုက္ခသည်‌နေအိမ်များ ပြန်လည်‌ဆောက်လုပ်ပြီးစီး

မီး‌လောင်ပျက်စီးသွားသည့် ကရင်နီဒုက္ခသည်‌နေအိမ်များ ပြန်လည်‌ဆောက်လုပ်ပြီးစီး

1740

ဩဂုတ် ၁၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

ထိုင်း-မြန်မာ နယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီ အမှတ်(၁)စခန်းတွင် မီး‌လောင်ပျက်စီးသွားသည့် ဒုက္ခသည်‌နေ အိမ်များကို ဇူလိုင် ၁၉ ရက်‌နေ့မှစ၍ ပြန်လည်တည်‌ဆောက်ခဲ့ရာ ဩဂုတ်လ ၁၁ ရက်‌နေ့တွင် အားလုံး ပြီးစီးသွားပြီဖြစ် ‌ကြောင်း စခန်း‌ကော်မတီဝင် တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “အိမ်ပြန်‌ဆောက်တာ အားလုံးပြီးသွားလို့ အိမ်သား‌တွေ ပြန်‌နေ ‌နေကြကုန်ပါပြီ။ အိမ်အသုံး အ‌ဆောင်လည်း ကူညီ‌ထောက်ပံ့မှု‌တွေ‌ကြောင့် ‌နေထိုင်ရတာ အဆင်‌ပြေ‌နေကြပြီ။ ပုံမှန်ပြန်ဖြစ်‌နေကြပါပြီ။” ဟု ယမန်‌နေ့ (ဩဂုတ်လ ၁၅)တွင် ‌ပြောသည်။

ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၊ အမှတ် (၅)ရပ်ကွက်၌် ယခုလ ဇူလိုင် ၅ ရက်‌နေ့၊ ည ၁ဝ နာရီအချိန်တွင် မီး‌လောင် ကျွမ်းမှုဖြစ်ပွားခဲ့ရာတွင် မီး‌လောင်ပျက်စီးခဲ့သည့် လူ‌နေအိမ် ၃၃ လုံးနှင့် ကြိုဖျက်လိုက်ရသည့် လူ‌နေအိမ် ၃၈လုံး စုစု‌ပေါင်း အိမ် ၇၁ လုံးပျက်စီးခဲ့ပြီး ဒုက္ခသည် ၃၂၁ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ခြင်းဖြစ်သည်။

၎င်းပျက်စီးခဲ့သည့် ‌နေအိမ်‌ပေါင်း ၇၁ လုံးအနက် အချို့အိမ်များမှာ တစ်အိမ်လုံး ပျက်စီးသွားခြင်း မဟုတ်‌သော‌ကြောင့် ပြန်လည်ပြင်ဆင်ကာ ‌နေထိုင်သည့် အိမ်‌ထောင်စုများရှိသကဲ့သို့ လုံးဝ ပျက်စီးသွားသည့် အိမ်‌ထောင်စုဝင် အချို့သည် အခြားရပ်ကွက်သို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ကြပြီး အသစ်ပြန်‌ဆောက်၍ ‌နေမည့်သူများမှာ စုစု‌ပေါင်း အိမ် ၂၃ လုံးသာ ရှိသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

အစိုးရ မဟုတ်‌သောအဖွဲ့အစည်း (NGOs)များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ မီး‌လောင် ပျက်စီးသွားသည့် ‌နေအိမ်များကို ပြန်‌ဆောက်ရန် သစ်၊ ဝါးများသာမက အိမ်အသုံးအ‌ဆောင် ပစ္စည်းများနှင့် အခြားလိုအပ်သည့် ပစ္စည်းများကိုပါ အကူအညီများ‌ထောက်ပံ့‌ပေးလျက်ရှိသည်ဟု သိရသည်။

ကရင်နီ အမှတ်(၁) ဒုက္ခသည်စခန်း၌ စုစု‌ပေါင်းရပ်ကွက် (၁၇)ခု ရှိပြီး လက်ရှိ လူဦး‌ရေ ၁၇,ဝ၄၅ ဦး ခိုလှုံလျက်ရှိသည်ဟု စခန်း‌ကော်မတီ၏ စာရင်းအရ သိရသည်။ ယင်းစခန်း၌ပင် ၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၇ ရက်‌နေ့ကလည်း ‌ပေါ့ဆမီး‌ကြောင့် မီး‌လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ‌နေအိမ် ၁၀ဝ ‌ကျော် မီး‌လောင် ကျွမ်းပြီး ဒုက္ခသည် ၇၀ဝ ‌ကျော် အိမ်ရာမဲ့ဖြစ်ခဲ့ရသည်။