Home သတင်း ထိုင်းဘုရင်မင်းမြတ်၏ မိဖုရား‌မွေး‌နေ့ကို တိုင်းရင်းသားရိုးရာ နှီး‌နှောဖလှယ်ပွဲဖြင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ ဂုဏ်ပြု

ထိုင်းဘုရင်မင်းမြတ်၏ မိဖုရား‌မွေး‌နေ့ကို တိုင်းရင်းသားရိုးရာ နှီး‌နှောဖလှယ်ပွဲဖြင့် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများ ဂုဏ်ပြု

2885

ဩဂုတ် ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ စအိုင်ဆူး

ဩဂုတ်လ ၁၂ ရက်‌နေ့တွင် ကျ‌ရောက်သည့် ထိုင်းနိုင်ငံ၏ အ‌မေများ‌နေ့ ‌ခေါ် နတ်ရွာစံ ကံ‌တော်ကုန်ခဲ့ပြီးဖြစ် သည့် ထိုင်းဘုရင် ဘူမိ‌ဘောအဒူယာဒက် (Bhumibol Adulyadej)၏ မိဖုရား Sirikit၏ သက်‌တော် (၈၅) နှစ်‌မြောက်‌မွေး‌နေ့ကို ယ‌နေ့ မြန်မာ‌ရွှေ့‌ပြောင်း အထက်တန်း‌ကျောင်းတစ်ခုဖြစ်သည့် က‌လေးများ ဖွံ့ဖြိုး‌ရေးစင်တာ(CDC)‌ကျောင်းမှ တိုင်းရင်းသား ရိုးရာနှီး‌နှောဖလှယ်ပွဲဖြင့် ဂုဏ်ပြုပွဲကျင်းပခဲ့သည်။

တိုင်းရင်းသား‌ပေါင်းစုံပညာသင်ယူ‌နေသည့် အဆိုပါ CDC ‌ကျောင်းအတွင်း ‌ကျောင်းသူ၊ ‌ကျောင်းသားများ အ‌နေ ဖြင့် မိမိတို့၏ ရိုးရာယဉ်‌ကျေးမှုများကို လူမျိုးတစ်မျိုးနှင့်တစ်မျိုး အပြန်အလှန် ယဉ်‌ကျေးမှုဖလှယ်နိုင်သည့် အခွင့်အ‌ရေးမျိုးကို ရရှိ‌အောင် ပညာ‌ရေးနှင့် ဖွံ့ဖြိုးတိုးတက်‌ရေး‌ဖောင်‌ဒေးရှင်း(FED)မှ ယခုလို စီစဉ် ‌ပေးခြင်းဖြစ် သည်ဟု CDC၏ ဒု‌ကျောင်းအုပ် ‌စောမျိုးညွန့်က ‌ပြောသည်။

၎င်းက “အရင်နှစ်‌တွေဆုို အ‌မေများ‌နေ့မှာ အ‌မေ‌တွေကုို ကန်‌တော့တယ်။ သီချင်းဆုိုတယ်၊ ဒီ‌လောက်ပဲ။ ဒီနှစ်မှာဒီလုိုပွဲကုို အ‌မေများ‌နေ့နဲ့တွဲလုုပ်ဖြစ်တာက စုုစုုစည်းစည်းနဲ့ အ‌မေ‌တွေလည်း ဒါ‌တွေကုို‌လေ့လာ လုို့ရ‌အောင်‌ပေါ့‌နော်။ ‌ကျောင်းမှာက တိုင်းရင်းသားစုံစုံလင်လင်ရှိတယ်။ အဲ့ဒါ တိုင်းရင်းသား တစ်စုနဲ့ တစ်စုပြန်လည်သိရှိ‌အောင်‌ပေါ့။ ဒါက စာထဲမှာသင်တာမျိုး မဟုတ်ပဲနဲ့ အပြင်မှာလည်း ဗဟုသုတအ‌နေနဲ့ သူတို့‌လေ့လာလို့ရ‌အောင်စီစဉ်‌ပေးတာဖြစ်ပါတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ပြုလုပ်သည့် အ‌မေများ‌နေ့ ဂုဏ်ပြုပွဲတွင် ‌ကျောင်းသူ၊ ‌ကျောင်းသားများမှ ၎င်းတို့၏မိခင်များကို ကန်‌တော့ခြင်း၊ ဂုဏ်ပြုအမှတ်တရ စကား‌ပြောကြားခြင်းအပြင် ကချင်၊ ကရင်၊ ကရင်နီ၊ ချင်း၊ မွန်၊ ရခိုင်၊ ဗမာ နှင့်ရှမ်းတိုင်းရင်းသားများ၏ ရိုးရာအစားအ‌သောက်များ‌ရောင်းချခြင်း၊ ဆင်းသက်ပုံသမိုင်း‌ကြောင်းပါ လက်ကမ်းစာ‌စောင်များ‌ဝေငှခြင်း၊ ယဉ်‌ကျေးမှုပစ္စည်းကို ပြသခြင်းနှင့်‌ကျောင်းသူ၊ ‌ကျောင်းသားများအား တိုင်းရင်းသားများနှင့်သက်ဆိုင်သည့် အ‌မေးအ‌ဖြေများ ‌မေးမြန်းခြင်း၊ အမှတ်တရလက်‌ဆောင်‌ပေးခြင်းစသည့် အစီအစဉ်များ ပါဝင်ခဲ့သည်။

အခမ်းအနားကို စီစဉ်‌ပေးသည့် (FED)၏ လူမှုဆက်ဆံ‌ရေး တာဝန်ခံ စိုင်း‌အောင်ထွန်းက “ ဒီထိုင်း-မြန်မာ နယ်စပ်ကို ‌ရွှေ့‌ပြောင်းလာတဲ့ တိုင်းရင်းသားက‌လေးငယ်‌တွေအ‌နေနဲ့ ကိုယ့်တိုင်းရင်းသားအချင်းချင်းကြား ယဉ်‌ကျေးမှု‌တွေကို နားလည်‌အောင်နဲ့ အနာဂတ်မှာသူတို့ရဲ့ ရိုးရာ‌တွေ၊ ဓ‌လေ့‌တွေကို ထိန်းသိမ်းသွား‌စေဖို့ နဲ့ ‌ကျောင်းဆရာ၊ ဆရာမ‌တွေအ‌နေနဲ့လည်း အ‌ထွေ‌ထွေဗဟုသုတ ဘာသာရပ်တစ်ခုအ‌နေနဲ့ သင်ကြား‌ပေးနိုင်ဖို့ အတွက်ဖြစ်တယ် ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့ပြုလုပ်သည့် အ‌မေများ‌နေ့ဂုဏ်ပြုပွဲအစီအစဉ်ကို CDC အထက်တန်း‌ကျောင်းတွင် ပညာသင်ယူ‌နေသည့် ‌ကျောင်းသူ၊ ‌ကျောင်းသား ၈၀ဝ ‌ကျော်အတွက် မူကြိုမှ ဆဌမတန်းအထိ ‌ကျောင်းသူ ၊ ‌ကျောင်းသားများကို နံနက်ပိုင်းတွင် အစီအစဉ်များပြုလုပ်‌ပေးပြီး သတ္တမတန်းမှ တစ်ဆယ့်နှစ်တန်း ‌ကျောင်းသူ၊‌ကျောင်းသားများကို ‌နေ့လည်ပိုင်းမှ အခမ်းအနား အစီအစဉ်များကိုခွဲ၍ပြုလုပ်‌ပေးသည်။

CDC ‌ကျောင်း၏ သတ္တမတန်း‌ကျောင်းသူ ကချင်တိုင်းရင်းသူဖြစ်သည့် ‌နေလက်လွန်း က “သမီးက ကချင်ပြည်မှာ စစ်ဖြစ်လို့ ဒီကို‌ရောက်လာတာပါ။ ဒီ‌နေ့အတွက်အရမ်း‌ပျော်မိတယ်။ ကိုယ့်လူမျိုးကိုလည်း သူများ‌တွေကိုသိခွင့်‌ပေးရသလို လူမျိုးတစ်မျိုးနဲ့တစ်မျိုးအကြား ယဉ်‌ကျေးမှု‌တွေကို ရင်းရင်းနှီးနှီး ဆုံ‌တွေ့ခွင့်ရတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နတ်ရွာစံ ကံ‌တော်ကုန်ခဲ့ပြီးဖြစ်သည့် ထိုင်းဘုရင်မင်းမြတ် ဘူမိ‌ဘောအဒူယာဒက် (Bhumibol Adulyadej)၏ မိဖုရား Sirikit ဖွားမြင်သည့် ၁၉၃၂ခုနှစ်၊
ဩဂုတ်လ ၁၂ ရက်‌နေ့ကို ထိုင်းနိုင်ငံ၏ အ‌မေများ‌နေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။

ထို‌နေ့ကို ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ အစိုးရ စာသင်‌ကျောင်းများအပြင် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများတွင်လည်း နှစ်စဉ် ဂုဏ်ပြုကျင်းပလျက်ရှိပြီး မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းမှ တိုင်းရင်းသားရိုးရာနှီး‌နှောဖလှယ်ပွဲဖြင့် ယခုလို ဂုဏ်ပြုကျင်းပမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။