Home သတင်း ကျိုက်ထို ‌တောင်‌ပေါ်‌ဒေသတွင် ယခုနှစ် ဓညင်းသီးအထွက်နည်း၍ ‌ဒေသခံများ ဝင်‌ငွေထိခိုက်

ကျိုက်ထို ‌တောင်‌ပေါ်‌ဒေသတွင် ယခုနှစ် ဓညင်းသီးအထွက်နည်း၍ ‌ဒေသခံများ ဝင်‌ငွေထိခိုက်

3019

ဩဂုတ် ၁ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ‌တောင်‌ပေါ်‌ဒေသများ၌် မိုးရာသီအတွင်း ယခင်နှစ်များက ဓညင်းသီးအထွက်များ‌သော်လည်း ယခုနှစ် အထွက်နည်းသည့်အတွက် နှစ်စဉ်ရ‌နေသည့် ပုံမှန်ဝင်‌ငွေမှာ ထိခိုက်လျှက်ရှိသည်ဟု ဇူလိုင် ၃၁ ရက်‌နေ့က ‌ဒေသခံများက ‌ပြောသည်။

အဆိုပါ ‌ဒေသရှိ ‌ချောသိုခီး(‌ကျောက်ဖျာ)၊ ကပယ်ခီး၊ ‌နော့လားခီး၊ မယ်‌လေးခီးနှင့် ပလိုခီး စသည့် ‌ကျေးရွာ အုပ်စုများ အတွင်း ‌တောင်‌ပေါ်ဓညင်းခြံများသည် ယခုနှစ် ဇူလိုင်နှင့် ဩဂုတ်လတွင် အသီးမသီး‌တော့သဖြင့် ‌ဒေသခံများအတွက် ဝင်‌ငွေထိခိုက်ရခြင်းအ‌ကြောင်းကို ‌ချောသိုခီး‌ကျေးရွာ ဓင်းခြံပိုင်ရှင်ဖြစ်သူ ‌စောလုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“အရင်နှစ်ကဆိုရင် လက်‌ကောက်ဝတ်‌လောက် အပင်ထိ သီးကြတာပါ။ ဒီနှစ်‌တော့ ဒီမှာ ဒူးရင်း‌တော့ သီးတယ်။ ဒါ‌ပေမယ့် ဓညင်းက သိပ်မသီး‌တော့ ဓညင်းခြံပဲ ရှိတဲ့သူက ပိုအထိနာတာ‌ပေါ့။ ပုံမှန်ရရှိမယ့် ဝင်‌ငွေတစ်ဝက်‌လောက် ထိခိုက်သွားတာ ‌ပေါ့”ဟု ‌စောလုက ‌ပြောဆိုသည်။

ယခင်နှစ် ဓညင်းသီး‌ဈေးမှာ အခွံပါပါက တစ်တင်းလျှင် ၁၅၀၀၀(တစ်‌သောင်းငါး‌ထောင်)ကျပ်၊ အခွံခွါပြီးသား ‌ဈေးမှာ တစ်တင်းလျှင် ကျပ် ၃၀၀၀ဝ (သုံး‌သောင်း)‌ကျော်ဖြင့် ကျိုက်ထိုနှင့် သိမ်ဇရပ်မြို့များမှ ‌ဖောက်သည်များက လာ‌ရောက်ဝယ်ယူကြခြင်းဖြစ်ပြီး ယခုရာသီတွင် ဓညင်းမသီးသဖြင့် ဝါးခုတ်‌ရောင်းခြင်း၊ မျှစ်ချိုး‌ရောင်းခြင်း၊ ဒူးရင်းသီး အသယ်အပို့ အငှားလိုက်ခြင်းနှင့် ကြုံရာကျဘမ်း လုပ်‌နေကြရသည်ဟု ‌ဒေသများအဆိုအရ သိရသည်။

ကျိုက်ထိုမြို့နယ် ‌တောင်‌ပေါ်‌ဒေသအ‌ခြေစိုက် ‌နေထိုင်သည့် ‌ဒေသခံများမှာ အသက်‌မွေးဝမ်း‌ကျောင်းအဖြစ် ‌တောင်ယာလုပ် ငန်းအပါအဝင် ရာသီအလိုက် ထွက်ရှိသည့် ဒူးရင်းသီး လုပ်ငန်း၊ ဆယ့်နှစ်ရာသီလုံး ထွက်ရှိသည့် ကွမ်းရွက်လုပ်ငန်းအပြင် ဓညင်းသီးလုပ်ငန်းလည်း အဓိက ပါဝင်‌နေခြင်းဖြစ်သည်။

‌ချောင်းသိုခီး‌ကျေးရွာအုပ်ချုပ်‌ရေးမှူးဖြစ်သူ ‌စောဘကြီးက “ကျ‌နော်တို့‌ဒေသမှာ ဓညင်းဆိုရင် ရွာသူရွာသားအားလုံးလိုလို စိုက်ပျိုးကြတာပါ။ ကျ‌နော်ဆိုရင် တစ်ပင်မှ မသီးဘူး။ တချို့သူ‌တွေ နှစ်ပင်စ၊ သုံးပင်စ သီးတာ ရှိတယ်။ အသီး တအားနည်း ‌တော့ ‌ရောင်းလို့မရဘူး။ ဒါ‌ကြောင့် စားဝတ်‌နေ‌ရေးက‌တော့ အရင်နှစ်ထက် ပိုကြပ်တည်းမယ်‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကျိုက်ထိုမြို့နယ်အတွင်း ‌တောင်‌ပေါ်‌ဒေသအ‌ခြေစိုက် ‌ဒေသခံများသည် ဓညင်းပင်များကို တစ်ဧကမှ ဧက ဆယ်ဂဏန်းအ ထိ ပိုင်ဆိုင်‌နေကြသူများရှိပြီး ယခင်နှစ်များအတွင်း ယင်းကဲ့သို့ ဓညင်းမသီးသည့် ရာသီမရှိခဲ့ဖူး‌ကြောင်း ‌ဒေသခံများက ဆိုသည်။