Home သတင်း ကရင်ပြည်နယ်အတွင်း AH1N1 ‌ရောဂါ သံသယရှိသူ ၁၂ ဦးအနက် တစ်ဦး‌သေဆုံး‌ကြောင်း ပြည်နယ်‌ဆေးရုံအုပ် အတည်ပြု‌ပြောကြား

ကရင်ပြည်နယ်အတွင်း AH1N1 ‌ရောဂါ သံသယရှိသူ ၁၂ ဦးအနက် တစ်ဦး‌သေဆုံး‌ကြောင်း ပြည်နယ်‌ဆေးရုံအုပ် အတည်ပြု‌ပြောကြား

2018

ဩဂုတ် ၁၅ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်အတွင်း ပြင်းထန်အဆုတ်‌ရောင် ‌ရောဂါ AH1N1 ‌ရောဂါ သံသယရှိသူ ၁၂ ဦးနှင့် AH1N1‌ရောဂါ အတည်ပြုလူနာ ၂ ဦးရှိ‌ကြောင်း ကရင်ပြည်နယ် ပြည်သူ့‌ဆေးရုံကြီး ‌ဆေးရုံအုပ်ကြီးမှ ဩဂုတ်လ ၁၅ ရက်‌နေ့တွင် အတည်ပြု‌ပြောကြားသည်။

အဆိုပါ ‌ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ယ‌နေ့ ပြည်နယ်ပြည်သူ‌ဆေးရုံကြီးတွင် ပြုလုပ်သည့်သတင်းစာရှင်း လင်းပွဲတွင် ကရင်ပြည်နယ် ပြည်သူ့‌ဆေးရုံကြီးမှ ‌ဆေးရုံအုပ် ‌ဒေါက်တာ ‌ကျော်မြင့်က ယခုလိုအတည်ပြု‌ပြော ကြားလိုက်ခြင်းဖြစ်သည်။

၎င်းက “ ပြည်နယ်တစ်ခုလုံးအတိုင်းအတာအရဆိုရင် ကျ‌နော်တို့ ဖားအံပြည်သူ့‌ဆေးရုံကြီးမှာ ၁၁ ဦး၊ မြဝတီမှာ ၁ ဦး စုစု‌ပေါင်း ၁၂ ဦး‌ပေါ့။ လက်ရှိအ‌ခြေအ‌နေအရ ကျ‌နော်တို့‌ဆေးရုံမှာ ‌ရောဂါအတည်ပြုသူ ၂ ဦးရှိပါတယ်။ တစ်ဦးက ‌သေဆုံးသွားတဲ့ မယွန်းပပလှိုင်ဖြစ်ပြီး‌နောက်တစ်ဦးက ဦးဇင်းတစ်ပါးဖြစ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောဆိုသည်။

အမျိုးသားဓာတ်ခွဲခန်းဌာနမှ AH1N1 ‌ရောဂါ အတည်ပြုဖြင့် ‌သေဆုံးသွားသူ မယွန်းပပလှိုင်မှာ ဩဂုတ်လ ၁၁ ရက်‌နေ့ ဖားအံ‌ဆေးရုံတွင် ‌ဆေးတက်‌ရောက်ကုသခံယူ‌နေစဉ် ၎င်း‌နေ့နံနက် ၁၁ နာရီခွဲတွင် ‌သေဆုံးသွား ခဲ့ခြင်းဖြစ်ပြီး အလားတူ AH1N1 ‌ရောဂါ အတည်ပြုဖြင့် အသက် ၁၈ နှစ်အရွယ် ရှင်ပညာဝံသမှာ ‌ရောဂါသက်သာ‌နေ ပြီဖြစ်‌ကြောင်း ၎င်းက ဆက်လက်‌ပြောဆိုသည်။

လက်ရှိတွင် အဆိုပါ ‌ရောဂါဖြင့်သံသယရှိသူများအပါအဝင် ‌သေဆုံးသွားသူမိသားစုဝင်များ၏ ‌ဆေးစစ်ချက် များကို အမျိုးသားဓာတ်ခွဲခန်းဌာနသို့ပို့‌ဆောင်ထားဆဲဖြစ်သည့်အပြင် ၎င်းတို့ကို ပြည်နယ်ပြည်သူ့‌ဆေးရုံကြီးတွင် ကျန်းမာ‌ရေး ‌စောင့် ‌ရှောက်မှုများ‌ပေး‌နေ‌ကြောင်းလည်း သိရသည်။

ထို့အတူ ‌ရောဂါကြိုတင်ကာကွယ်‌ရေးနှင့် ကုသ‌ရေးအတွက် အသိပညာ‌ရေးလုပ်ငန်း များကို မြို့နယ်အလိုက် လုပ်‌ဆောင်‌နေပြီး ပြည်နယ်ပြည်သူ့‌ဆေးရုံအပြင် ကရင်ပြည်နယ် မြို့နယ် ၇ မြို့နယ်တွင် ‌ရောဂါကုသနိုင် သည့်အ‌ရေး‌ပေါ်‌ဆေးဝါးများကြိုတင်ပြင်ဆင်ထား‌ကြောင်းလည်း ‌ဆေးရုံအုပ်ကြီးမှ ‌ပြောဆိုသည်။

AH1N1 မှာ အသက်ရှူလမ်း‌ကြောင်းမှတစ်ဆင့် ကူးစက်တတ်‌သော‌ရောဂါဖြစ်ပြီး ကိုယ်အပူချိန် ၃၈’C အထက်ရှိခြင်း၊ နှာရည်ယို၊ နှာ‌ချေခြင်း၊ ‌ချောင်း‌ခြောက်ဆိုးခြင်း၊ လည်‌ချောင်းနာခြင်း၊ ‌ခေါင်းကိုက်ခြင်း၊ ကိုယ် လက်ကိုက်ခဲခြင်း၊ နုံး‌ခွေခြင်းစသည့် လက္ခဏာများဖြစ်‌ပေါ်ပါက နီးစပ်ရာကျန်းမာ‌ရေးဌာန၊ ‌ဆေးရုံ၊ ‌ဆေးခန်းများတွင် သတင်းပို့ပြီး တက်‌ရောက်‌ဆေးကုသမှုခံယူရန် လိုအပ်‌ကြောင်း ကျန်းမာ‌ရေး နှင့်အားကစားဝန်ကြီးဌာနက တိုက်တွန်းနှိုး‌ဆော် ထားသည်။

ဖားအံ‌ဆေးရုံအ‌ထွေ‌ထွေ‌ရောဂါ ကုသမား‌တော် ‌ဒေါက်တာ ‌ဒေါ်ဝင်းဝင်မြင့်က “ လူထုက အရမ်းလန့်‌နေကြတယ်‌ပေါ့‌နော်။ ဒီ‌ရောဂါကကိုယ်ခံအား နဲ့လည်း သက်ဆိုင်ပါတယ်။ အ‌ရေးမကြီးဘူးလားဆို‌တော့ အ‌ရေးကြီးပါတယ်။ ဘယ်သူ‌တွေ အ‌ရေးကြီးလဲဆို‌တော့နာတာရှည်‌ရောဂါခံစား‌နေရတဲ့သူ‌တွေအတွက် ပိုအ‌ရေးကြီးပါတယ်။ အနားယူရမယ်။ လတ်ဆတ်ပြီး အာဟာရပြည့်‌အောင်စားသုံးဖို့လိုပါမယ်။ ‌နောက်ပြီး ‌ရောဂါနဲ့ပတ်သက်တဲ့ ကျန်းမာ‌ရေး အသိပညာ‌ပေးမှု‌တွေကို ‌သေချာစွာလိုက်နာ ကျင့်သုံးဖို့လိုအပ်ပါမယ်”ဟု အသိပညာ‌ပေး ‌ပြောဆိုသည်။

ကရင်ပြည်နယ်အတွင်း ဖြစ်‌ပေါ်‌နေသည့် ‌ရောဂါနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်‌နေ့မှစတင်ကာ ပြည်နယ်အတွင်းရှိ ပုဂ္ဂလိက အ‌ထွေ‌ထွေ‌ရောဂါကု‌ဆေးရုံ ‌ဆေးခန်းများ အားညွှန်ကြားထားသလို ၎င်းတို့ထံမှ တစ်‌နေ့လျှင် ၂ ကြိမ်‌နေ့စဉ် Report များ ရယူထားပြီး လက်ရှိအချိန်အထိ အဆိုပါ အပြင်ပုဂ္ဂလိက‌ဆေးရုံ ‌ဆေးခန်းများမှ AH1N1 ‌ရောဂါ သံသယရှိလူနာ‌တွေ့ရှိခြင်းမရှိ‌သေး‌ကြောင်းလည်း ‌ဆေးရုံတာ ဝန်ရှိသူများက ‌ပြောဆိုသည်။